ပွင့်လင်းရာသီ နှစ်လဆက်တိုက် ဟိုတယ်အသစ် ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ပြည်တွင်းခရီးသွားများကိုသာ ဟိုတယ်ခရီးလုပ်ငန်းတစ်ခုလုံး အားထားနေရ

ပွင့်လင်းရာသီ နှစ်လဆက်တိုက် ဟိုတယ်အသစ် ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ပြည်တွင်းခရီးသွားများကိုသာ ဟိုတယ်ခရီး လုပ်ငန်းတစ်ခုလုံး အားထားနေရ

ယခုပွင့်လင်းရာသီအတွင်း ပြည်တွင်းသို့ ခရီးသည်အဝင်နည်းနေသဖြင့် ပြည်တွင်းခရီးသွား လုပ်ငန်း အများစုမှာ ဒေသတွင်းနှင့် ပြည်တွင်းခရီးသွားအများစုကိုသာ အဓိကထားလုပ်ကိုင်နေရပြီး နှစ်လဆက်တိုက် ဟိုတယ်အသစ်ဖွင့်လှစ်နိုင်ခြင်း မရှိသဖြင့် ဧည့်လက်ခံနိုင်သည့် အခန်းအရေ အတွက်မှာ ယခင်လအတိုင်း တစ်နိုင်ငံလုံးတွင် အခန်းပေါင်း ၆၈၀၀၀ ကျော်သာရှိကြောင်း ဟိုတယ်/ခရီး ဝန်ကြီးဌာနက ဒီဇင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်အရ သိရပါတယ်။

    “ ဒီရာသီက ပြည်ပခရီးသည်တွေနဲ့ လက်မလည်ရတဲ့ ရာသီလေ။အခုက ပြည်တွင်းခရီး သွားတွေ ကို အဓိက အားထားနေရတယ်။ပြီးတော့ ပက်ကေချ်တွေ စီစဉ်ပေးတဲ့ ဝန်ဆောင်မှုလုပ်တဲ့ ခရီးသွားလုပ်ငန်းတွေကို ပြန်အားထားနေရတယ်။ ခရီးစဉ်မှာ သုံးတဲ့ အသုံးကတော့ တော်တော်လေး ကွာသွားတာပေါ့။ ကမ်းခြေတွေက တော့ မသိသာပေမယ့် ပုဂံလို၊ မြောက်ဦးလို့ တိုးရစ်စ်တွေ အကြိုက် တောင်တက်ခရီးစဉ်တွေမှာ ထိခိုက်မှုက သိ သာတယ်။ နောင်နှစ်ကိုတော့ ကောင်းမယ် ထင်ပါတယ်။ အခုကတော့ ဝန်ဆောင်မှုလျော့ပြီးဈေးလျော့ပြီး ပြည်တွင်းခရီးသွားတွေကို အဓိက ထားလုပ်နေရတယ် ” လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုပါတယ်။

    ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ပြည်တွင်းပြည်ပလုပ်ငန်းရှင်များက မြန်မာနိုင်ငံတဝန်းတွင် ဟိုတယ်သစ် ထပ်မံဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိသဖြင့် ကမ္ဘာလှည့်ခရီးသွားများ တည်းခိုနေထိုင်နိုင်သည့် ဟိုတယ်အရေအ တွက်မှာ  ယခင်လအတိုင်း ၁၇၀၄ လုံးသာရှိပြီး အခန်းအရေအတွက်မှာလည်း ယခင်အတိုင်း  ၆၈၁၆၇ လုံးသာ ရှိတယ်လို့ ဟိုတယ်/ခရီး ဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက် အရသိရပါတယ်။

    ဟိုတယ်/ခရီး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီလကုန်မှ နိုဝင်ဘာလကုန်အထိ ဟိုတယ် အရေအတွက် ၇၆ လုံး၊ ဟိုတယ်အခန်းပေါင်း နှစ်ထောင်ခြောက်ရာကိုးဆယ်ခုနှစ်ခန်း ဖွင့်လှစ်ခဲ့သဖြင့် ၁၁ လတာကာလအတွင်း ပျမ်းမျှ တစ်လလျှင် ဟိုတယ် ၆ လုံးကျော်နှင့် အခန်းပေါင်း ၂၅၀ ကျော်ပုံမှန်တိုး တက်နေကြောင်း သိရပါတယ်။    

