ပြည်သူလူထုအားလုံးမပါဘဲနှင့် ဘယ်လုပ်ငန်းမှ မအောင်မြင်နိုင်၊မတိုးတက်နိုင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ပြည်သူလူထုအားလုံးမပါဘဲနှင့် ဘယ်လုပ်ငန်းမှ မအောင်မြင်နိုင်၊မတိုးတက်နိုင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ပြည်သူလူထုမပါဘဲနှင့် ဘယ်လုပ်ငန်းမှ မအောင်မြင်နိုင်၊မတိုးတက်နိုင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့နံနက်ပိုင်းက နေပြည်တော် MICC-2 မှာ ကျင်းပပြုလုပ်တဲ့ ကုန်သည် စက်မှုအသင်းချုပ်နှစ်(၁၀၀)ပြည့် အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

“နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ပြုပြင်ပြောင်းလဲမှု၊ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်မြန် မာစီးပွားရေး လုပ်ငန်းများ နိုင်ငံတကာ သို့ဖြန့်ကျက်ရေး တို့မှာ အစိုးရနှင့်ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုမရှိရင်မဖြစ်တဲ့အတွက် (UMFCCI) က ပုဂ္ဂလိက ကဏ္ဍကို ဆက်လက် ဦးဆောင်တာဝန်ယူသွားဖို့မျှော်လင့်ပါတယ်။ အစိုးရအနေနဲ့ ပုဂ္ဂလိကဘဲပြောပြော၊ဘယ်လိုပြောပြော နောက်ဆုံးတော့ ပြည်သူလူထုအားလုံးဟာ ဘယ်လုပ်ငန်း မဆို ပြည်သူလူထု အားလုံးမပါဘဲနဲ့ မအောင်မြင်နိုင်ပါဘူး မတိုးတက်နိုင်ပါဘူး။ ဒါကြောင့် UMFCCI က တစ်နိုင်ငံလုံးနိုင်ငံသူနိုင်ငံသားများ အားလုံး၊နိုင်ငံအတွင်း မှီတင်းနေထိုင်သူ အားလုံး တိုးတက်ဖွံ့ဖြိုးရေး အတွက် ဆက်လက်ကြိုးစားသွား မယ်ဆိုတာ ယုံကြည်ပါတယ်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှပြောကြားခဲ့ပါတယ်။

နိုင်ငံတစ်ခုစီးပွားရေးဖွံဖြိုးတိုတက်ဖို့အတွက်ကဏ္ဍစုံ၏မျော်လင့်ချက်တွေ ချမှတ်ပြီးဆောင်ရွက်ရာတွင် ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ်၊ အခြေခံအဆောက်အအုံတွေ လိုအပ်ပါကြောင်း၊ ယင်းသို့ လိုအပ်ချက်တွေကို မိမိနိုင်ငံ၏ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ(၂)ရပ် စလုံး ပူးပေါင်းပြီး အကောင်အထည်ဖော် ဖြည့်ဆည်းရာမှာ အကန့်အသတ်တွေ ရှိနေ ပါကြောင်း၊ အထူးသဖြင့်မိမိတို့လိုဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနနှင့်အရင်းအနှီးနှင့်နည်း ပညာပိုင်းတွင် လိုအပ်ချက်တွေများ ပါကြောင်း၊ သည့်အတွက် နည်းပညာနှင့်ရင်းနှီးမြုတ်နှံမှုများကိုနိုင်ငံအသီးသီးမှအပြိုင်အဆိုင်ဖိတ်ခေါ်နေတာအားလုံးအသိဖြစ်ပါကြောင်း၊၂၀၁၉ခုနှစ်၊အောက်တိုဘာလ(၂၄)ရက်နေ့တွင်ထုတ် ပြန်ခဲ့သည့်ကမ္ဘာ့ဘဏ်၏ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန် လွယ်ကူမှု(၂၀၂၀) အစီရင်ခံစာ တွင် မြန်မာနိုင်ငံ၏ ရမှတ်(၄၆.၈)ရရှိခဲ့ပြီးယခင်နှစ်ရမှတ်(၄၃.၅)ထက်ပျှမ်းမျှရမှတ်(၃.၃)တိုးတက်ရရှိခဲ့ပြီးယခင်နှစ်ရရှိခဲ့သည့်အဆင့် (၁၇၁) မှအဆင့်(၆)ဆင့်တိုးတက်လာခဲ့ပါကြောင်း၊စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန်လွယ်ကူအောင်ပြုပြင် ပြောင်းလဲမှု များဆောင်ရွက်ရာတွင် တိုးတက်မှုအကောင်းဆုံးနိုင်ငံ(၂၀) တွင်မြန်မာနိုင်ငံပါခဲ့သည့်အတွက်ထူးခြားသည့် အောင်မြင်မှု ရလဒ်ကောင်း တစ်ခုဟုဆို နိုင်ပါ ကြောင်း၊ယင်းအောင်မြင်မှုမှာအစိုးရနှင့်ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု၏ရလဒ်တစ်ခုဖြစ်ပါကြောင်း၊မိမိတို့အနေနှင့်ရလဒ်ကောင်းများကိုဆက်လက်ထိမ်းသိမ်းထားပြီး၊မြန်မာနိုင်ငံအတွင်းရှိလုပ်ငန်းကဏ္ဍအသီးသီး၊ပုံစံအသီးသီးတို့တွင်ပိုမိုလွယ်ကူစွာလုပ်ကိုင်ဆောင်ရွက်နိုင်စေရေးအတွက်ဆက်လက်အားစိုက်ကြိုးစားသွားကြဖို့လိုအပ်ပါကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

