ပြန်ခုခံသဖြင့် သေဆုံးခဲ့သည့် လုယက်သူ ၂ ဦး မသေခင် ၃ ရက်က လုယက်မှုများကျူးလွန်ခဲ့

ပြန်ခုခံသဖြင့် သေဆုံးခဲ့သည့် လုယက်သူ ၂ ဦး  မသေခင် ၃ ရက်က လုယက်မှုများကျူးလွန်ခဲ့

လှိုင်သာယာမြို့နယ်တွင် လုယက်ခံရသူက ပြန်လည်ခုခံသဖြင့် သေဆုံးခဲ့သူ  ၂ ဦးသည် မသေဆုံးမီ ၃ ရက်ခန့်ကလည်း လုယက်မှုများ ကျူးလွန်ခဲ့တယ်လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့် က ပြောပါတယ်။

“ပေါ်ပေါက်ချက်တွေအရ သေသူ ၂ ယောက်က ကိုမျိုးသက်လွင်တို့ အမှုမဖြစ်ခင် လွန်ခဲ့တဲ့ ၃ ရက်မှာ နောက်ထပ် အလားတူ စုံတွဲ ၁ တွဲကို လုယက်မှုဖြစ်ခဲ့တယ်။အဲ့ကလေးတွေက မခုခံဘဲ ပါတာတွေပေးလိုက်ရတဲ့အတွက် အဲ့ ၂ ယောက်က ရဲစခန်းမှာ စစ်ဆေးမှုခံယူပြီးပြီလို့ သိရတယ်။
သေတဲ့ထဲက ၁ယောက်က လုယက်မှု၊ ခိုးမှု ၅ မှုနဲ့ ထောင်ကလွတ်လာတာ ၅ ရက်လောက်ဘဲရှိသေးတယ်” လို့ ကိုမျိုးသက်လွင်ဘက်မှ လိုက်ပါဆောင်ရွက်မည့် ဥပဒေအကြံပေး ဦးခင်မောင်မြင့် က ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၇ နာရီအချိန်ခန့်က လှိုင်သာယာမြို့နယ်၊ ညောင်ရွာကျေးရွာ၊ မောင်ထွန်းလမ်းတွင် ကိုမျိုးသက်လွင်နှင့် ချစ်သူရည်စားတို့ တွေ့ဆုံစကားပြောနေစဉ် လုယက်သူ ၂ ဦး ရောက်ရှိလာပြီး ကိုမျိုးသက်လွင်အား ဓားဖြင့်ထောက်ပြီး လုယက်ခဲ့ကြောင်း၊ ကိုမျိုးသက်လွင်မှ လက်ကိုင်ဖုန်းကိုပေးသော်လည်း ယူဆောင်သွားခြင်းမရှိဘဲ ဓားဖြင့် ခေါင်းအား ၃ ချက်ခုတ်ခဲ့ကြောင်း၊ ကိုမျိုးသက်လွင်၏ ရည်စားဖြစ်သူက အော်ဟစ်အကူအညီတောင်းရာ ရိုက်နှက်ပြီး သားမယားပြုကျင့်ရန်ကြိုးစားခဲ့ရာ ကောင်မလေးက ရုန်းကန်ထွက်ပြေးသွားခဲ့ကြောင်း၊ ကိုမျိုးသက်လွင်နှင့် လုယက်သူ ၂ ဦး လုံးထွေးသတ်ပုတ်ခဲ့ရာ လုယက်သူ ၂ ဦး သေဆုံးသွားခဲ့ကြောင်း သက်သေများကို စစ်ဆေးမှုအရ ပေါ်ပေါက်လျှက်ရှိတယ်လို့လည်း ဦးခင်မောင်မြင့် က ဆက်လက်ပြောကြားပါတယ်။

အဆိုပါ အမှုအတွက် လှိုင်သာယာရဲစခန်းမှ ကိုမျိုးသက်လွင်အား လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး တရားစွဲဆိုတင်ပို့နိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်လျှက်ရှိပြီး ယနေ့ မတ်လ ၅ ရက်နေ့တွင် လှိုင်သာယာမြို့နယ်တရားရုံးတွင် ရုံးထုတ်ရမန်ရယူခဲ့ပါတယ်။

