ဖေဖေါ်ဝါရီ ပထမအပတ် အထိ ပြည်ပသို့ စက်မှုကုန်ချောကဏ္ဍမှ အမေရိကန်ဒေါ်လာ သုံးဘီလျံခွဲကျော် တင်ပို့ခဲ့

 ဖေဖေါ်ဝါရီ ပထမအပတ် အထိ ပြည်ပသို့ စက်မှုကုန်ချောကဏ္ဍမှ  အမေရိကန်ဒေါ်လာ သုံးဘီလျံခွဲကျော် တင်ပို့ခဲ့

ပြည်ပသို့ မြန်မာနိုင်ငံမှ တင်ပို့သည့် နိုင်ငံခြားငွေ အဓိကရရှိသည့် ပြည်ပပို့ကုန်ကဏ္ဍ ၇ ခုတွင် စက်မှု ကုန်ချောတင်ပို့ခြင်း ကဏ္ဍတစ်ခုတည်းမှ အမေရိကန်ဒေါ်လာ သုံးဘီလျံခွဲကျော် တင်ပို့ခဲ့ တယ်လို့ ကုန်သွယ်ရေး ဦးစီးဌာနက ဖေဖေါ်ဝါရီ ပထမအပတ်အတွင်း ထုတ်ပြန်သည့် ကာလတူ ပုံမှန်/နယ်စပ်ပြည်ပပို့ကုန် အုပ်စုအလိုက် နိူင်းယှဉ်သည့်စာရင်းအချက်အလက်အရ သိရပါတယ်။

အဆိုပါစာရင်းအချက်အလက်အရ ၂၀၁၉ ခုနှစ်အောက်တိုဘာလမှ ဖေဖေါ်ဝါရီ ၇ ရက်အထိ  လေးလ ကျော် ကာလအတွင်း ပြည်ပသို့ ပို့ကုန် အမေရိကန်ဒေါ်လာ ၆၅၀၇ ဒသမ ၁၅၆  သန်း တင်ပို့ခဲ့ရာမှာ စက်မှု ကုန်ချောကဏ္ဍမှကန်ဒေါ်လာ ၃၆၇၁ ဒသမ၅၀၃ သန်း တင်ပို့ခဲ့ပြီး စုစုပေါင် ပို့ကုန်ပမာဏ ၏ ရာခိုင်နူန်း ၆၀ ကျော်ရှိကြောင်း သိရပါတယ်။

“ အခုနောက်ပိုင်း ပြည်ပက စက်မူလုပ်ငန်းတွေ မြန်မာနိုင်ငံထဲမှာ လာတည်ကြတယ်။ ပြီးတော့ ထုတ်လုပ်ကြတယ်။ သာကေတဘက်မှာ တံတားသံဘောင်တွေ ဂျပန်ကလုပ်တာရှိတယ်။ သီလဝါ မှာလည်း ကားစက်ရုံတွေ တည်နေတာရှိတယ်။ အင်ဂျင်တွေ လုပ်နေတာတောင် ရှိမယ်ထင် တယ်။ ဆူဇူကီးဆို ဒီမှာ ထုတ်နေတာကြာပြီ။ ဒီလိုပို့တာတွေက တန်ဖိုးများတဲ့အတွက် စက်မှု ကုန်ချောက နောက်ဆို တင်ပို့တဲ့ တန်ဖိုး တော်တော်လေးတက်လာမယ်ထင်ပါတယ် ” လို့ ဆိပ်ကမ်းရှင်း လင်းရေးလုပ်ကို င်သူတစ်ဦးကဆိုပါတယ်။