ယနေ့ကျင်းပသည့်အခမ်းအနားသို့ပြည်ထောင်စုဝန်ကြီးများ၊လွှတ်တော်ဒုတိယဥက္ကဋ္ဌများ၊တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ် များ၊ သံတမန်များ၊နိုင်ငံတကာအဖွဲ့အစည်းများ၊ကုန်သည်စက်မှုအသင်းချုပ်နှင့်ညီနောင် အသင်း ဥက္ကဋ္ဌ များနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ပြည်တွင်ပြည်ပလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါတယ်။

PTG
နေပြည်တော်၊နိုဝင်ဘာ-၂၂ 

(  Zawgyi  )

 ျပည္သူလူထုမပါဘဲႏွင့္ ဘယ္လုပ္ငန္းမွ မေအာင္ျမင္ႏိုင္၊မတိုးတက္ႏိုင္ေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ယေန႔နံနက္ပိုင္းက ေနျပည္ေတာ္ MICC-2 မွာ က်င္းပျပဳလုပ္တဲ့ ကုန္သည္ စက္မႈအသင္းခ်ဳပ္ႏွစ္(၁၀၀)ျပည့္ အခမ္းအနားမွာ ေျပာၾကားခဲ့ပါတယ္။

“ႏိုင္ငံေတာ္စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈ၊ျပဳျပင္ေျပာင္းလဲမႈ၊ဒီဂ်စ္တယ္စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ျမန္ မာစီးပြားေရး လုပ္ငန္းမ်ား ႏိုင္ငံတကာ သို႔ျဖန႔္က်က္ေရး တို႔မွာ အစိုးရႏွင့္ပုဂၢလိကပူးေပါင္းေဆာင္႐ြက္မႈမရွိရင္မျဖစ္တဲ့အတြက္ (UMFCCI) က ပုဂၢလိက က႑ကို ဆက္လက္ ဦးေဆာင္တာဝန္ယူသြားဖို႔ေမွ်ာ္လင့္ပါတယ္။ အစိုးရအေနနဲ႔ ပုဂၢလိကဘဲေျပာေျပာ၊ဘယ္လိုေျပာေျပာ ေနာက္ဆုံးေတာ့ ျပည္သူလူထုအားလုံးဟာ ဘယ္လုပ္ငန္း မဆို ျပည္သူလူထု အားလုံးမပါဘဲနဲ႔ မေအာင္ျမင္ႏိုင္ပါဘူး မတိုးတက္ႏိုင္ပါဘူး။ ဒါေၾကာင့္ UMFCCI က တစ္ႏိုင္ငံလုံးႏိုင္ငံသူႏိုင္ငံသားမ်ား အားလုံး၊ႏိုင္ငံအတြင္း မွီတင္းေနထိုင္သူ အားလုံး တိုးတက္ဖြံ႕ၿဖိဳးေရး အတြက္ ဆက္လက္ႀကိဳးစားသြား မယ္ဆိုတာ ယုံၾကည္ပါတယ္ဟု ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ မွေျပာၾကားခဲ့ပါတယ္။