“ဒီနေ့ က ရမန်ယူရုံပါဘဲ။ဒုတိယရမန်ကြီးယူပြီးတဲ့ကာလမှာ အမှုတည်ဆောက်မယ်။ဥပဒေရုံးကို အကြံဉာဏ်တောင်းတင်မယ်။ရမန်ကြီး မကုန်ဆုံးခင်မှာဘဲ တရားရုံးကို တရားစွဲတင်မယ်။တရားစွဲတင်ရင် မြောက်ပိုင်းခရိုင်တရားရုံးကို စွဲတင်ဖို့များပါတယ်” လို့ ၎င်းက ဆက်လက်ပြောဆိုပါတယ်။

ယင်းအမှုအတွက် ကိုမျိုးသက်လွင်ဘက်မှ ပြန်လည်ခုခံချေပရန် အချက်အလက်များ စုဆောင်းလျှက်ရှိပြီး လွန်ခဲ့သည့် ၅ နှစ်ခန့်က စုံတွဲ ၁ တွဲက လာရောက်လုယက်သူ ၃ ဦးကို ပြန်လည်ခုခံရာ လုယက်သူ ၃ ဦးထဲမှ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းအမှုကို လှိုင်သာယာမြို့နယ်တရားရုံးတွင် လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုခဲ့သော်လည်း အပြစ်မရှိကြောင်း အမိန့်ချမှတ်မှုများ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ မတ် - ၅
( Zawgyi )
လႈိင္သာယာၿမိဳ႕နယ္တြင္ လုယက္ခံရသူက ျပန္လည္ခုခံသျဖင့္ ေသဆုံးခဲ့သူ  ၂ ဦးသည္ မေသဆုံးမီ ၃ ရက္ခန႔္ကလည္း လုယက္မႈမ်ား က်ဴးလြန္ခဲ့တယ္လို႔ ဥပေဒအႀကံေပး ဦးခင္ေမာင္ျမင့္ က ေျပာပါတယ္။

“ေပၚေပါက္ခ်က္ေတြအရ ေသသူ ၂ ေယာက္က ကိုမ်ိဳးသက္လြင္တို႔ အမႈမျဖစ္ခင္ လြန္ခဲ့တဲ့ ၃ ရက္မွာ ေနာက္ထပ္ အလားတူ စုံတြဲ ၁ တြဲကို လုယက္မႈျဖစ္ခဲ့တယ္။အဲ့ကေလးေတြက မခုခံဘဲ ပါတာေတြေပးလိုက္ရတဲ့အတြက္ အဲ့ ၂ ေယာက္က ရဲစခန္းမွာ စစ္ေဆးမႈခံယူၿပီးၿပီလို႔ သိရတယ္။
ေသတဲ့ထဲက ၁ေယာက္က လုယက္မႈ၊ ခိုးမႈ ၅ မႈနဲ႔ ေထာင္ကလြတ္လာတာ ၅ ရက္ေလာက္ဘဲရွိေသးတယ္” လို႔ ကိုမ်ိဳးသက္လြင္ဘက္မွ လိုက္ပါေဆာင္႐ြက္မည့္ ဥပေဒအႀကံေပး ဦးခင္ေမာင္ျမင့္ က ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔ ည ၇ နာရီအခ်ိန္ခန႔္က လႈိင္သာယာၿမိဳ႕နယ္၊ ေညာင္႐ြာေက်း႐ြာ၊ ေမာင္ထြန္းလမ္းတြင္ ကိုမ်ိဳးသက္လြင္ႏွင့္ ခ်စ္သူရည္စားတို႔ ေတြ႕ဆုံစကားေျပာေနစဥ္ လုယက္သူ ၂ ဦး ေရာက္ရွိလာၿပီး ကိုမ်ိဳးသက္လြင္အား ဓားျဖင့္ေထာက္ၿပီး လုယက္ခဲ့ေၾကာင္း၊ ကိုမ်ိဳးသက္လြင္မွ လက္ကိုင္ဖုန္းကိုေပးေသာ္လည္း ယူေဆာင္သြားျခင္းမရွိဘဲ ဓားျဖင့္ ေခါင္းအား ၃ ခ်က္ခုတ္ခဲ့ေၾကာင္း၊ ကိုမ်ိဳးသက္လြင္၏ ရည္စားျဖစ္သူက ေအာ္ဟစ္အကူအညီေတာင္းရာ ႐ိုက္ႏွက္ၿပီး သားမယားျပဳက်င့္ရန္ႀကိဳးစားခဲ့ရာ ေကာင္မေလးက ႐ုန္းကန္ထြက္ေျပးသြားခဲ့ေၾကာင္း၊ ကိုမ်ိဳးသက္လြင္ႏွင့္ လုယက္သူ ၂ ဦး လုံးေထြးသတ္ပုတ္ခဲ့ရာ လုယက္သူ ၂ ဦး ေသဆုံးသြားခဲ့ေၾကာင္း သက္ေသမ်ားကို စစ္ေဆးမႈအရ ေပၚေပါက္လွ်က္ရွိတယ္လို႔လည္း ဦးခင္ေမာင္ျမင့္ က ဆက္လက္ေျပာၾကားပါတယ္။