လေးလကျော်ကာလအတွင်း  ပြည်သို့ ပို့ကုန်အုပ်စု (၇)စုဖြင့် ကုန်တင်ပို့ မှုမှာ ကန်ဒေါ်လာ ၆၅၀၇ ဒသမ၁၅၆  သန်းတင်ပို့ခဲ့ရာမှာ နိုင်ငံပိုင်ကဏ္ဍမှ ကန်ဒေါ်လာ၁၇၂၃ ဒသမ၂၁၁ သန်းနှင့် ပုဂ္ဂလိကပိုင် ကဏ္ဍမှ ကန်ဒေါ်လာ ၄၇၈၃  ဒသမ ၉၄၅ သန်းတင်ပို့ခဲ့ကြောင်းသိရပါတယ်။ အဆိုပါ ပို့ကုန်ပမာဏမှာယခင်ဘဏ္ဍာနှစ် ကာလတူထက်ကန် ဒေါ် လာ တစ်ဘီလျံကျော်ပိုမိုခဲ့ပြီး စက်မှု ကုန်ချောကဏ္ဍနှင့် သတ္တူတွင်းထွက်တွင် သန်း ငါးရာကျော်စီပိုခဲ့ကာ တိရိစ္ဆာန်ထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနှင့် အခြားကဏ္ဍတို့တွင် လျော့နည်းခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့သည့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တစ်ခုအတွင်းပြည်ပသို့ တင်ပို့မှုပမာဏ ၁၆ ဘီလျံခွဲနီးပါး တွင် နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ လေးဘီလျံခွဲနီးပါးနှင့် ပုဂ္ဂလိကပိုင် ကဏ္ဍမှ ဆယ်တစ် ဘီလျံ ကျော်တင်ပို့ခဲ့ပြီး ထိုပမာဏမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကာလတူ ထက် ကန်ဒေါ်လာ သန်း၈၀ဝ နီးပါး ပိုမိုတင်ပို့နိုင်ခဲ့ တယ်လို့ သိရပါတယ်။ ထိုသန်း၈၀ဝနီးပါးတွင် နိုင်ငံပိုင် ကဏ္ဍမှ ကန်ဒေါ်လာ ၈၁ ဒသမ ၉၇၉ သန်း နှင့် ပုဂ္ဂလိကပိုင် ကဏ္ဍမှ ကန် ဒေါ်လာ၇၁၀ ဒသမ ၄၂၄ သန်း ပိုမိုတင် ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။     

PWA
ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၆

(  Zawgyi  )

 ျပည္ပသို႔ ျမန္မာႏိုင္ငံမွ တင္ပို႔သည့္ ႏိုင္ငံျခားေငြ အဓိကရရွိသည့္ ျပည္ပပို႔ကုန္က႑ ၇ ခုတြင္ စက္မႈ ကုန္ေခ်ာတင္ပို႔ျခင္း က႑တစ္ခုတည္းမွ အေမရိကန္ေဒၚလာ သုံးဘီလ်ံခြဲေက်ာ္ တင္ပို႔ခဲ့ တယ္လို႔ ကုန္သြယ္ေရး ဦးစီးဌာနက ေဖေဖၚဝါရီ ပထမအပတ္အတြင္း ထုတ္ျပန္သည့္ ကာလတူ ပုံမွန္/နယ္စပ္ျပည္ပပို႔ကုန္ အုပ္စုအလိုက္ ႏိူင္းယွဥ္သည့္စာရင္းအခ်က္အလက္အရ သိရပါတယ္။

အဆိုပါစာရင္းအခ်က္အလက္အရ ၂၀၁၉ ခုႏွစ္ေအာက္တိုဘာလမွ ေဖေဖၚဝါရီ ၇ ရက္အထိ  ေလးလ ေက်ာ္ ကာလအတြင္း ျပည္ပသို႔ ပို႔ကုန္ အေမရိကန္ေဒၚလာ ၆၅၀၇ ဒသမ ၁၅၆  သန္း တင္ပို႔ခဲ့ရာမွာ စက္မႈ ကုန္ေခ်ာက႑မွကန္ေဒၚလာ ၃၆၇၁ ဒသမ၅၀၃ သန္း တင္ပို႔ခဲ့ၿပီး စုစုေပါင္ ပို႔ကုန္ပမာဏ ၏ ရာခိုင္ႏူန္း ၆၀ ေက်ာ္ရွိေၾကာင္း သိရပါတယ္။

