ပြည်သူလူထုမပါဘဲနှင့် တရားဥပဒေစိုးမိုးရေးလုပ်လို့မရဟု ပြည်ထဲရေးဝန်ကြီးသစ် ဆို

ပြည်သူလူထုမပါဘဲနှင့် တရားဥပဒေစိုးမိုးရေးလုပ်လို့မရဟု ပြည်ထဲရေးဝန်ကြီးသစ် ဆို

တရားဥပဒေစိုးမိုးရေးသည် အဓိကကျပြီး၊ တရားဥပဒေစိုးမိုးရေးသည် စိန်ခေါ်မှုဖြစ်သဖြင့် ပြည်သူလူထုမပါဘဲနှင့် တရားဥပဒေစိုးမိုးရေးဆိုတာ လုပ်လို့မရဟု ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီးသစ်ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်မှ ပြောကြားခဲ့ပါတယ်။

ယနေ့ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊အဋ္ဌမနေ့အစီအစဉ်တွင် ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီးသစ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်မှပြည်ထောင်စုလွှတ်တော် နာယကရှေ့မှောက်တွင် ကတိသစ္စာခံယူခဲ့အပြီးတွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

"တရားဥပဒေစိုးမိုးရေးကတော့ အဓိကစိန်ခေါ်မှုပေါ့၊အဲ့ဒါကို ကိုယ်တို့က သေချာလုပ်ရမှာပေါ့။ကိုယ်တို့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးက အဓိကအရေးကြီးတယ်၊ ပြည်သူလူထုမပါဘဲနဲ့တော့ တရားဥပဒေစိုးမိုးရေးဆိုတာ လုပ်လို့မရဘူး၊ အားလုံးဝိုင်းဝန်းလုပ်ကျရမယ်" ဟု ပြည်ထဲရေးဝန်ကြီးမှ ပြောပါတယ်။

ယင်းအပြင် သတင်းထောက်များမှ အခုပြည်ထဲရေးတွင် အမှုတွေများနေသည်ကို မည်သို့ဆောင်ရွက်သွားရန် စီစဉ်ထားပါလဲဟု မေးမြန်းမှုအပေါ် အမှုဆိုတာကရှိမှာဘဲလေ အမှုရှိတာကို တို့ကရအောင် ဖော်ထုတ်ရမှာပေါ့၊ ဟိုတစ်နေ့က ရန်ကုန်မှာဖြစ်သွားတဲ့ ဘဏ်အမှုဆိုလို့ရှိရင် ဒါဖော်ထုတ်နိုင်တယ်ပေါ့၊ ဒါရဲကစွမ်းဆောင်နိုင်တာပါဘဲ၊ ရဲစွမ်းဆောင်နိုင်သလိုဘဲ အမှုတစ်ခုဖြစ်လာတယ်ဆိုရင် ရဲတစ်ယောက်ထဲ လုပ်လို့ရတာမဟုတ်ဘူး၊ ရဲတစ်ဖွဲ့ထဲ လုပ်လို့ရတာမဟုတ်ဘူး ပြည်သူလူထုပါ ဝိုင်းဝန်းကူညီဆောင်ရွက်မှရတာ အမှုတစ်ခုဖြစ်တိုင်း ဖော်ထုတ်ဖို့ဆိုတာ ရဲမှာဘဲတာဝန်ရှိတယ် လုံခြုံရေးလုပ်တဲ့သူဆီမှာ တာဝန်ရှိတာဆိုတာ မဟုတ်ဘူး ပြည်သူလူထုအားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြမှ ဖော်ထုတ်လို့ရမှာ၊ ရန်ကုန်မှာဖြစ်သွားတဲ့ကိစ္စဆိုရင် အကုန်လုံးဝိုင်းပြီး ဆောင်ရွက်ကြတာ၊ ဘဏ်ကဝန်ထမ်းတွေကလည်း အရင်က သူတို့ဆီမှာလာတဲ့ဟာကိုသိတယ်၊ သူတို့ကိုယ်တိုင်က ပြောပြတယ်၊ အရင်က ဘဏ်မှာငွေသွင်းလုပ်သွားတယ်ဆိုတာသိတယ်၊ ဒီအပေါ်မှာ ရဲကိုပြောတယ်။ရဲကလိုက်လံစုံစမ်းတယ်၊ ဆိုလိုတာက ပြည်သူလူထုမပါဘဲနဲ့တော့ တရားဥပဒေစိုးမိုးရေးဆိုတာ လုပ်လို့မရဘူး၊အားလုံးဝိုင်းဝန်းလုပ်ကြရမယ်၊ အမှုတစ်ခုတည်ဆောက်တယ်ဆိုတာက အစကောင်းမှ အနှောင်းသေချာဆိုသလို အစကောင်းဖို့လိုတယ် အစကောင်းအောင်လုပ်ရမယ် အစကောင်းအောင်လုပ်တဲ့အခါမှာ သေချာအမှုတည်ဆောက်နိုင်လို့ရှိရင် ဘာမှမဖြစ်မှာမဟုတ်ပါဘူး၊ ဘယ်အမှုဖြစ်ဖြစ် အုံဖွဆိုပြီးဆက်ချင်းဖော်ထုတ်နိုင်တာမဟုတ်ဘူး ကြိုးစားဆောင်ရွက်ကျမှရမှာပါ ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်မှ ပြောကြားခဲ့ပါတယ်။

KO
နေပြည်တော်၊ ဖေဖေါ်ဝါရီ - ၁၃

( Zawgyi )
တရားဥပေဒစိုးမိုးေရးသည္ အဓိကက်ၿပီး၊ တရားဥပေဒစိုးမိုးေရးသည္ စိန္ေခၚမႈျဖစ္သျဖင့္ ျပည္သူလူထုမပါဘဲႏွင့္ တရားဥပေဒစိုးမိုးေရးဆိုတာ လုပ္လို႔မရဟု ျပည္ထဲေရး ျပည္ေထာင္စုဝန္ႀကီးသစ္ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္မွ ေျပာၾကားခဲ့ပါတယ္။

