ဗစ်တိုးရီးယားရဲ့ အမည်ရင်းကို ထုတ်ဖော်ပြောကြားခဲ့တဲ့ ရဲအရာရှိကြီးတွေကို တရားစွဲဖို့ ခွင့်ပြုမိန့်တောင်းဆို

ဗစ်တိုးရီးယားရဲ့ အမည်ရင်းကို ထုတ်ဖော်ပြောကြားခဲ့တဲ့ ရဲအရာရှိကြီးတွေကို တရားစွဲဖို့ ခွင့်ပြုမိန့်တောင်းဆို

ဗစ်တိုးရီးယား ရဲ့ အမည်ရင်းကို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခဲ့တဲ့ ရဲအရာရှိကြီးတွေကို တရားစွဲဖို့အတွက် မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများ အသင်းက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံကို ကြိုတင်ခွင့်ပြုမိန့်စာတောင်းခံလိုက်ပါတယ်။

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ- ၁၉၇(၁) အရ ပြည်သူ့ဝန်ထမ်းတွေကို ရာဇဝတ်မှုနဲ့ တရားစွဲဆိုရာမှာ သမ္မတထံ ကြိုတင်ခွင့်ပြုမိန့် တောင်းခံရမှာ ဖြစ်တာကြောင့် အခုလို တောင်းခံခဲ့တာလည်း ဖြစ်ပါတယ်။

“မြန်မာနိုင်ငံက ဥပဒေအထက်တွင် မည်သူမျှမရှိကြောင်း ထပ်လောင်းသက်သေပြရမည့် အချိန်ဖြစ်ပါသည်” လို့ သမ္မတထံ တောင်းခံတဲ့ ခွင့်ပြုမိန့်စာမှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦး ၊ မှုခင်းညွှန်ကြားရေးမှူး ရဲမှူးကြီး မင်းဟန် ၊ မှုခင်းရဲတပ်ဖွဲ့ဌာနမှူး ရဲမှူးကြီး သာဒွန်းနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ တရားဝင် လှုမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ ရဲဇာနည်(Page) ကို ကိုင်တွယ်တဲ့ တာဝန်ခံတို့ကို ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအရလည်းကောင်း ၊ အခြား သင့်တော်ရာ ရာဇဝတ်ဥပဒေတစ်ရပ်ရပ်အရ သော်လည်းကောင်း တရားစွဲဆိုဖို့ စီစဉ်နေတာပါ။

လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရတယ်လို့ ဆရာဝန်တွေက အတည်ပြုထားခဲ့တဲ့ နေပြည်တော်က မူကြိုကလေးငယ် ဗစ်တိုးရီးယားဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၉ နေ့လယ်ပိုင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့တာပါ။

ဒါအပြင် ကလေးငယ်ရဲ့ မိသားစုနဲ့ သက်ဆိုင်တဲ့ ကိုယ်ရေးအချက်အလက်ပါ စာရွက်စာတမ်းတွေကို ရဲဇာနည်(Page) ကနေ တဆင့် ဖြန့်ဝေခဲ့ပါတယ်။ ဒီအတွက်ကြောင့် ဗစ်တိုးရီးယားရဲ့ မိဘတွေက ရဲတပ်ဖွဲ့အရာရှိကြီးတွေကို တရားစွဲဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

