ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပြုပြင်ပြောင်းလဲဖို့အတွက် ထပ်ပြီးကြိုးစားရဦးမယ်လို့မြင်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်မှပြောကြား

ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပြုပြင်ပြောင်းလဲဖို့အတွက် ထပ်ပြီးကြိုးစားရဦးမယ်လို့မြင်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်မှပြောကြား

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကတော့ကျွန်တော်တို့မျှော်မှန်းထားသလောက်ဒီမိုကရေစီစနစ်တစ်ခုကိုအခုအချိန်ထိ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ပြုပြင်ပြောင်းလဲဖို့အတွက်တော့ထပ်ပြီးကြိုးစားရဦးမယ်လို့မြင်ပါတယ်လို့  ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီးမှာ ပြောကြားခဲ့ပါတယ်။

ဒီကနေ့၊နေပြည်တော်၊ပြည်ထောင်စုလွှတ်တော်(၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၉)ရက်မြောက်နေ့၊ဖွဲ့စည်းပုံအခြေခံဥပဒေဒုတိယအကြိမ်မြောက်ပြင်ဆင်သည့်ဥပဒေကြမ်းများပါပုဒ်မ-၄၃၆ပုဒ်မခွဲ(က)နှင့်ပတ်သက်သော ပုဒ်မများမဲခွဲဆုံးဖြတ်မှုများအား လာရောက် လေ့လာကြည့်ရှုရာ သတင်းသမားများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

"ကျွန်တော်ဒီနေ့လွှတ်တော်ကိုလာပြီးလေ့လာတာကတော့ အဓိကရည်ရွယ်ချက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ကြီးရဲ့ကြိုးပမ်းနေမှုတွေကိုအသိအမှတ်ပြုတဲ့အနေနဲ့ လွှတ်တော် ကိုလာလေ့လာတာဖြစ်ပါတယ်၊ ဒီမှာပြင်ဆင်လို့ ရတဲ့ပုဒ်မတွေလည်းတွေ့ပါတယ်၊ ဒီဥစ္စာကတော့နိုင်ငံရေးအရ သိပ်ကြီးကြီးမားမားပြောင်းလဲသွားနိုင်တဲ့ အချက်အလက်တွေတော့ သိပ်မတွေ့ရပါဘူး၊ပြည်ထောင်စုလွှတ်တော်ကဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့အတွက်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ကြိုးပမ်းနေမှုတွေကိုကျွန်တော်တွေ့ရပါတယ်၊လူထုအတွက် ဒီလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်းဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ပြီးဆောင်ရွက်ခဲ့တာမြင်ရပါတယ်၊ဒီအတွက်ဝမ်းသာပါတယ်၊ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကတော့ကျွန်တော်တို့မျှော်မှန်းထားသလောက် ဒီမိုကရေစီ စနစ်တစ်ခုကိုအခုအချိန်ထိ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ပြုပြင်ပြောင်းလဲဖို့ အတွက်တော့ ထပ်ပြီးကြိုးစား ရဦးမယ်လို့မြင်ပါတယ်၊ဘာပဲပြောပြောလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ကြိုးပမ်းဆောင်ရွက်မှုဟာအားရစရာကောင်းပါတယ်။ပြည်သူ့အတွက်လည်းသူတို့ရဲ့ကြိုးပမ်းဆောင်ရွက်မှုတွေကိုကျွန်တော်အသိအမှတ်ပြုပါတယ်"ဟုရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှပြောပါ
တယ်။

KO
နေပြည်တော်၊မတ်-၁၀

(  Zawgyi   )

 ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးကေတာ့ကြၽန္ေတာ္တို႔ေမွ်ာ္မွန္းထားသေလာက္ဒီမိုကေရစီစနစ္တစ္ခုကိုအခုအခ်ိန္ထိ ဖြဲ႕စည္းပုံ အေျခခံဥပေဒ နဲ႔ျပဳျပင္ေျပာင္းလဲဖို႔အတြက္ေတာ့ထပ္ၿပီးႀကိဳးစားရဦးမယ္လို႔ျမင္ပါတယ္လို႔  ရန္ကုန္တိုင္း ေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ယေန႔ျပဳလုပ္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးအၿပီးမွာ ေျပာၾကားခဲ့ပါတယ္။

ဒီကေန႔၊ေနျပည္ေတာ္၊ျပည္ေထာင္စုလႊတ္ေတာ္(၁၅)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး(၁၉)ရက္ေျမာက္ေန႔၊ဖြဲ႕စည္းပုံအေျခခံဥပေဒဒုတိယအႀကိမ္ေျမာက္ျပင္ဆင္သည့္ဥပေဒၾကမ္းမ်ားပါပုဒ္မ-၄၃၆ပုဒ္မခြဲ(က)ႏွင့္ပတ္သက္ေသာ ပုဒ္မမ်ားမဲခြဲဆုံးျဖတ္မႈမ်ားအား လာေရာက္ ေလ့လာၾကည့္ရႈရာ သတင္းသမားမ်ားႏွင့္ေတြ႕ဆုံစဥ္ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

"ကြၽန္ေတာ္ဒီေန႔လႊတ္ေတာ္ကိုလာၿပီးေလ့လာတာကေတာ့ အဓိကရည္႐ြယ္ခ်က္ကေတာ့ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ ျပည္ေထာင္စုလႊတ္ေတာ္ႀကီးရဲ႕ႀကိဳးပမ္းေနမႈေတြကိုအသိအမွတ္ျပဳတဲ့အေနနဲ႔ လႊတ္ေတာ္ ကိုလာေလ့လာတာျဖစ္ပါတယ္၊ ဒီမွာျပင္ဆင္လို႔ ရတဲ့ပုဒ္မေတြလည္းေတြ႕ပါတယ္၊ ဒီဥစၥာကေတာ့ႏိုင္ငံေရးအရ သိပ္ႀကီးႀကီးမားမားေျပာင္းလဲသြားႏိုင္တဲ့ အခ်က္အလက္ေတြေတာ့ သိပ္မေတြ႕ရပါဘူး၊ျပည္ေထာင္စုလႊတ္ေတာ္ကဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ဖို႔အတြက္လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ႀကိဳးပမ္းေနမႈေတြကိုကြၽန္ေတာ္ေတြ႕ရပါတယ္၊လူထုအတြက္ ဒီလႊတ္ေတာ္ကိုယ္စားလွယ္ေတြအေနနဲ႔လည္းဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးအတြက္ ညႇိႏႈိင္းေပါင္းစပ္ၿပီးေဆာင္႐ြက္ခဲ့တာျမင္ရပါတယ္၊ဒီအတြက္ဝမ္းသာပါတယ္၊ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးကေတာ့ကြၽန္ေတာ္တို႔ေမွ်ာ္မွန္းထားသေလာက္ ဒီမိုကေရစီ စနစ္တစ္ခုကိုအခုအခ်ိန္ထိ ဖြဲ႕စည္းပုံအေျခခံဥပေဒ နဲ႔ျပဳျပင္ေျပာင္းလဲဖို႔ အတြက္ေတာ့ ထပ္ၿပီးႀကိဳးစား ရဦးမယ္လို႔ျမင္ပါတယ္၊ဘာပဲေျပာေျပာလႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ႀကိဳးပမ္းေဆာင္႐ြက္မႈဟာအားရစရာေကာင္းပါတယ္။ျပည္သူ႔အတြက္လည္းသူတို႔ရဲ႕ႀကိဳးပမ္းေဆာင္႐ြက္မႈေတြကိုကြၽန္ေတာ္အသိအမွတ္ျပဳပါတယ္"ဟုရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းမွေျပာပါ
တယ္။

KO
ေနျပည္ေတာ္၊မတ္-၁၀