ယေန႔ျပဳလုပ္သည့္ ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ (၁၅) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး၊အ႒မေန႔အစီအစဥ္တြင္ ျပည္ထဲေရး ျပည္ေထာင္စုဝန္ႀကီးသစ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္မွျပည္ေထာင္စုလႊတ္ေတာ္ နာယကေရွ႕ေမွာက္တြင္ ကတိသစၥာခံယူခဲ့အၿပီးတြင္ သတင္းေထာက္မ်ားႏွင့္ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

"တရားဥပေဒစိုးမိုးေရးကေတာ့ အဓိကစိန္ေခၚမႈေပါ့၊အဲ့ဒါကို ကိုယ္တို႔က ေသခ်ာလုပ္ရမွာေပါ့။ကိုယ္တို႔ႏိုင္ငံမွာ တရားဥပေဒစိုးမိုးေရးက အဓိကအေရးႀကီးတယ္၊ ျပည္သူလူထုမပါဘဲနဲ႔ေတာ့ တရားဥပေဒစိုးမိုးေရးဆိုတာ လုပ္လို႔မရဘူး၊ အားလုံးဝိုင္းဝန္းလုပ္က်ရမယ္" ဟု ျပည္ထဲေရးဝန္ႀကီးမွ ေျပာပါတယ္။

ယင္းအျပင္ သတင္းေထာက္မ်ားမွ အခုျပည္ထဲေရးတြင္ အမႈေတြမ်ားေနသည္ကို မည္သို႔ေဆာင္႐ြက္သြားရန္ စီစဥ္ထားပါလဲဟု ေမးျမန္းမႈအေပၚ အမႈဆိုတာကရွိမွာဘဲေလ အမႈရွိတာကို တို႔ကရေအာင္ ေဖာ္ထုတ္ရမွာေပါ့၊ ဟိုတစ္ေန႔က ရန္ကုန္မွာျဖစ္သြားတဲ့ ဘဏ္အမႈဆိုလို႔ရွိရင္ ဒါေဖာ္ထုတ္ႏိုင္တယ္ေပါ့၊ ဒါရဲကစြမ္းေဆာင္ႏိုင္တာပါဘဲ၊ ရဲစြမ္းေဆာင္ႏိုင္သလိုဘဲ အမႈတစ္ခုျဖစ္လာတယ္ဆိုရင္ ရဲတစ္ေယာက္ထဲ လုပ္လို႔ရတာမဟုတ္ဘူး၊ ရဲတစ္ဖြဲ႕ထဲ လုပ္လို႔ရတာမဟုတ္ဘူး ျပည္သူလူထုပါ ဝိုင္းဝန္းကူညီေဆာင္႐ြက္မွရတာ အမႈတစ္ခုျဖစ္တိုင္း ေဖာ္ထုတ္ဖို႔ဆိုတာ ရဲမွာဘဲတာဝန္ရွိတယ္ လုံၿခဳံေရးလုပ္တဲ့သူဆီမွာ တာဝန္ရွိတာဆိုတာ မဟုတ္ဘူး ျပည္သူလူထုအားလုံးက ဝိုင္းဝန္းေဆာင္႐ြက္ၾကမွ ေဖာ္ထုတ္လို႔ရမွာ၊ ရန္ကုန္မွာျဖစ္သြားတဲ့ကိစၥဆိုရင္ အကုန္လုံးဝိုင္းၿပီး ေဆာင္႐ြက္ၾကတာ၊ ဘဏ္ကဝန္ထမ္းေတြကလည္း အရင္က သူတို႔ဆီမွာလာတဲ့ဟာကိုသိတယ္၊ သူတို႔ကိုယ္တိုင္က ေျပာျပတယ္၊ အရင္က ဘဏ္မွာေငြသြင္းလုပ္သြားတယ္ဆိုတာသိတယ္၊ ဒီအေပၚမွာ ရဲကိုေျပာတယ္။ရဲကလိုက္လံစုံစမ္းတယ္၊ ဆိုလိုတာက ျပည္သူလူထုမပါဘဲနဲ႔ေတာ့ တရားဥပေဒစိုးမိုးေရးဆိုတာ လုပ္လို႔မရဘူး၊အားလုံးဝိုင္းဝန္းလုပ္ၾကရမယ္၊ အမႈတစ္ခုတည္ေဆာက္တယ္ဆိုတာက အစေကာင္းမွ အေႏွာင္းေသခ်ာဆိုသလို အစေကာင္းဖို႔လိုတယ္ အစေကာင္းေအာင္လုပ္ရမယ္ အစေကာင္းေအာင္လုပ္တဲ့အခါမွာ ေသခ်ာအမႈတည္ေဆာက္ႏိုင္လို႔ရွိရင္ ဘာမွမျဖစ္မွာမဟုတ္ပါဘူး၊ ဘယ္အမႈျဖစ္ျဖစ္ အုံဖြဆိုၿပီးဆက္ခ်င္းေဖာ္ထုတ္ႏိုင္တာမဟုတ္ဘူး ႀကိဳးစားေဆာင္႐ြက္က်မွရမွာပါ ႀကိဳးစားေဆာင္႐ြက္သြားမွာျဖစ္ပါတယ္" ဟု ျပည္ထဲေရးဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္မွ ေျပာၾကားခဲ့ပါတယ္။

KO
ေနျပည္ေတာ္၊ ေဖေဖၚဝါရီ - ၁၃