ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ မြန်မာနိုင်ငံ ကလေးများနေ့အဖြစ် မန္တလေးတွင်ကျင်းပ

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ မြန်မာနိုင်ငံ ကလေးများနေ့အဖြစ် မန္တလေးတွင်ကျင်းပ

ဒီကနေ့မှာကျရောက်တဲ့ မြန်မာနိုင်ငံကလေးများနေ့ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့မှာတော့ မန္တလေးတိုင်း ဒေသကြီးအစိုးရလမ်းညွှန်မှုနဲ့ ကျင်းပပြုလုပ် ခဲ့ ကြသလို မြို့နယ်ရပ်ကွက်အလိုက်တူရာအစုအဖွဲ့တွေကလည်း ဂုဏ်ပြုအထိမ်းအမှတ် အစီအစဉ်တွေ နဲ့ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

မန္တလေးတိုင်းဒေသကြီးအစိုးရလမ်းညွှန်မှုနဲ့ကျင်းပပြုလုပ်တဲ့အခမ်းအနားကို မဟာအောင်မြေ မြို့နယ် ၆၂ လမ်းမနော်ရမ္မံပြည်သူ့ဟစ်တိုင်ကွင်းအတွင်း မနက် ၈ နာရီအချိန်ကစလို့ တေးသရုပ်ဖော် အစီအစဉ်တွေနဲ့ကျင်းပပြုလုပ်ခဲ့ကြတာပဲဖြစ်ပြီး အခမ်းအနားမှာ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့်သစ်တောဝန်ကြီး ဦးမျိုးသစ် တက်ရောက် အားပေး တာကို တွေ့ခဲ့ရပါတယ်။

အဲဒီအခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်း ၁၀၅ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် သမိုင်း မှတ်တမ်း ဓာတ်ပုံပြခန်း၊ ကလေးငယ်တွေရဲ့ပန်းချီရေးဆွဲခြင်းအစီအစဉ်အစရှိတာတွေနဲ့ ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပြီး မန္တလေးတစ်ခရိုင်လုံးက အခြေခံပညာနဲ့ ပုဂ္ဂလိက ကျောင်းအသီး သီး က ကျောင်းသားကျောင်းသူနှစ်ရာကျော် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

မြို့နယ်ရပ်ကွက်အလိုက် ဂုဏ်ပြုတဲ့အစီအစဉ်အနေနဲ့ကတော့ မန္တလေးမြို့က အန်အယ်လ်ဒီ ပါတီ ရပ်ကွက်နဲ့မြို့နယ်ရုံးတွေမှာမနက်မိုးလင်းကတည်းက ပဲပြုတ်နဲ့နံပြား ကျွေးမွေး ဧည့်ခံခြင်း အစီအစဉ်၊ သီးခြားကုသိုလ်ကောင်းမှုပြုခြင်းအစီအစဉ်တွေနဲ့ ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပြီး မြို့နယ်ရပ်ကွက်အလိုက် ပုဂလိကအလှူရှင်တွေကလည်း အလားတူကျွေးမွေးဧည့်ခံခြင်း အစီအစဉ် တွေနဲ့ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာမွေးဖွားခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးဗိသုကာ၊ တပ်မတော် ဖခင်၊ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း က ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မှာပဲ မွေးဖွားခြင်း ၁၀၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ရဲ့မွေးနေ့ကို ၁၉၈၀ ခုနှစ်ကတည်းက မြန်မာနိုင်ငံကလေးများနေ့အဖြစ် အစိုးရကသတ်မှတ်ခဲ့တာဖြစ်ပြီး ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံအနာဂတ်ရဲ့အရေးပါတဲ့ကလေးငယ်တွေကို ဗိုလ်ချုပ် အောင်ဆန်း လို နိုင်ငံရဲ့သားကောင်းရတနာ သမီးကောင်း ရတနာတွေ ဖြစ်လာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကလေးငယ်တွေတိုင်း ဗိုလ်ချုပ်အောင်ဆန်းကိုစံပြအဖြစ်အားကျအတုယူစေရန်၊ ကလေးငယ်တွေ ကာယ ဉာဏစာရိတ္တ၊ မိတ္တနဲ့ဘောဂစတဲ့အခွင့်အရေးတွေကို အပြည့်အဝ အကောင်အထည်ဖော်ရာမှာ ပြည်သူလူထုကတက်တက်ကြွကြွပါဝင်လာစေရန် ဖြစ်တယ်လို့ သိရပါတယ်။

KT                                       
မန္တလေး ဖေဖော်ဝါရီ ၁၃

(  Zawgyi  )

ဒီကေန႔မွာက်ေရာက္တဲ့ ျမန္မာႏိုင္ငံကေလးမ်ားေန႔ (ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔) အထိမ္းအမွတ္ အခမ္းအနားကို မႏၲေလးၿမိဳ႕မွာေတာ့ မႏၲေလးတိုင္း ေဒသႀကီးအစိုးရလမ္းၫႊန္မႈနဲ႔ က်င္းပျပဳလုပ္ ခဲ့ ၾကသလို ၿမိဳ႕နယ္ရပ္ကြက္အလိုက္တူရာအစုအဖြဲ႕ေတြကလည္း ဂုဏ္ျပဳအထိမ္းအမွတ္ အစီအစဥ္ေတြ နဲ႔ က်င္းပျပဳလုပ္ခဲ့ၾကပါတယ္။

