ဖျက်ဆီးခံခဲ့ရသည့် ဂုတ်တွင်းတံတားတွင် အိမ်စီးကားငယ်များကို စတင်ဖြတ်သန်းခွင့်ပြု

ဖျက်ဆီးခံခဲ့ရသည့် ဂုတ်တွင်းတံတားတွင် အိမ်စီးကားငယ်များကို စတင်ဖြတ်သန်းခွင့်ပြု

ဖျက်ဆီးခံခဲ့ရသည့် ဂုတ်တွင်းတံတားတွင် အိမ်စီးကားငယ်များ စတင်ဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဗုံးခွဲဖျက်ဆီးခံခဲ့ရသည့် ဂုတ်တွင်းတံတားနေရာတွင် ယာယီဘေလီတံတားထိုးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယနေ့ သြဂုတ်လ ၂၀ ရက် မွန်းလွဲ ၁ နာရီအချိန်မှ စတင်ပြီး အိမ်စီးကားငယ်များအားဂုတ်တွင်း ယာယီဘေလီတံတားပေါ်မှစတင် ဖြတ်သန်းခွင့်ပြုခဲ့ခြင်း ဖြစ်ပါတယ်။ရှမ်းပြည်နယ် နောင်ချို နှင့် ကျောက်မဲမြို့အကြားရှိ ဂုတ်တွင်းတံတား သည် သြဂုတ်လ ၁၅ ရက်နေ့ က ဗုံးခွဲဖျက်ဆီးခံခဲ့ရ၍ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ လမ်း/တံတား အင်ဂျင်နီယာများ နှင့်ကျွမ်းကျင်လုပ်သား (၂၀၀)ကျော် တို့ နေ့/ည မပြတ် တည်ဆောက်ရေး လုပ်ငန်းများအားဆောင်ရွက်ခဲ့ရာ စတင်ပြင်ဆင် ဆောက် လုပ်သည့်နေမှ ၅ ရက်အကြာတွင် အိမ်စီးကားငယ်များ စတင်စေလွှတ်နိုင်ခဲ့ပြီး ယနေ့ ညနေပိုင်းတွင် ၃၆ တန်အထိ ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့်ပြုရန် ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

 မင်းထွန်း(အုတ်ကျင်း)
ဂုတ်တွင်း၊ သြဂုတ် ၂၀
ဓာတ်ပုံ - ဆောက်လုပ်ရေးဝန်ကြီးဌာန

(  Zawgyi  )

 ဖ်က္ဆီးခံခဲ့ရသည့္ ဂုတ္တြင္းတံတားတြင္ အိမ္စီးကားငယ္မ်ား စတင္ျဖတ္သန္းခြင့္ျပဳၿပီျဖစ္ေၾကာင္း ေဆာက္လုပ္ ေရးဝန္ႀကီးဌာနမွ ယေန႔သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဗုံးခြဲဖ်က္ဆီးခံခဲ့ရသည့္ ဂုတ္တြင္းတံတားေနရာတြင္ ယာယီေဘလီတံတားထိုးျခင္း လုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ရာ ယေန႔ ၾသဂုတ္လ ၂၀ ရက္ မြန္းလြဲ ၁ နာရီအခ်ိန္မွ စတင္ၿပီး အိမ္စီးကားငယ္မ်ားအားဂုတ္တြင္း ယာယီေဘလီတံတားေပၚမွစတင္ ျဖတ္သန္းခြင့္ျပဳခဲ့ျခင္း ျဖစ္ပါတယ္။ရွမ္းျပည္နယ္ ေနာင္ခ်ိဳ ႏွင့္ ေက်ာက္မဲၿမိဳ႕အၾကားရွိ ဂုတ္တြင္းတံတား သည္ ၾသဂုတ္လ ၁၅ ရက္ေန႔ က ဗုံးခြဲဖ်က္ဆီးခံခဲ့ရ၍ ေဆာက္လုပ္ေရး ဝန္ႀကီးဌာနမွ လမ္း/တံတား အင္ဂ်င္နီယာမ်ား ႏွင့္ကြၽမ္းက်င္လုပ္သား (၂၀၀)ေက်ာ္ တို႔ ေန႔/ည မျပတ္ တည္ေဆာက္ေရး လုပ္ငန္းမ်ားအားေဆာင္႐ြက္ခဲ့ရာ စတင္ျပင္ဆင္ ေဆာက္ လုပ္သည့္ေနမွ ၅ ရက္အၾကာတြင္ အိမ္စီးကားငယ္မ်ား စတင္ေစလႊတ္ႏိုင္ခဲ့ၿပီး ယေန႔ ညေနပိုင္းတြင္ ၃၆ တန္အထိ ကုန္တင္ယာဥ္မ်ား ျဖတ္သန္းခြင့္ျပဳရန္ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ ဆိုပါတယ္။

 မင္းထြန္း(အုတ္က်င္း)
ဂုတ္တြင္း၊ ၾသဂုတ္ ၂၀
ဓာတ္ပုံ - ေဆာက္လုပ္ေရးဝန္ႀကီးဌာန