ဟိုတယ်/ခရီးဝန်ကြီးဌာနထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကုန်အထိတစ်နိုင်ငံလုံးတွင် ဟိုတယ်ပေါင်းဟိုတယ်(၁၆၂၈)လုံးရှိကာအခန်းပေါင်း(၆၅၄၇၀)ခန်းထိရှိတယ်လို့သိရပါတယ်။ ဟိုတယ်/ခရီး ဝန်ကြီးဌာနထုတ်ပြန်ချက်အရ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်အထိ မြန်မာ တစ်နိုင် ငံလုံးတွင် ဟိုတယ်  (၁၇၀၄) လုံး (၆၈၁၆၇) ခန်းရှိပြီး နေပြည်တော်တွင် ဟိုတယ် ပေါင်း ၆၅ လုံး(အခန်းပေါင်း- ၅၅၆၁ ခန်း ) ခန်း၊ရန်ကုန်မြို့မှာဟိုတယ်ပေါင်း ၄၀၄  လုံး(အခန်းပေါင်း - ၂၁၁၄၇ ခန်း) ၊ မန္တလေးမြို့တွင် ဟို တယ်ပေါင်း၂၁၉ လုံး ( အခန်းပေါင်း- ၉၀၇၃ခန်း)၊ပုဂံ/ညောင်ဦးဒေသတွင် ဟိုတယ် ၈၅ လုံး (အခန်းပေါင်း ၃၀၁၉ ခန်း)နှင့် တောင်ကြီး/အင်းလေးတွင်  ဟိုတယ်ပေါင်း၁၄၅ လုံး (အခန်းပေါင်း ၄၆၀၆ ခန်း)ရှိကြောင်း ထုတ်ပြန်ထားသည့် စာရင်းအချက်အလက်အရ သိရပါတယ်။
   
PWA
ရန်ကုန်၊ ဒီဇင်ဘာ ၁၆

(  Zawgyi  )

 ယခုပြင့္လင္းရာသီအတြင္း ျပည္တြင္းသို႔ ခရီးသည္အဝင္နည္းေနသျဖင့္ ျပည္တြင္းခရီးသြား လုပ္ငန္း အမ်ားစုမွာ ေဒသတြင္းႏွင့္ ျပည္တြင္းခရီးသြားအမ်ားစုကိုသာ အဓိကထားလုပ္ကိုင္ေနရၿပီး ႏွစ္လဆက္တိုက္ ဟိုတယ္အသစ္ဖြင့္လွစ္ႏိုင္ျခင္း မရွိသျဖင့္ ဧည့္လက္ခံႏိုင္သည့္ အခန္းအေရ အတြက္မွာ ယခင္လအတိုင္း တစ္ႏိုင္ငံလုံးတြင္ အခန္းေပါင္း ၆၈၀၀၀ ေက်ာ္သာရွိေၾကာင္း ဟိုတယ္/ခရီး ဝန္ႀကီးဌာနက ဒီဇင္ဘာလအတြင္း ထုတ္ျပန္ခဲ့သည့္ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

    “ ဒီရာသီက ျပည္ပခရီးသည္ေတြနဲ႔ လက္မလည္ရတဲ့ ရာသီေလ။အခုက ျပည္တြင္းခရီး သြားေတြ ကို အဓိက အားထားေနရတယ္။ၿပီးေတာ့ ပက္ေကခ်္ေတြ စီစဥ္ေပးတဲ့ ဝန္ေဆာင္မႈလုပ္တဲ့ ခရီးသြားလုပ္ငန္းေတြကို ျပန္အားထားေနရတယ္။ ခရီးစဥ္မွာ သုံးတဲ့ အသုံးကေတာ့ ေတာ္ေတာ္ေလး ကြာသြားတာေပါ့။ ကမ္းေျခေတြက ေတာ့ မသိသာေပမယ့္ ပုဂံလို၊ ေျမာက္ဦးလို႔ တိုးရစ္စ္ေတြ အႀကိဳက္ ေတာင္တက္ခရီးစဥ္ေတြမွာ ထိခိုက္မႈက သိ သာတယ္။ ေနာင္ႏွစ္ကိုေတာ့ ေကာင္းမယ္ ထင္ပါတယ္။ အခုကေတာ့ ဝန္ေဆာင္မႈေလ်ာ့ၿပီးေဈးေလ်ာ့ၿပီး ျပည္တြင္းခရီးသြားေတြကို အဓိက ထားလုပ္ေနရတယ္ ” လို႔ ခရီးသြားလုပ္ငန္းလုပ္ကိုင္သူတစ္ဦးက ဆိုပါတယ္။

