ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ပြည်ပရင်းနှီးမြုပ်နှံမှု ဝင်ရောက်မှုအများဆုံးမှာ ဆက်သွယ်ရေး ကဏ္ဍဖြစ်နေ

ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ပြည်ပရင်းနှီးမြုပ်နှံမှု ဝင်ရောက်မှုအများဆုံးမှာ ဆက်သွယ်ရေး ကဏ္ဍဖြစ်နေ

‌မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA)က အောက်တိုဘာ တတိယ အပတ် အတွင်း ထုတ်ပြန်သည့် Yearly Approved amount of Foreign investment (By Country) စာရင်းအရ စက်တင်ဘာလ အတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် FDI ပမာဏ ထက်ဝက်ခန့်မှာ  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍသို့ ဖြစ်ပြီး ဒုတိယအများဆုံးမှာ ကုန်ထုတ်လုပ်သည့် ကဏ္ဍသို့ ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ Yearly Approved amount of Foreign investment (By Country) စာရင်းအရ စက်တင်ဘာလ အတွင်း ရင်းနှီးမြုပ်နှံနိုင်သည့် ကဏ္ဍ ၅ ခုသို့  FDI ဝင်ရောက်မှုကို ကြည့်ပါက စုစုပေါင်း ကန်ဒေါ်လာ ၂၈၂  ဒသမ ၅၂၂ သန်းရှိခဲ့ပြီး  ကုန်ထုတ်လုပ် မှုကဏ္ဍတွင် ကန်ဒေါ်လာ ၁၀၄ဒသမ၃၂၂သန်း နှင့် အခြားကဏ္ဍတွင် ကန်ဒေါ်လာ၉၈ သန်းအများဆုံး ဝင်ရောက်ခဲ့ပါတယ်။

ယခုဘဏ္ဍာနှစ်အတွင်း FDI ဝင်ရောက်မှုပမာဏအများဆုံးမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍဖြစ် ပြီး ကန်ဒေါ်လာ ၁၅၃၈  ဒသမ ၄၀ဝ သန်းဝင်ရောက်ခဲ့ကာ ဒုတိယအများဆုံးဝင်ရောက်သည့် ကဏ္ဍမှာ ကုန် ထုတ် လုပ်ရေးကဏ္ဍဖြစ်ပြီး ကန်ဒေါ်လာ ၁၃၄၇ဒသမ ၈၂၅သန်း ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ တတိယ အများဆုံး ဝင်ရောက်ရင်းနှီးမြုပ်နှံသည့် လုပ်ငန်းစုံလင်သည့် အခြားကဏ္ဍမှာ ယခုဘဏ္ဍာနှစ်အတွင်း ကန်ဒေါ်လာ၆၅၀ ဒသမ၇၄၂သန်းဝင်ရောက်ခဲ့ပါတယ်။

DICA မှ ထုတ်ပြန်ခဲ့သည့် Yearly Approved amount of Foreign investment (By Sector)စာရင်း အရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလမှ စက်တင်ဘာလကုန်အထိ ဘဏ္ဍာနှစ်တစ်ခုလုံး ရင်းနှီး မြုပ်နှံရန် အဆိုပြုသည့် ပမာဏမှာ ကန်ဒေါ်လာ ၄၁၅၈ဒသမ ၄၇၄ သန်းရှိခဲ့ရာ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ကန်ဒေါ်လာ ၁၉ ဒသမ၁၁၉သန်း၊ မွေးမြူရေး နှင့် သားငါးကဏ္ဍတွင် ကန်ဒေါ်လာ ၁၅၆ဒသမ ၈၉၈သန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကန်ဒေါ်လာ ၁၃၄၇ဒသမ ၈၂၅သန်း၊စွမ်းအားကဏ္ဍတွင် ကန်ဒေါ်လာ ၉၃ ဒသမ ၂၈၀ သန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကန်ဒေါ်လာ ၁၀ ဒသမ ၂၀၄ သန်း၊  ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးကဏ္ဍတွင် ကန်ဒေါ်လာ ၁၅၃၈  ဒသမ ၄၀ဝ သန်း ၊ဟိုတယ် နှင့်ခရီးသွားလာရေးကဏ္ဍတွင် ကန်ဒေါ် လာ ၈၂  ဒသမ ၆၂၂သန်း၊ အိမ်ခြံမြေကဏ္ဍတွင် ကန်ဒေါ်လာ ၂၁၀ဒသမ ၉၃၃ သန်း၊ စက်မူဇုန်ကဏ္ဍတွင် ကန်ဒေါ်လာ ၄၈ ဒသမ ၄၅၁ သန်းနှင့် အခြားကဏ္ဍတွင် ကန်ဒေါ်လာ၆၅၀ ဒသမ၇၄၂သန်းဝင်ရောက်ခဲ့ ကာ သတ္တူတူး ဖော်ရေးနှင့် ဆောက်လုပ်ရေးကဏ္ဍတွင် ယခုဘဏ္ဍာနှစ်ကုန်သည်အထိ ရင်းနှီးမြုပ်နှံမှု ဝင်ရောက်ခြင်း မရှိခဲ့ကြောင်းအဆိုပါ ထုတ်ပြန်ချက် အရသိရပါတယ်။

PWA
ရန်ကုန်၊ အောက်တိုဘာ ၃၁

(  Zawgyi  )