ကလေးသူငယ်သက်သေများအားအကူအညီနှင့်အကာအကွယ်ပေးခြင်းဆိုင်ရာပုဒ်မ ၉၆ (ဃ) မှာ ဘယ်သူကမှ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရတဲ့ ကလေးသူငယ် ဒါမှမဟုတ် မှုခင်းမှာ သက်သေအဖြစ် ပါဝင်နေတဲ့ ကလေးသူငယ် ဘယ်သူဘယ်ဝါဖြစ်ကြောင်း နဲ့ မှုခင်းသတင်းအချက်အလက်တွေရယူခြင်း ၊ ထည့်သွင်းခြင်း နှင့် ကြော်ငြာခြင်း၊ ကလေးသူငယ်ကို ဓာတ်ပုံရိုက်ခြင်း၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ် နှင့် စာအုပ်စာတမ်းတွေမှာ ထည့်သွင်းခြင်း၊ ဖြန့်ချိခြင်း၊ အသုံးပြုခြင်းမပြုရ သို့မဟုတ် ရေဒီယို၊ ရုပ်မြင်သံကြားနှင့် လူမှုဆက်သွယ်ရေး နည်းလမ်းတွေမှာ ထုတ်လွှင့်ခြင်းမပြုရလို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

အဆိုပါ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ်လေးလကနေ တစ်နှစ်ဖြစ်စေ၊ ကျပ်လေးသိန်းကနေ ခြောက်သိန်းထိဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမယ်လို့ ဖော်ပြထားပါတယ်။

ဇေယျာမော်
ရန်ကုန်၊ ဇန်နဝါရီ - ၁၄
ဓါတ်ပုံ - ဗစ်တိုးရီးယားအမှုကို တရားမျှတမှုရရှိရေးအတွက် ဒီဇင်ဘာ ၂၃ ရက်နေ့က ရန်ကုန်မြို့တွင် ပြည်သူများက ဆန္ဒဖော်ထုတ်စဉ်

( Zawgyi )

ဗစ္တိုးရီးယား ရဲ႕ အမည္ရင္းကို သတင္းစာရွင္းလင္းပြဲမွာ ထုတ္ေဖာ္ေျပာၾကားခဲ့တဲ့ ရဲအရာရွိႀကီးေတြကို တရားစြဲဖို႔အတြက္ ျမန္မာႏိုင္ငံလြတ္လပ္ေသာ ေရွ႕ေနမ်ား အသင္းက ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ထံကို ႀကိဳတင္ခြင့္ျပဳမိန႔္စာေတာင္းခံလိုက္ပါတယ္။

ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ- ၁၉၇(၁) အရ ျပည္သူ႔ဝန္ထမ္းေတြကို ရာဇဝတ္မႈနဲ႔ တရားစြဲဆိုရာမွာ သမၼတထံ ႀကိဳတင္ခြင့္ျပဳမိန႔္ ေတာင္းခံရမွာ ျဖစ္တာေၾကာင့္ အခုလို ေတာင္းခံခဲ့တာလည္း ျဖစ္ပါတယ္။

“ျမန္မာႏိုင္ငံက ဥပေဒအထက္တြင္ မည္သူမွ်မရွိေၾကာင္း ထပ္ေလာင္းသက္ေသျပရမည့္ အခ်ိန္ျဖစ္ပါသည္” လို႔ သမၼတထံ ေတာင္းခံတဲ့ ခြင့္ျပဳမိန႔္စာမွာ ေရးသားထားပါတယ္။

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မႉး ရဲမႉးခ်ဳပ္ စိုးႏိုင္ဦး ၊ မႈခင္းၫႊန္ၾကားေရးမႉး ရဲမႉးႀကီး မင္းဟန္ ၊ မႈခင္းရဲတပ္ဖြဲ႕ဌာနမႉး ရဲမႉးႀကီး သာဒြန္းနဲ႔ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ရဲ႕ တရားဝင္ လႈမႈကြန္ရက္စာမ်က္ႏွာျဖစ္တဲ့ ရဲဇာနည္(Page) ကို ကိုင္တြယ္တဲ့ တာဝန္ခံတို႔ကို ၂၀၁၉ ခုႏွစ္ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ဥပေဒအရလည္းေကာင္း ၊ အျခား သင့္ေတာ္ရာ ရာဇဝတ္ဥပေဒတစ္ရပ္ရပ္အရ ေသာ္လည္းေကာင္း တရားစြဲဆိုဖို႔ စီစဥ္ေနတာပါ။

