ဖေဖေါ်ဝါရီ ပထမအပတ်အထိ ပြည်ပနှင့်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၃ ဘီလျံကျော်ရှိ

ဖေဖေါ်ဝါရီ ပထမအပတ်အထိ ပြည်ပနှင့်ကုန်သွယ်မှု  အမေရိကန်ဒေါ်လာ ၁၃ ဘီလျံကျော်ရှိ

ယခုဘဏ္ဍာရေးနှစ်သစ် လေးလကျော်ကာလအတွင်း ပြည်ပနိုင်ငံများနှင့် အမေရိကန်ဒေါ်လာ ၁၃ ဘီလျံ ကျော် ကုန်သွယ်နိုင်ခဲ့တယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက ဖေဖေါ်ဝါရီ ဒုတိယအပတ်အတွင်း ထုတ်ပြန်သည့် ကာလတူ ပုံမှန်/နယ်စပ်  ပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှုပမာဏ အခြေအနေစာရင်းအချက်အလက်များအရ သိရပါတယ်။  

ယခုထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ  ဖေဖေါ်ဝါရီ ၁၅ ရက်အထိ လေးလကျော်ကာလအတွင်း ပြည်ပသို့ တင်ပို့သည့် ကုန်ပမာဏမှာ ကန်ဒေါ်လာ ၆၅၀၇ ဒသမ၁၅၆ သန်း တင်ပို့ခဲ့ကာ ပြည်ပမှ ကုန်ပမာဏ ကန်ဒေါ်လာ ၇၄၄၆ ဒသမ ၃၇၄ သန်း ပြန်လည်တင်သွင်းခဲ့ပြီး လေးလကျော်ကာလအတွင်း ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၃၉၅၃ ဒသမ ၅၃၀ သန်း ရှိခဲ့ပါတယ်။

“ကုန်သွယ်ရေးက အမြဲတင်ပို့လို့ရတာ တစ်နှစ်နဲ့ တစ်နှစ် မတူဘူး။ကောင်းတာလည်းရှိတယ်။ဆိုးတာလည်းရှိတယ်။စာချုပ်ထားရင် ပုံမှန်ပို့လို့ရတယ်။ပြီးတော့ လိုသလောက် တစ်ခေါက်တည်းပို့လို့ရတာ ရေကြောင်းကနေဘဲ ပို့လို့ရတာ။ဒီဘက်နှစ်တွေမှာ မူဆယ်ဘက်လမ်းက အမြဲအသေမှတ်ထားလို့ မရတော့ဘူး။လူတောင် သေကြေနေတာ ကုန်ကတော့ပြောမနေနဲ့။ဒီတော့ သေချာတဲ့ရေကြောင်းကနေ တင်ပို့တာများတယ်” လို့ လယ်ယာထွက်ကုန်တင်ပို့သူ လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

လေးလကျော်အတွင်း ပြည်ပကုန်သွယ်မှုကဏ္ဍတွင် ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ဆယ်ဘီလျံခွဲနီး ပါး (၉၉၇၂ ဒသမ ၃၂၆ သန်း) နှင့် နယ်စပ်မှ လေးဘီလျံနီးပါး (ကန်ဒေါ်လာ ၃၉၈၁ ဒသမ ၂၀၄ သန်း) ကုန်သွယ်နိုင်ခဲ့ပြီး ကုန်သွယ်ရေးလိုငွေ ကန်ဒေါ်လာ ၉၃၉ ဒသမ ၂၁၈ သန်းကျော် ပေါ်ပေါက်ခဲ့သော်လည်း ကုန်သွယ်မှုပမာဏတွင် ယခင်ဘဏ္ဍာနှစ် ကာလတူထက် ကန်ဒေါ်လာ နှစ်ဘီလျံကျော် တိုးတက်ကုန်သွယ်နိုင်ခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့သည့်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလမှ  စက်တင်ဘာ ၂၀ ရက်အထိ ဘဏ္ဍာနှစ် တစ်နှစ်နီးပါးကာလအတွင်း ပြည်ပသို့ မြန်မာဘက်မှ ကန်ဒေါ်လာ ၁၆၄၅၅  ဒသမ ၃၁၁ သန်း တင်ပို့ခဲ့ကာ ပြည်ပမှ ကန်ဒေါ်လာ ၁၇၅၅၈ ဒသမ ၇၂၁ သန်း တင်သွင်းခဲ့ပြီး ဘဏ္ဍာနှစ် တစ်နှစ်တာကာလနီးပါးအတွင်း ကုန်သွယ်မှုပမာဏ ၃၄ ဘီလျံကျော် (အမေရိကန်ဒေါ်လာ ၃၄၀၁၄  ဒသမ ဝ၃၂ သန်း) ရှိခဲ့ပါတယ်။