မႏၲေလးတိုင္းေဒသႀကီးအစိုးရလမ္းၫႊန္မႈနဲ႔က်င္းပျပဳလုပ္တဲ့အခမ္းအနားကို မဟာေအာင္ေျမ ၿမိဳ႕နယ္ ၆၂ လမ္းမေနာ္ရမၼံျပည္သူ႔ဟစ္တိုင္ကြင္းအတြင္း မနက္ ၈ နာရီအခ်ိန္ကစလို႔ ေတးသ႐ုပ္ေဖာ္ အစီအစဥ္ေတြနဲ႔က်င္းပျပဳလုပ္ခဲ့ၾကတာပဲျဖစ္ၿပီး အခမ္းအနားမွာ မႏၲေလးတိုင္း ေဒသႀကီးအစိုးရအဖြဲ႕ဝင္ သယံဇာတႏွင့္သစ္ေတာဝန္ႀကီး ဦးမ်ိဳးသစ္ တက္ေရာက္ အားေပး တာကို ေတြ႕ခဲ့ရပါတယ္။

အဲဒီအခမ္းအနားကို ဗိုလ္ခ်ဳပ္ေအာင္ဆန္း ၁၀၅ ႏွစ္ျပည့္ေမြးေန႔အထိမ္းအမွတ္အျဖစ္ သမိုင္း မွတ္တမ္း ဓာတ္ပုံျပခန္း၊ ကေလးငယ္ေတြရဲ႕ပန္းခ်ီေရးဆြဲျခင္းအစီအစဥ္အစရွိတာေတြနဲ႔ က်င္းပျပဳလုပ္ခဲ့ၾကတာျဖစ္ၿပီး မႏၲေလးတစ္ခ႐ိုင္လုံးက အေျခခံပညာနဲ႔ ပုဂၢလိက ေက်ာင္းအသီး သီး က ေက်ာင္းသားေက်ာင္းသူႏွစ္ရာေက်ာ္ ပူးေပါင္းပါဝင္ခဲ့ၾကပါတယ္။

ၿမိဳ႕နယ္ရပ္ကြက္အလိုက္ ဂုဏ္ျပဳတဲ့အစီအစဥ္အေနနဲ႔ကေတာ့ မႏၲေလးၿမိဳ႕က အန္အယ္လ္ဒီ ပါတီ ရပ္ကြက္နဲ႔ၿမိဳ႕နယ္႐ုံးေတြမွာမနက္မိုးလင္းကတည္းက ပဲျပဳတ္နဲ႔နံျပား ေကြၽးေမြး ဧည့္ခံျခင္း အစီအစဥ္၊ သီးျခားကုသိုလ္ေကာင္းမႈျပဳျခင္းအစီအစဥ္ေတြနဲ႔ က်င္းပျပဳလုပ္ခဲ့ၾကတာျဖစ္ၿပီး ၿမိဳ႕နယ္ရပ္ကြက္အလိုက္ ပုဂလိကအလႉရွင္ေတြကလည္း အလားတူေကြၽးေမြးဧည့္ခံျခင္း အစီအစဥ္ ေတြနဲ႔က်င္းပျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။

၁၉၁၅ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔မွာေမြးဖြားခဲ့တဲ့ ျမန္မာ့လြတ္လပ္ေရးဗိသုကာ၊ တပ္မေတာ္ ဖခင္၊ အမ်ိဳးသားေခါင္းေဆာင္ႀကီးဗိုလ္ခ်ဳပ္ေအာင္ဆန္း က ဒီကေန႔ ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔ မွာပဲ ေမြးဖြားျခင္း ၁၀၅ ႏွစ္ျပည့္ေျမာက္ခဲ့ၿပီျဖစ္ပါတယ္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ရဲ႕ေမြးေန႔ကို ၁၉၈၀ ခုႏွစ္ကတည္းက ျမန္မာႏိုင္ငံကေလးမ်ားေန႔အျဖစ္ အစိုးရကသတ္မွတ္ခဲ့တာျဖစ္ၿပီး ရည္႐ြယ္ခ်က္ကေတာ့ ျမန္မာႏိုင္ငံအနာဂတ္ရဲ႕အေရးပါတဲ့ကေလးငယ္ေတြကို ဗိုလ္ခ်ဳပ္ ေအာင္ဆန္း လို ႏိုင္ငံရဲ႕သားေကာင္းရတနာ သမီးေကာင္း ရတနာေတြ ျဖစ္လာေစခ်င္တဲ့ ရည္႐ြယ္ခ်က္နဲ႔ ကေလးငယ္ေတြတိုင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းကိုစံျပအျဖစ္အားက်အတုယူေစရန္၊ ကေလးငယ္ေတြ ကာယ ဉာဏစာရိတၱ၊ မိတၱနဲ႔ေဘာဂစတဲ့အခြင့္အေရးေတြကို အျပည့္အဝ အေကာင္အထည္ေဖာ္ရာမွာ ျပည္သူလူထုက တက္တက္ႂကြႂကြ ပါဝင္လာေစရန္ ျဖစ္တယ္လို႔ သိရပါတယ္။

KT                                       
မႏၲေလး ေဖေဖာ္ဝါရီ ၁၃