ဖြစ်သလိုရုန်းကန်ရှင်သန်ရတဲ့ ပြည်သူတွေ မဖြစ်စေချင်လို့ ငြိမ်းချမ်းရေးရအောင် အားလုံးကဝိုင်းဝန်းကြိုးစားပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

ဖြစ်သလိုရုန်းကန်ရှင်သန်ရတဲ့ ပြည်သူတွေ မဖြစ်စေချင်လို့ ငြိမ်းချမ်းရေးရအောင် အားလုံးကဝိုင်းဝန်းကြိုးစားပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

ပြည်သူတွေကို ဖြစ်သလိုရုန်းကန်ပြီးတော့ ရှင်သန်ရတဲ့ပြည်သူတွေ မဖြစ်စေချင်တဲ့အတွက် ငြိမ်းချမ်းရေးရရှိအောင် အားလုံးကဝိုင်းဝန်းကြိုးစားပေးကြဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ကရင်ပြည်နယ်၊မြဝတီမြို့မှာပြုလုပ်ခဲ့တဲ့ လူထုတွေ့ဆုံပွဲမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒါ့အပြင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က စိတ်အတွင်းက တကယ်ငြိမ်းချမ်းရေးမလိုချင်ပဲနဲ့ ပါးစပ်က ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး လို့ပြောပြီး စိတ်ထဲကတော့ လောဘ၊ဒေါသ၊မောဟတွေ နဲ့လုပ်နေမယ်ဆိုလို့ရှိရင် ငြိမ်းချမ်းရေးလမ်းစဉ်က ကြာနေအုံးမှာဖြစ်တယ်လို့လည်း အဆိုပါလူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါသေးတယ်။

“ကျမတို့အားလုံးဟာ ငြိမ်းချမ်းရေးရဖို့အတွက် ဝိုင်းဝန်းပြီးတော့ဆောင်ရွက်ဖို့လိုပါတယ်။ ငြိမ်းချမ်းရေးရဖို့ဆိုတာက စိတ်အတွင်းကစရမယ့်ကိစ္စပါ။စိတ်အတွင်းက တကယ်ကို ငြိမ်းချမ်းရေးလိုချင်မှ ကျမတို့ ငြိမ်းချမ်းရေးရနိုင်မှာပါ စိတ်အတွင်းက တကယ်ငြိမ်းချမ်းရေးမလိုချင်ပဲနဲ့ ပါးစပ်က ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး လို့ပြောပြီးတော့ စိတ်ထဲကတော့ လောဘ၊ဒေါသ၊မောဟတွေ နဲ့လုပ်မယ်ဆိုလို့ရှိရင် ကျမတို့ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်က ကြာပါလိမ့်မယ်၊ကြာလည်းကြာခဲ့ပါပြီ။ကျမတို့မြန်မာနိုင်ငံက လွတ်လပ်ရေးရယူချိန်အခါကစပြီးတော့ ပြည်တွင်းစစ် မီးတွေလုံးလုံးငြိမ်းမယ်ဆိုတဲ့ အချိန်အခါက တခါမှ မရှိခဲ့ပါဘူး။ ဒါက(၇၃) နှစ်ရှိသွားပါပြီ။ကျမတို့ရဲ့ ပြည်သူလူထုတွေက (၇၃) နှစ်အတွင်းမှာ ဖြစ်သလိုရုန်းကန် ပြီးတော့ ရှင်သန်နေကြတာပါ။ကျမက ကျမရဲ့ပြည်သူတွေကို ဖြစ်သလိုရုန်းကန်ပြီးတော့ ရှင်သန်ရတဲ့ပြည်သူတွေ မဖြစ်စေချင်ဘူး။ကိုယ့်ရဲ့ရွေးချယ်မှုအရကိုယ်ကလည်းပေးမယ် ကိုယ်ကလည်း ကိုယ့်အခွင့် အရေးကို ကောင်းကောင်းမွန်မွန်စောင့်ရှောက်မယ်၊ ကာကွယ်မယ်၊တာဝန်ကိုလည်း ထမ်းဆောင်မယ်ဆိုတဲ့ ပြည်သူမျိုးဖြစ်စေချင်ပါတယ်။ကျမတို့ပြည်သူတွေရဲ့ စိတ်ဓါတ်ကို မစိုးရိမ်ပါဘူး၊ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ပြည်သူတွေကိုအတော်ဆုံးဖြစ်စျေင်တာပေါ့။ကိုယ့်သား ကိုယ့်သမီးကို အတော်ဆုံး အလိမ္မာဆုံး ဖြစ်စေချင်သလိုပါပဲ အခြားနိုင်ငံသားတွေထက်စာရင် ကျမတို့ပြည်သူတွေပိုပြီးတော့ တော်စေချင်တယ်။ပိုပြီးတော့ စိတ်ဓါတ်ရေးရာ ပြည့်ဝချင်တယ်။ ပိုပြီးတော့ ဉာဏ်ရည်အရ အမြော်အမြင်ရှိစေချင်တယ် အဲ့လိုပြည်သူမျိုးဖြစ်စေချင်ပါတယ်။”လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။