PWA
ရန်ကုန်၊ ဖေဖေါ်ဝါရီ - ၁၅
( Zawgyi )
ယခုဘ႑ာေရးႏွစ္သစ္ ေလးလေက်ာ္ကာလအတြင္း ျပည္ပႏိုင္ငံမ်ားႏွင့္ အေမရိကန္ေဒၚလာ ၁၃ ဘီလ်ံ ေက်ာ္ ကုန္သြယ္ႏိုင္ခဲ့တယ္လို႔ ကုန္သြယ္ေရးဦးစီးဌာနက ေဖေဖၚဝါရီ ဒုတိယအပတ္အတြင္း ထုတ္ျပန္သည့္ ကာလတူ ပုံမွန္/နယ္စပ္  ပို႔ကုန္၊ သြင္းကုန္၊ ကုန္သြယ္မႈပမာဏ အေျခအေနစာရင္းအခ်က္အလက္မ်ားအရ သိရပါတယ္။  

ယခုထုတ္ျပန္သည့္ စာရင္းအခ်က္အလက္မ်ားအရ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ေအာက္တိုဘာလ ၁ ရက္မွ  ေဖေဖၚဝါရီ ၁၅ ရက္အထိ ေလးလေက်ာ္ကာလအတြင္း ျပည္ပသို႔ တင္ပို႔သည့္ ကုန္ပမာဏမွာ ကန္ေဒၚလာ ၆၅၀၇ ဒသမ၁၅၆ သန္း တင္ပို႔ခဲ့ကာ ျပည္ပမွ ကုန္ပမာဏ ကန္ေဒၚလာ ၇၄၄၆ ဒသမ ၃၇၄ သန္း ျပန္လည္တင္သြင္းခဲ့ၿပီး ေလးလေက်ာ္ကာလအတြင္း ကုန္သြယ္မႈပမာဏ ကန္ေဒၚလာ ၁၃၉၅၃ ဒသမ ၅၃၀ သန္း ရွိခဲ့ပါတယ္။

“ကုန္သြယ္ေရးက အၿမဲတင္ပို႔လို႔ရတာ တစ္ႏွစ္နဲ႔ တစ္ႏွစ္ မတူဘူး။ေကာင္းတာလည္းရွိတယ္။ဆိုးတာလည္းရွိတယ္။စာခ်ဳပ္ထားရင္ ပုံမွန္ပို႔လို႔ရတယ္။ၿပီးေတာ့ လိုသေလာက္ တစ္ေခါက္တည္းပို႔လို႔ရတာ ေရေၾကာင္းကေနဘဲ ပို႔လို႔ရတာ။ဒီဘက္ႏွစ္ေတြမွာ မူဆယ္ဘက္လမ္းက အၿမဲအေသမွတ္ထားလို႔ မရေတာ့ဘူး။လူေတာင္ ေသေၾကေနတာ ကုန္ကေတာ့ေျပာမေနနဲ႔။ဒီေတာ့ ေသခ်ာတဲ့ေရေၾကာင္းကေန တင္ပို႔တာမ်ားတယ္” လို႔ လယ္ယာထြက္ကုန္တင္ပို႔သူ လုပ္ငန္းရွင္တစ္ဦးက ဆိုပါတယ္။

ေလးလေက်ာ္အတြင္း ျပည္ပကုန္သြယ္မႈက႑တြင္ ပင္လယ္ေရေၾကာင္းမွ ကန္ေဒၚလာ ဆယ္ဘီလ်ံခြဲနီး ပါး (၉၉၇၂ ဒသမ ၃၂၆ သန္း) ႏွင့္ နယ္စပ္မွ ေလးဘီလ်ံနီးပါး (ကန္ေဒၚလာ ၃၉၈၁ ဒသမ ၂၀၄ သန္း) ကုန္သြယ္ႏိုင္ခဲ့ၿပီး ကုန္သြယ္ေရးလိုေငြ ကန္ေဒၚလာ ၉၃၉ ဒသမ ၂၁၈ သန္းေက်ာ္ ေပၚေပါက္ခဲ့ေသာ္လည္း ကုန္သြယ္မႈပမာဏတြင္ ယခင္ဘ႑ာႏွစ္ ကာလတူထက္ ကန္ေဒၚလာ ႏွစ္ဘီလ်ံေက်ာ္ တိုးတက္ကုန္သြယ္ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။

ၿပီးခဲ့သည့္  ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ေအာက္တိုဘာလမွ  စက္တင္ဘာ ၂၀ ရက္အထိ ဘ႑ာႏွစ္ တစ္ႏွစ္နီးပါးကာလအတြင္း ျပည္ပသို႔ ျမန္မာဘက္မွ ကန္ေဒၚလာ ၁၆၄၅၅  ဒသမ ၃၁၁ သန္း တင္ပို႔ခဲ့ကာ ျပည္ပမွ ကန္ေဒၚလာ ၁၇၅၅၈ ဒသမ ၇၂၁ သန္း တင္သြင္းခဲ့ၿပီး ဘ႑ာႏွစ္ တစ္ႏွစ္တာကာလနီးပါးအတြင္း ကုန္သြယ္မႈပမာဏ ၃၄ ဘီလ်ံေက်ာ္ (အေမရိကန္ေဒၚလာ ၃၄၀၁၄  ဒသမ ဝ၃၂ သန္း) ရွိခဲ့ပါတယ္။

PWA
ရန္ကုန္၊ ေဖေဖၚဝါရီ - ၁၅