    ၿပီးခဲ့သည့္ ႏိုဝင္ဘာလအတြင္း ျပည္တြင္းျပည္ပလုပ္ငန္းရွင္မ်ားက ျမန္မာႏိုင္ငံတဝန္းတြင္ ဟိုတယ္သစ္ ထပ္မံဖြင့္လွစ္ႏိုင္ခဲ့ျခင္းမရွိသျဖင့္ ကမာၻလွည့္ခရီးသြားမ်ား တည္းခိုေနထိုင္ႏိုင္သည့္ ဟိုတယ္အေရအ တြက္မွာ  ယခင္လအတိုင္း ၁၇၀၄ လုံးသာရွိၿပီး အခန္းအေရအတြက္မွာလည္း ယခင္အတိုင္း  ၆၈၁၆၇ လုံးသာ ရွိတယ္လို႔ ဟိုတယ္/ခရီး ဝန္ႀကီးဌာန၏ ေနာက္ဆုံးထုတ္ျပန္ခ်က္ အရသိရပါတယ္။

    ဟိုတယ္/ခရီး ဝန္ႀကီး ဌာန၏ ထုတ္ျပန္ခ်က္အရ ဇန္နဝါရီလကုန္မွ ႏိုဝင္ဘာလကုန္အထိ ဟိုတယ္ အေရအတြက္ ၇၆ လုံး၊ ဟိုတယ္အခန္းေပါင္း ႏွစ္ေထာင္ေျခာက္ရာကိုးဆယ္ခုႏွစ္ခန္း ဖြင့္လွစ္ခဲ့သျဖင့္ ၁၁ လတာကာလအတြင္း ပ်မ္းမွ် တစ္လလွ်င္ ဟိုတယ္ ၆ လုံးေက်ာ္ႏွင့္ အခန္းေပါင္း ၂၅၀ ေက်ာ္ပုံမွန္တိုး တက္ေနေၾကာင္း သိရပါတယ္။    

ဟိုတယ္/ခရီးဝန္ႀကီးဌာနထုတ္ျပန္ခ်က္အရ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလကုန္အထိတစ္ႏိုင္ငံလုံးတြင္ ဟိုတယ္ေပါင္းဟိုတယ္(၁၆၂၈)လုံးရွိကာအခန္းေပါင္း(၆၅၄၇၀)ခန္းထိရွိတယ္လို႔သိရပါတယ္။ ဟိုတယ္/ခရီး ဝန္ႀကီးဌာနထုတ္ျပန္ခ်က္အရ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလကုန္အထိ ျမန္မာ တစ္ႏိုင္ ငံလုံးတြင္ ဟိုတယ္  (၁၇၀၄) လုံး (၆၈၁၆၇) ခန္းရွိၿပီး ေနျပည္ေတာ္တြင္ ဟိုတယ္ ေပါင္း ၆၅ လုံး(အခန္းေပါင္း- ၅၅၆၁ ခန္း ) ခန္း၊ရန္ကုန္ၿမိဳ႕မွာဟိုတယ္ေပါင္း ၄၀၄  လုံး(အခန္းေပါင္း - ၂၁၁၄၇ ခန္း) ၊ မႏၲေလးၿမိဳ႕တြင္ ဟို တယ္ေပါင္း၂၁၉ လုံး ( အခန္းေပါင္း- ၉၀၇၃ခန္း)၊ပုဂံ/ေညာင္ဦးေဒသတြင္ ဟိုတယ္ ၈၅ လုံး (အခန္းေပါင္း ၃၀၁၉ ခန္း)ႏွင့္ ေတာင္ႀကီး/အင္းေလးတြင္  ဟိုတယ္ေပါင္း၁၄၅ လုံး (အခန္းေပါင္း ၄၆၀၆ ခန္း)ရွိေၾကာင္း ထုတ္ျပန္ထားသည့္ စာရင္းအခ်က္အလက္အရ သိရပါတယ္။
   
PWA
ရန္ကုန္၊ ဒီဇင္ဘာ ၁၆