ထို့အတူ ပြည်သူတွေအနေနဲ့လည်း အမြဲတမ်းနိုင်ငံအတွက်တွေးစေလိုပြီး နိုင်ငံအတွက်ပဲစဉ်းစားစေချင်ကြောင်း၊နေ့တိုင်း နေ့တိုင်းငါဟာ ငါရဲ့နိုင်ငံအကျိုး အတွက်ဘာလုပ်နေလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ သုံးသပ်စေလိုတယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုပါတယ်။

ဆက်လက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျမတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံစစ်စစ်ဖြစ်ဖို့ ကြိုးစားတယ်ဆိုတာက ကျမတို့ပြည်သူလူထုတွေရဲ့ ရွေးချယ်ပိုင်ခွင့်တွေကို မြှင့်တင်ပေးချင်လို့ပဲဖြစ်ပါတယ်။ အဲ့လိုကြိုးစားနေတဲ့ နေရာမှာ အ‌ေ ရေးကြီးဆုံးအချက်က ငြိမ်းချမ်း‌ရေးပါ။ ငြိမ်းချမ်းရေးရဲ့တန်ဖိုး ငြိမ်းချမ်းရေး မရှိသေးတဲ့ အနိဌာရုံတွေကို အသိဆုံးက ကျမတို့ပြည်သူတွေထဲမှာဆိုရင် ကရင်ပြည်နယ်က ပြည်သူတွေ အသိဆုံးဖြစ်ပါတယ်။ ဒီလိုမငြိမ်းချမ်းတဲ့ဒဏ်တွေကိုခံခဲ့ရတယ်။ ငြိမ်းချမ်းတဲ့နေရာတွေမှာ ဘယ်လိုဖွံ့ဖြိုးတိုးတက်လဲ ဆိုတာကိုလည်း မျက်ဝါးထင်ထင် ကြည့်လို့လည်းရပါတယ်။”လို့ အဆိုပါလူထုတွေ့ဆုံပွဲမှာ ထပ်လောင်းပြောကြားခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကရင်ပြည်နယ်ခရီးစဉ်အဖြစ် နှစ်ရက်တာသွားရောက်ခဲ့တာဖြစ်ပြီး အဆိုပါခရီးစဉ်အတွင်း ကော့ကရိတ်မြို့၊ ကြားအင်းဆိပ်ကြီးမြို့၊ မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့ တို့ရှိ ဒေသခံ ပြည်သူလူထုများနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ပြေသိမ်း
ဓါတ်ပုံ - Kayin Information Committee NLD
ကော့ကရိတ်၊ ဖေဖော်ဝါရီ - ၂၅

( Zawgyi )

ျပည္သူေတြကို ျဖစ္သလို႐ုန္းကန္ၿပီးေတာ့ ရွင္သန္ရတဲ့ျပည္သူေတြ မျဖစ္ေစခ်င္တဲ့အတြက္ ၿငိမ္းခ်မ္းေရးရရွိေအာင္ အားလုံးကဝိုင္းဝန္းႀကိဳးစားေပးၾကဖို႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဒီကေန႔ ကရင္ျပည္နယ္၊ျမဝတီၿမိဳ႕မွာျပဳလုပ္ခဲ့တဲ့ လူထုေတြ႕ဆုံပြဲမွာ တိုက္တြန္းေျပာၾကားလိုက္ပါတယ္။