လိင္ပိုင္းဆိုင္ရာ အႏိုင္က်င့္ေစာ္ကားခံရတယ္လို႔ ဆရာဝန္ေတြက အတည္ျပဳထားခဲ့တဲ့ ေနျပည္ေတာ္က မူႀကိဳကေလးငယ္ ဗစ္တိုးရီးယားဟာ ဘယ္သူဘယ္ဝါ ျဖစ္တယ္ဆိုတာကို ရဲတပ္ဖြဲ႕က ဒီဇင္ဘာ ၁၉ ေန႔လယ္ပိုင္းမွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ လူသိရွင္ၾကား ထုတ္ေဖာ္ေျပာဆိုခဲ့တာပါ။

ဒါအျပင္ ကေလးငယ္ရဲ႕ မိသားစုနဲ႔ သက္ဆိုင္တဲ့ ကိုယ္ေရးအခ်က္အလက္ပါ စာ႐ြက္စာတမ္းေတြကို ရဲဇာနည္(Page) ကေန တဆင့္ ျဖန႔္ေဝခဲ့ပါတယ္။ ဒီအတြက္ေၾကာင့္ ဗစ္တိုးရီးယားရဲ႕ မိဘေတြက ရဲတပ္ဖြဲ႕အရာရွိႀကီးေတြကို တရားစြဲဖို႔ ျပင္ဆင္ခဲ့တာျဖစ္ပါတယ္။

ကေလးသူငယ္သက္ေသမ်ားအားအကူအညီႏွင့္အကာအကြယ္ေပးျခင္းဆိုင္ရာပုဒ္မ ၉၆ (ဃ) မွာ ဘယ္သူကမွ ျပစ္မႈက်ဴးလြန္ေၾကာင္း စြပ္စြဲခံရတဲ့ ကေလးသူငယ္ ဒါမွမဟုတ္ မႈခင္းမွာ သက္ေသအျဖစ္ ပါဝင္ေနတဲ့ ကေလးသူငယ္ ဘယ္သူဘယ္ဝါျဖစ္ေၾကာင္း နဲ႔ မႈခင္းသတင္းအခ်က္အလက္ေတြရယူျခင္း ၊ ထည့္သြင္းျခင္း ႏွင့္ ေၾကာ္ျငာျခင္း၊ ကေလးသူငယ္ကို ဓာတ္ပုံ႐ိုက္ျခင္း၊ သတင္းစာ၊ မဂၢဇင္း၊ ဂ်ာနယ္ ႏွင့္ စာအုပ္စာတမ္းေတြမွာ ထည့္သြင္းျခင္း၊ ျဖန႔္ခ်ိျခင္း၊ အသုံးျပဳျခင္းမျပဳရ သို႔မဟုတ္ ေရဒီယို၊ ႐ုပ္ျမင္သံၾကားႏွင့္ လူမႈဆက္သြယ္ေရး နည္းလမ္းေတြမွာ ထုတ္လႊင့္ျခင္းမျပဳရလို႔ ျပ႒ာန္းထားတာ ျဖစ္ပါတယ္။

အဆိုပါ ဥပေဒကို ေဖာက္ဖ်က္က်ဴးလြန္ပါက ေထာင္ဒဏ္ေလးလကေန တစ္ႏွစ္ျဖစ္ေစ၊ က်ပ္ေလးသိန္းကေန ေျခာက္သိန္းထိဒဏ္ေငြျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ က်ခံရမယ္လို႔ ေဖာ္ျပထားပါတယ္။

ေဇယ်ာေမာ္
ရန္ကုန္၊ ဇန္နဝါရီ - ၁၄
ဓါတ္ပုံ - ဗစ္တိုးရီးယားအမႈကို တရားမွ်တမႈရရွိေရးအတြက္ ဒီဇင္ဘာ ၂၃ ရက္ေန႔က ရန္ကုန္ၿမိဳ႕တြင္ ျပည္သူမ်ားက ဆႏၵေဖာ္ထုတ္စဥ္