အဆိုပါ အမႈအတြက္ လႈိင္သာယာရဲစခန္းမွ ကိုမ်ိဳးသက္လြင္အား လူသတ္မႈ ပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္လွစ္ခဲ့ၿပီး တရားစြဲဆိုတင္ပို႔ႏိုင္ေရးအတြက္ ဆက္လက္လုပ္ေဆာင္လွ်က္ရွိၿပီး ယေန႔ မတ္လ ၅ ရက္ေန႔တြင္ လႈိင္သာယာၿမိဳ႕နယ္တရား႐ုံးတြင္ ႐ုံးထုတ္ရမန္ရယူခဲ့ပါတယ္။

“ဒီေန႔ က ရမန္ယူ႐ုံပါဘဲ။ဒုတိယရမန္ႀကီးယူၿပီးတဲ့ကာလမွာ အမႈတည္ေဆာက္မယ္။ဥပေဒ႐ုံးကို အႀကံဉာဏ္ေတာင္းတင္မယ္။ရမန္ႀကီး မကုန္ဆုံးခင္မွာဘဲ တရား႐ုံးကို တရားစြဲတင္မယ္။တရားစြဲတင္ရင္ ေျမာက္ပိုင္းခ႐ိုင္တရား႐ုံးကို စြဲတင္ဖို႔မ်ားပါတယ္” လို႔ ၎က ဆက္လက္ေျပာဆိုပါတယ္။

ယင္းအမႈအတြက္ ကိုမ်ိဳးသက္လြင္ဘက္မွ ျပန္လည္ခုခံေခ်ပရန္ အခ်က္အလက္မ်ား စုေဆာင္းလွ်က္ရွိၿပီး လြန္ခဲ့သည့္ ၅ ႏွစ္ခန႔္က စုံတြဲ ၁ တြဲက လာေရာက္လုယက္သူ ၃ ဦးကို ျပန္လည္ခုခံရာ လုယက္သူ ၃ ဦးထဲမွ ၁ ဦးေသဆုံးၿပီး ၂ ဦးဒဏ္ရာရရွိခဲ့ေၾကာင္း၊ ယင္းအမႈကို လႈိင္သာယာၿမိဳ႕နယ္တရား႐ုံးတြင္ လူသတ္မႈပုဒ္မ ၃၀၂ ျဖင့္ တရားစြဲဆိုခဲ့ေသာ္လည္း အျပစ္မရွိေၾကာင္း အမိန႔္ခ်မွတ္မႈမ်ား ရွိခဲ့တယ္လို႔လည္း ဆိုပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ မတ္ - ၅