ဒါ့အျပင္ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က စိတ္အတြင္းက တကယ္ၿငိမ္းခ်မ္းေရးမလိုခ်င္ပဲနဲ႔ ပါးစပ္က ၿငိမ္းခ်မ္းေရး ၿငိမ္းခ်မ္းေရး လို႔ေျပာၿပီး စိတ္ထဲကေတာ့ ေလာဘ၊ေဒါသ၊ေမာဟေတြ နဲ႔လုပ္ေနမယ္ဆိုလို႔ရွိရင္ ၿငိမ္းခ်မ္းေရးလမ္းစဥ္က ၾကာေနအုံးမွာျဖစ္တယ္လို႔လည္း အဆိုပါလူထုေတြ႕ဆုံပြဲမွာ ေျပာၾကားခဲ့ပါေသးတယ္။

“က်မတို႔အားလုံးဟာ ၿငိမ္းခ်မ္းေရးရဖို႔အတြက္ ဝိုင္းဝန္းၿပီးေတာ့ေဆာင္႐ြက္ဖို႔လိုပါတယ္။ ၿငိမ္းခ်မ္းေရးရဖို႔ဆိုတာက စိတ္အတြင္းကစရမယ့္ကိစၥပါ။စိတ္အတြင္းက တကယ္ကို ၿငိမ္းခ်မ္းေရးလိုခ်င္မွ က်မတို႔ ၿငိမ္းခ်မ္းေရးရႏိုင္မွာပါ စိတ္အတြင္းက တကယ္ၿငိမ္းခ်မ္းေရးမလိုခ်င္ပဲနဲ႔ ပါးစပ္က ၿငိမ္းခ်မ္းေရး ၿငိမ္းခ်မ္းေရး လို႔ေျပာၿပီးေတာ့ စိတ္ထဲကေတာ့ ေလာဘ၊ေဒါသ၊ေမာဟေတြ နဲ႔လုပ္မယ္ဆိုလို႔ရွိရင္ က်မတို႔ရဲ႕ ၿငိမ္းခ်မ္းေရးလမ္းစဥ္က ၾကာပါလိမ့္မယ္၊ၾကာလည္းၾကာခဲ့ပါၿပီ။က်မတို႔ျမန္မာႏိုင္ငံက လြတ္လပ္ေရးရယူခ်ိန္အခါကစၿပီးေတာ့ ျပည္တြင္းစစ္ မီးေတြလုံးလုံးၿငိမ္းမယ္ဆိုတဲ့ အခ်ိန္အခါက တခါမွ မရွိခဲ့ပါဘူး။ ဒါက(၇၃) ႏွစ္ရွိသြားပါၿပီ။က်မတို႔ရဲ႕ ျပည္သူလူထုေတြက (၇၃) ႏွစ္အတြင္းမွာ ျဖစ္သလို႐ုန္းကန္ ၿပီးေတာ့ ရွင္သန္ေနၾကတာပါ။က်မက က်မရဲ႕ျပည္သူေတြကို ျဖစ္သလို႐ုန္းကန္ၿပီးေတာ့ ရွင္သန္ရတဲ့ျပည္သူေတြ မျဖစ္ေစခ်င္ဘူး။ကိုယ့္ရဲ႕ေ႐ြးခ်ယ္မႈအရကိုယ္ကလည္းေပးမယ္ ကိုယ္ကလည္း ကိုယ့္အခြင့္ အေရးကို ေကာင္းေကာင္းမြန္မြန္ေစာင့္ေရွာက္မယ္၊ ကာကြယ္မယ္၊တာဝန္ကိုလည္း ထမ္းေဆာင္မယ္ဆိုတဲ့ ျပည္သူမ်ိဳးျဖစ္ေစခ်င္ပါတယ္။က်မတို႔ျပည္သူေတြရဲ႕ စိတ္ဓါတ္ကို မစိုးရိမ္ပါဘူး၊ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ့္ျပည္သူေတြကိုအေတာ္ဆုံးျဖစ္ေစ်င္တာေပါ့။ကိုယ့္သား ကိုယ့္သမီးကို အေတာ္ဆုံး အလိမၼာဆုံး ျဖစ္ေစခ်င္သလိုပါပဲ အျခားႏိုင္ငံသားေတြထက္စာရင္ က်မတို႔ျပည္သူေတြပိုၿပီးေတာ့ ေတာ္ေစခ်င္တယ္။ပိုၿပီးေတာ့ စိတ္ဓါတ္ေရးရာ ျပည့္ဝခ်င္တယ္။ ပိုၿပီးေတာ့ ဉာဏ္ရည္အရ အေျမာ္အျမင္ရွိေစခ်င္တယ္ အဲ့လိုျပည္သူမ်ိဳးျဖစ္ေစခ်င္ပါတယ္။”လို႔ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့တာပါ။

