ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည့်မူကြမ်း ဆွေးနွေးရာတွင် ဂုဏ်သိက္ခာနှင့်လျော်ညီစွာဆွေးနွေးရန်၊ မသက်ဆိုင်သည့်အကြောင်းအရာ ထည့်သွင်းမဆွေးနွေးရန် ကြိုတင်အသိပေး

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည့်မူကြမ်း ဆွေးနွေးရာတွင် ဂုဏ်သိက္ခာနှင့်လျော်ညီစွာဆွေးနွေးရန်၊ မသက်ဆိုင်သည့် အကြောင်းအရာ ထည့်သွင်းမဆွေးနွေးရန် ကြိုတင်အသိပေး

 ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းအား လာမည့် (၂၅) ရက် နေ့မှ စတင် ဆွေးနွေးသွားမည် ဖြစ်ပြီး လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာနှင့် လျော်ညီစွာ ဆွေးနွေးကြရန်နှင့် အခြားမသက်ဆိုင်သည့် အကြောင်း အရာ များကိုထည့် သွင်းဆွေးနွေးခြင်းမပြုကြရန် ပြည်ထောင်စုလွှတ်တော် နာယကမှ ယနေ့ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် (၁၅)ကြိမ် မြောက် အစည်းအဝေး (၁၁)ရက်မြောက်တွင် လွှတ်တော်သို့ ကြိုတင်အသိပေးခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်နာယကမှ "၂၀၂၀ပြည့်နှစ်၊ဖေဖေါ်ဝါရီလ(၂၅)ရက် အင်္ဂါနေ့မှာ စတင်ဆောင်ရွက်ဖို့ လျာထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများ စိစစ်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာ နောက်ဆက် တွဲ-ဇ(၁)နဲ့ စျ(၁) တို့ပါ ပြင်ဆင်တဲ့ ဥပဒေမူကြမ်းများ အပေါ် ဆွေးနွေးဖို့ တစ်ဦးလျှင် (၈)မိနစ်နှုန်းနဲ့ လွှတ်တော်ကိုယ်စားလှယ်(၁၄၉) ဦး အမည် စာရင်း ကိုပြည်ထောင်စုလွှတ်တော် နည်းဥပဒေ-၁၃၇ အညီ သတ်မှတ် လျာထားပြီးဖြစ်ပါတယ်၊ရက်အလိုက်ဆွေးနွေးမည့် အမည်စာရင်း လျာထားချက်ကိုလည်း ကိုယ်စားလှယ်များထံ ဖြန့်ဝေထားပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ -၄၃၆ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ခ)တို့ပါ ပြဌာန်း ချက်များအရ ပြင်ဆင်တဲ့ ဥပဒေခွဲခြားပြုစုထားသော်လည်း တစ်ပေါင်းတည်း ဆွေးနွေးမှာဖြစ်ကြောင်း ဖြည့်စွက်ပြော ကြားလိုပါတယ်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ-၁၃၈မှာ နည်းဥပဒေ-၁၃၇အရ ဆွေးနွေးခွင့်ရရှိသော လွှတ်တော်ကိုယ်စားလှယ်က ဆွေးနွေးရာတွင် ဆွေးနွေးခွင့်ပြုသည့် သတ်မှတ်ချိန်အတွင်း ဆွေးနွေးရမည်ဖြစ်သည် ယင်းပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ပါရှိသည့် ပုဒ်မ များပါ ကိစ္စရပ်များမှအပ အခြား မည်သည့်ကိစ္စကိုမျှ ထည့်သွင်းဆွေးနွေးခြင်း မပြုရလို့ သတ်မှတ်ပြဌာန်း ထားပါတယ်။ ဥပဒေမူကြမ်းများ အပေါ် ဆွေးနွေးကြသည့် အခါ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းအနေနဲ့ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းတစ်ခုခု၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ တိုင်းရင်းသားလူမျိုးစု တစ်ခုခုကို ထိခိုက်စေမယ့် အသုံးအနှုန်း ပြောဆိုချက်များ မပါရှိအောင် ဂရုပြုဆင်ခြင်ကြဖို့လိုအပ်ပါတယ်၊ လွှတ်တော်နဲ့လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဂုဏ်သိက္ခာနှင့် လျော်ညီစွာ ဆွေးနွေးကြဖို့နဲ့ အခြား မသတ်ဆိုင်သည့် အကြောင်းအရာများကို ထည့်သွင်းဆွေးနွေးခြင်း မပြုကြဖို့ ကြိုတင်အသိပေးပြီး အလေးထားမှာကြားလိုပါတယ်" ဟုပြောကြားခဲ့ပါတယ်။

KO
နေပြည်တော်၊ဖေဖော်ဝါရီ ၂၁

(  Zawgyi  )

  ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဒုတိယအႀကိမ္ ျပင္ဆင္သည့္ ဥပေဒမူၾကမ္းအား လာမည့္ (၂၅) ရက္ ေန႔မွ စတင္ ေဆြးေႏြးသြားမည္ ျဖစ္ၿပီး လႊတ္ေတာ္ႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ ဂုဏ္သိကၡာႏွင့္ ေလ်ာ္ညီစြာ ေဆြးေႏြးၾကရန္ႏွင့္ အျခားမသက္ဆိုင္သည့္ အေၾကာင္း အရာ မ်ားကိုထည့္ သြင္းေဆြးေႏြးျခင္းမျပဳၾကရန္ ျပည္ေထာင္စုလႊတ္ေတာ္ နာယကမွ ယေန႔ျပဳလုပ္သည့္ ျပည္ေထာင္စု လႊတ္ေတာ္ (၁၅)ႀကိမ္ ေျမာက္ အစည္းအေဝး (၁၁)ရက္ေျမာက္တြင္ လႊတ္ေတာ္သို႔ ႀကိဳတင္အသိေပးခဲ့ပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္နာယကမွ "၂၀၂၀ျပည့္ႏွစ္၊ေဖေဖၚဝါရီလ(၂၅)ရက္ အဂၤါေန႔မွာ စတင္ေဆာင္႐ြက္ဖို႔ လ်ာထားတဲ့ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကို ဒုတိယအႀကိမ္ ျပင္ဆင္သည့္ ဥပေဒမူၾကမ္းမ်ား စိစစ္ေရးပူးေပါင္းေကာ္မတီရဲ႕ အစီရင္ခံစာ ေနာက္ဆက္ တြဲ-ဇ(၁)နဲ႔ စ်(၁) တို႔ပါ ျပင္ဆင္တဲ့ ဥပေဒမူၾကမ္းမ်ား အေပၚ ေဆြးေႏြးဖို႔ တစ္ဦးလွ်င္ (၈)မိနစ္ႏႈန္းနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္(၁၄၉) ဦး အမည္ စာရင္း ကိုျပည္ေထာင္စုလႊတ္ေတာ္ နည္းဥပေဒ-၁၃၇ အညီ သတ္မွတ္ လ်ာထားၿပီးျဖစ္ပါတယ္၊ရက္အလိုက္ေဆြးေႏြးမည့္ အမည္စာရင္း လ်ာထားခ်က္ကိုလည္း ကိုယ္စားလွယ္မ်ားထံ ျဖန႔္ေဝထားပါတယ္၊ ဖြဲ႕စည္းပုံအေျခခံဥပေဒ -၄၃၆ပုဒ္မခြဲ(က)ႏွင့္ ပုဒ္မခြဲ(ခ)တို႔ပါ ျပဌာန္း ခ်က္မ်ားအရ ျပင္ဆင္တဲ့ ဥပေဒခြဲျခားျပဳစုထားေသာ္လည္း တစ္ေပါင္းတည္း ေဆြးေႏြးမွာျဖစ္ေၾကာင္း ျဖည့္စြက္ေျပာ ၾကားလိုပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္ဆိုင္ရာနည္းဥပေဒ-၁၃၈မွာ နည္းဥပေဒ-၁၃၇အရ ေဆြးေႏြးခြင့္ရရွိေသာ လႊတ္ေတာ္ကိုယ္စားလွယ္က ေဆြးေႏြးရာတြင္ ေဆြးေႏြးခြင့္ျပဳသည့္ သတ္မွတ္ခ်ိန္အတြင္း ေဆြးေႏြးရမည္ျဖစ္သည္ ယင္းျပင္ဆင္သည့္ ဥပေဒမူၾကမ္းတြင္ ပါရွိသည့္ ပုဒ္မ မ်ားပါ ကိစၥရပ္မ်ားမွအပ အျခား မည္သည့္ကိစၥကိုမွ် ထည့္သြင္းေဆြးေႏြးျခင္း မျပဳရလို႔ သတ္မွတ္ျပဌာန္း ထားပါတယ္။ ဥပေဒမူၾကမ္းမ်ား အေပၚ ေဆြးေႏြးၾကသည့္ အခါ လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးခ်င္းအေနနဲ႔ ႏိုင္ငံေရးပါတီ၊ အဖြဲ႕အစည္းတစ္ခုခု၊ လူပုဂၢိဳလ္ တစ္ဦးတစ္ေယာက္၊ တိုင္းရင္းသားလူမ်ိဳးစု တစ္ခုခုကို ထိခိုက္ေစမယ့္ အသုံးအႏႈန္း ေျပာဆိုခ်က္မ်ား မပါရွိေအာင္ ဂ႐ုျပဳဆင္ျခင္ၾကဖို႔လိုအပ္ပါတယ္၊ လႊတ္ေတာ္နဲ႔လႊတ္ေတာ္ကိုယ္စားလွယ္မ်ားရဲ႕ ဂုဏ္သိကၡာႏွင့္ ေလ်ာ္ညီစြာ ေဆြးေႏြးၾကဖို႔နဲ႔ အျခား မသတ္ဆိုင္သည့္ အေၾကာင္းအရာမ်ားကို ထည့္သြင္းေဆြးေႏြးျခင္း မျပဳၾကဖို႔ ႀကိဳတင္အသိေပးၿပီး အေလးထားမွာၾကားလိုပါတယ္" ဟုေျပာၾကားခဲ့ပါတယ္။

KO
ေနျပည္ေတာ္၊ေဖေဖာ္ဝါရီ ၂၁