“ အခုေနာက္ပိုင္း ျပည္ပက စက္မူလုပ္ငန္းေတြ ျမန္မာႏိုင္ငံထဲမွာ လာတည္ၾကတယ္။ ၿပီးေတာ့ ထုတ္လုပ္ၾကတယ္။ သာေကတဘက္မွာ တံတားသံေဘာင္ေတြ ဂ်ပန္ကလုပ္တာရွိတယ္။ သီလဝါ မွာလည္း ကားစက္႐ုံေတြ တည္ေနတာရွိတယ္။ အင္ဂ်င္ေတြ လုပ္ေနတာေတာင္ ရွိမယ္ထင္ တယ္။ ဆူဇူကီးဆို ဒီမွာ ထုတ္ေနတာၾကာၿပီ။ ဒီလိုပို႔တာေတြက တန္ဖိုးမ်ားတဲ့အတြက္ စက္မႈ ကုန္ေခ်ာက ေနာက္ဆို တင္ပို႔တဲ့ တန္ဖိုး ေတာ္ေတာ္ေလးတက္လာမယ္ထင္ပါတယ္ ” လို႔ ဆိပ္ကမ္းရွင္း လင္းေရးလုပ္ကို င္သူတစ္ဦးကဆိုပါတယ္။

ေလးလေက်ာ္ကာလအတြင္း  ျပည္သို႔ ပို႔ကုန္အုပ္စု (၇)စုျဖင့္ ကုန္တင္ပို႔ မႈမွာ ကန္ေဒၚလာ ၆၅၀၇ ဒသမ၁၅၆  သန္းတင္ပို႔ခဲ့ရာမွာ ႏိုင္ငံပိုင္က႑မွ ကန္ေဒၚလာ၁၇၂၃ ဒသမ၂၁၁ သန္းႏွင့္ ပုဂၢလိကပိုင္ က႑မွ ကန္ေဒၚလာ ၄၇၈၃  ဒသမ ၉၄၅ သန္းတင္ပို႔ခဲ့ေၾကာင္းသိရပါတယ္။ အဆိုပါ ပို႔ကုန္ပမာဏမွာယခင္ဘ႑ာႏွစ္ ကာလတူထက္ကန္ ေဒၚ လာ တစ္ဘီလ်ံေက်ာ္ပိုမိုခဲ့ၿပီး စက္မႈ ကုန္ေခ်ာက႑ႏွင့္ သတၱဴတြင္းထြက္တြင္ သန္း ငါးရာေက်ာ္စီပိုခဲ့ကာ တိရိစာၦန္ထြက္ပစၥည္း၊ သစ္ေတာထြက္ပစၥည္းႏွင့္ အျခားက႑တို႔တြင္ ေလ်ာ့နည္းခဲ့ေၾကာင္း သိရပါတယ္။

ၿပီးခဲ့သည့္ ၂၀၁၈- ၂၀၁၉ ဘ႑ာႏွစ္တစ္ခုအတြင္းျပည္ပသို႔ တင္ပို႔မႈပမာဏ ၁၆ ဘီလ်ံခြဲနီးပါး တြင္ ႏိုင္ငံပိုင္က႑မွ အေမရိကန္ေဒၚလာ ေလးဘီလ်ံခြဲနီးပါးႏွင့္ ပုဂၢလိကပိုင္ က႑မွ ဆယ္တစ္ ဘီလ်ံ ေက်ာ္တင္ပို႔ခဲ့ၿပီး ထိုပမာဏမွာ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္ ကာလတူ ထက္ ကန္ေဒၚလာ သန္း၈၀ဝ နီးပါး ပိုမိုတင္ပို႔ႏိုင္ခဲ့ တယ္လို႔ သိရပါတယ္။ ထိုသန္း၈၀ဝနီးပါးတြင္ ႏိုင္ငံပိုင္ က႑မွ ကန္ေဒၚလာ ၈၁ ဒသမ ၉၇၉ သန္း ႏွင့္ ပုဂၢလိကပိုင္ က႑မွ ကန္ ေဒၚလာ၇၁၀ ဒသမ ၄၂၄ သန္း ပိုမိုတင္ ပို႔ႏိုင္ခဲ့ျခင္းျဖစ္ပါတယ္။     

PWA
ရန္ကုန္၊ ေဖေဖၚဝါရီ ၁၆