ႏိုင္ငံတစ္ခုစီးပြားေရးဖြံၿဖိဳးတိုတက္ဖို႔အတြက္က႑စုံ၏ေမ်ာ္လင့္ခ်က္ေတြ ခ်မွတ္ၿပီးေဆာင္႐ြက္ရာတြင္ ေငြေၾကးအရင္းအႏွီး၊ နည္းပညာ၊ လူ႔စြမ္းအားအရင္းအျမစ္၊ အေျခခံအေဆာက္အအုံေတြ လိုအပ္ပါေၾကာင္း၊ ယင္းသို႔ လိုအပ္ခ်က္ေတြကို မိမိႏိုင္ငံ၏ အစိုးရႏွင့္ပုဂၢလိကက႑(၂)ရပ္ စလုံး ပူးေပါင္းၿပီး အေကာင္အထည္ေဖာ္ ျဖည့္ဆည္းရာမွာ အကန႔္အသတ္ေတြ ရွိေန ပါေၾကာင္း၊ အထူးသျဖင့္မိမိတို႔လိုဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြအေနနႏွင့္အရင္းအႏွီးႏွင့္နည္း ပညာပိုင္းတြင္ လိုအပ္ခ်က္ေတြမ်ား ပါေၾကာင္း၊ သည့္အတြက္ နည္းပညာႏွင့္ရင္းႏွီးျမဳတ္ႏွံမႈမ်ားကိုႏိုင္ငံအသီးသီးမွအၿပိဳင္အဆိုင္ဖိတ္ေခၚေနတာအားလုံးအသိျဖစ္ပါေၾကာင္း၊၂၀၁၉ခုႏွစ္၊ေအာက္တိုဘာလ(၂၄)ရက္ေန႔တြင္ထုတ္ ျပန္ခဲ့သည့္ကမာၻ႔ဘဏ္၏ စီးပြားေရး လုပ္ငန္းမ်ား လုပ္ကိုင္ရန္ လြယ္ကူမႈ(၂၀၂၀) အစီရင္ခံစာ တြင္ ျမန္မာႏိုင္ငံ၏ ရမွတ္(၄၆.၈)ရရွိခဲ့ၿပီးယခင္ႏွစ္ရမွတ္(၄၃.၅)ထက္ပွ်မ္းမွ်ရမွတ္(၃.၃)တိုးတက္ရရွိခဲ့ၿပီးယခင္ႏွစ္ရရွိခဲ့သည့္အဆင့္ (၁၇၁) မွအဆင့္(၆)ဆင့္တိုးတက္လာခဲ့ပါေၾကာင္း၊စီးပြားေရးလုပ္ငန္းမ်ားလုပ္ကိုင္ရန္လြယ္ကူေအာင္ျပဳျပင္ ေျပာင္းလဲမႈ မ်ားေဆာင္႐ြက္ရာတြင္ တိုးတက္မႈအေကာင္းဆုံးႏိုင္ငံ(၂၀) တြင္ျမန္မာႏိုင္ငံပါခဲ့သည့္အတြက္ထူးျခားသည့္ ေအာင္ျမင္မႈ ရလဒ္ေကာင္း တစ္ခုဟုဆို ႏိုင္ပါ ေၾကာင္း၊ယင္းေအာင္ျမင္မႈမွာအစိုးရႏွင့္ပုဂၢလိကပူးေပါင္းေဆာင္႐ြက္မႈ၏ရလဒ္တစ္ခုျဖစ္ပါေၾကာင္း၊မိမိတို႔အေနႏွင့္ရလဒ္ေကာင္းမ်ားကိုဆက္လက္ထိမ္းသိမ္းထားၿပီး၊ျမန္မာႏိုင္ငံအတြင္းရွိလုပ္ငန္းက႑အသီးသီး၊ပုံစံအသီးသီးတို႔တြင္ပိုမိုလြယ္ကူစြာလုပ္ကိုင္ေဆာင္႐ြက္ႏိုင္ေစေရးအတြက္ဆက္လက္အားစိုက္ႀကိဳးစားသြားၾကဖို႔လိုအပ္ပါေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ေျပာၾကားခဲ့ပါတယ္။

ယေန႔က်င္းပသည့္အခမ္းအနားသို႔ျပည္ေထာင္စုဝန္ႀကီးမ်ား၊လႊတ္ေတာ္ဒုတိယဥကၠ႒မ်ား၊တိုင္းေဒသႀကီး ျပည္နယ္ဝန္ႀကီးခ်ဳပ္ မ်ား၊ သံတမန္မ်ား၊ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၊ကုန္သည္စက္မႈအသင္းခ်ဳပ္ႏွင့္ညီေနာင္ အသင္း ဥကၠ႒ မ်ားႏွင့္ အဖြဲ႕ဝင္မ်ား ဌာနဆိုင္ရာ တာဝန္ရွိပုဂၢိဳလ္မ်ား၊ျပည္တြင္ျပည္ပလုပ္ငန္းရွင္မ်ား တက္ေရာက္ခဲ့ၾကပါတယ္။

PTG
ေနျပည္ေတာ္၊ႏိုဝင္ဘာ-၂၂