 ‌ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈ ဦးစီးဌာန (DICA)က ေအာက္တိုဘာ တတိယ အပတ္ အတြင္း ထုတ္ျပန္သည့္ Yearly Approved amount of Foreign investment (By Country) စာရင္းအရ စက္တင္ဘာလ အတြင္း ျမန္မာႏိုင္ငံသို႔ ဝင္ေရာက္သည့္ FDI ပမာဏ ထက္ဝက္ခန႔္မွာ  ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး က႑သို႔ ျဖစ္ၿပီး ဒုတိယအမ်ားဆုံးမွာ ကုန္ထုတ္လုပ္သည့္ က႑သို႔ ဝင္ေရာက္ခဲ့ေၾကာင္း သိရပါတယ္။

အဆိုပါ Yearly Approved amount of Foreign investment (By Country) စာရင္းအရ စက္တင္ဘာလ အတြင္း ရင္းႏွီးျမဳပ္ႏွံႏိုင္သည့္ က႑ ၅ ခုသို႔  FDI ဝင္ေရာက္မႈကို ၾကည့္ပါက စုစုေပါင္း ကန္ေဒၚလာ ၂၈၂  ဒသမ ၅၂၂ သန္းရွိခဲ့ၿပီး  ကုန္ထုတ္လုပ္ မႈက႑တြင္ ကန္ေဒၚလာ ၁၀၄ဒသမ၃၂၂သန္း ႏွင့္ အျခားက႑တြင္ ကန္ေဒၚလာ၉၈ သန္းအမ်ားဆုံး ဝင္ေရာက္ခဲ့ပါတယ္။

ယခုဘ႑ာႏွစ္အတြင္း FDI ဝင္ေရာက္မႈပမာဏအမ်ားဆုံးမွာ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး က႑ျဖစ္ ၿပီး ကန္ေဒၚလာ ၁၅၃၈  ဒသမ ၄၀ဝ သန္းဝင္ေရာက္ခဲ့ကာ ဒုတိယအမ်ားဆုံးဝင္ေရာက္သည့္ က႑မွာ ကုန္ ထုတ္ လုပ္ေရးက႑ျဖစ္ၿပီး ကန္ေဒၚလာ ၁၃၄၇ဒသမ ၈၂၅သန္း ဝင္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။ တတိယ အမ်ားဆုံး ဝင္ေရာက္ရင္းႏွီးျမဳပ္ႏွံသည့္ လုပ္ငန္းစုံလင္သည့္ အျခားက႑မွာ ယခုဘ႑ာႏွစ္အတြင္း ကန္ေဒၚလာ၆၅၀ ဒသမ၇၄၂သန္းဝင္ေရာက္ခဲ့ပါတယ္။

DICA မွ ထုတ္ျပန္ခဲ့သည့္ Yearly Approved amount of Foreign investment (By Sector)စာရင္း အရ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ေအာက္တိုဘာလမွ စက္တင္ဘာလကုန္အထိ ဘ႑ာႏွစ္တစ္ခုလုံး ရင္းႏွီး ျမဳပ္ႏွံရန္ အဆိုျပဳသည့္ ပမာဏမွာ ကန္ေဒၚလာ ၄၁၅၈ဒသမ ၄၇၄ သန္းရွိခဲ့ရာ လယ္ယာစိုက္ပ်ိဳးေရးက႑တြင္ ကန္ေဒၚလာ ၁၉ ဒသမ၁၁၉သန္း၊ ေမြးျမဴေရး ႏွင့္ သားငါးက႑တြင္ ကန္ေဒၚလာ ၁၅၆ဒသမ ၈၉၈သန္း၊ ကုန္ထုတ္လုပ္မႈက႑တြင္ ကန္ေဒၚလာ ၁၃၄၇ဒသမ ၈၂၅သန္း၊စြမ္းအားက႑တြင္ ကန္ေဒၚလာ ၉၃ ဒသမ ၂၈၀ သန္း၊ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕က႑တြင္ ကန္ေဒၚလာ ၁၀ ဒသမ ၂၀၄ သန္း၊  ပို႔ေဆာင္ေရးႏွင့္ ဆက္ သြယ္ေရးက႑တြင္ ကန္ေဒၚလာ ၁၅၃၈  ဒသမ ၄၀ဝ သန္း ၊ဟိုတယ္ ႏွင့္ခရီးသြားလာေရးက႑တြင္ ကန္ေဒၚ လာ ၈၂  ဒသမ ၆၂၂သန္း၊ အိမ္ၿခံေျမက႑တြင္ ကန္ေဒၚလာ ၂၁၀ဒသမ ၉၃၃ သန္း၊ စက္မူဇုန္က႑တြင္ ကန္ေဒၚလာ ၄၈ ဒသမ ၄၅၁ သန္းႏွင့္ အျခားက႑တြင္ ကန္ေဒၚလာ၆၅၀ ဒသမ၇၄၂သန္းဝင္ေရာက္ခဲ့ ကာ သတၱဴတူး ေဖာ္ေရးႏွင့္ ေဆာက္လုပ္ေရးက႑တြင္ ယခုဘ႑ာႏွစ္ကုန္သည္အထိ ရင္းႏွီးျမဳပ္ႏွံမႈ ဝင္ေရာက္ျခင္း မရွိခဲ့ေၾကာင္းအဆိုပါ ထုတ္ျပန္ခ်က္ အရသိရပါတယ္။

PWA
ရန္ကုန္၊ ေအာက္တိုဘာ ၃၁