ထို႔အတူ ျပည္သူေတြအေနနဲ႔လည္း အၿမဲတမ္းႏိုင္ငံအတြက္ေတြးေစလိုၿပီး ႏိုင္ငံအတြက္ပဲစဥ္းစားေစခ်င္ေၾကာင္း၊ေန႔တိုင္း ေန႔တိုင္းငါဟာ ငါရဲ႕ႏိုင္ငံအက်ိဳး အတြက္ဘာလုပ္ေနလဲဆိုတာကို ကိုယ့္ကိုယ္ကိုယ္ ျပန္ၿပီးေတာ့ သုံးသပ္ေစလိုတယ္လို႔လည္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ဆိုပါတယ္။

ဆက္လက္၍ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က “က်မတို႔ႏိုင္ငံကို ဖြံ႕ၿဖိဳးတိုးတက္တဲ့ ႏိုင္ငံစစ္စစ္ျဖစ္ဖို႔ ႀကိဳးစားတယ္ဆိုတာက က်မတို႔ျပည္သူလူထုေတြရဲ႕ ေ႐ြးခ်ယ္ပိုင္ခြင့္ေတြကို ျမႇင့္တင္ေပးခ်င္လို႔ပဲျဖစ္ပါတယ္။ အဲ့လိုႀကိဳးစားေနတဲ့ ေနရာမွာ အ‌ေ ေရးႀကီးဆုံးအခ်က္က ၿငိမ္းခ်မ္း‌ေရးပါ။ ၿငိမ္းခ်မ္းေရးရဲ႕တန္ဖိုး ၿငိမ္းခ်မ္းေရး မရွိေသးတဲ့ အနိဌာ႐ုံေတြကို အသိဆုံးက က်မတို႔ျပည္သူေတြထဲမွာဆိုရင္ ကရင္ျပည္နယ္က ျပည္သူေတြ အသိဆုံးျဖစ္ပါတယ္။ ဒီလိုမၿငိမ္းခ်မ္းတဲ့ဒဏ္ေတြကိုခံခဲ့ရတယ္။ ၿငိမ္းခ်မ္းတဲ့ေနရာေတြမွာ ဘယ္လိုဖြံ႕ၿဖိဳးတိုးတက္လဲ ဆိုတာကိုလည္း မ်က္ဝါးထင္ထင္ ၾကည့္လို႔လည္းရပါတယ္။”လို႔ အဆိုပါလူထုေတြ႕ဆုံပြဲမွာ ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္သည္ ကရင္ျပည္နယ္ခရီးစဥ္အျဖစ္ ႏွစ္ရက္တာသြားေရာက္ခဲ့တာျဖစ္ၿပီး အဆိုပါခရီးစဥ္အတြင္း ေကာ့ကရိတ္ၿမိဳ႕၊ ၾကားအင္းဆိပ္ႀကီးၿမိဳ႕၊ ျမဝတီၿမိဳ႕ႏွင့္ လႈိင္းဘြဲ႕ၿမိဳ႕ တို႔ရွိ ေဒသခံ ျပည္သူလူထုမ်ားနဲ႔ေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။

ေျပသိမ္း
ဓါတ္ပုံ - Kayin Information Committee NLD
ေကာ့ကရိတ္၊ ေဖေဖာ္ဝါရီ - ၂၅