ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် အရှိန်ကြောင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် မိုးထစ်ချုန်းရွာမည်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် အရှိန်ကြောင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် မိုးထစ်ချုန်းရွာမည်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် အရှိန်ကြောင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုး/ဇလ က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယနေ့ ဒီဇင်ဘာလ ၁၃ ရက် နံနက် ၁၁ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ မုန်တိုင်းငယ် (Depression) ၏ အရှိန်ကြောင့် ယနေ့မွန်းတည့်မှ နောက် (၇၂) နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ် နဲ့ ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ဆိုပါတယ်။

မုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက် (၆၃၅) မိုင်ခန့်၊ မာချီလီပတ္တနမ်မြို့၏ အရှေ့တောင်ဘက် မိုင် (၇၃၀) ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့၏ အရှေ့ - အရှေ့တောင်ဘက် မိုင် (၄၆၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျှားမည့် အခြေအနေ မရှိဘူးလို့ ဆိုပါတယ်။

မုန်တိုင်းငယ်သည် နောက် (၁၂) နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပြီး  မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်နိုင်တဲ့အတွက် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုကြဖို့ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဒီဇင်ဘာ - ၁၃

( Zawgyi )

ဘဂၤလားပင္လယ္ေအာ္တြင္ ျဖစ္ေပၚေနေသာ မုန္တိုင္းငယ္ အရွိန္ေၾကာင့္ ျမန္မာႏိုင္ငံ အႏွံ႔အျပားတြင္ မိုးထစ္ခ်ဳန္း႐ြာႏိုင္တယ္လို႔ မိုး/ဇလ က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ယေန႔ ဒီဇင္ဘာလ ၁၃ ရက္ နံနက္ ၁၁ နာရီခြဲအခ်ိန္ တိုင္းထြာခ်က္အရ ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ အီေကြတာအနီး အိႏၵိယသမုဒၵရာတို႔တြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္းရပ္ဝန္းသည္ ပိုမိုအားေကာင္းလာကာ မုန္တိုင္းငယ္ (Depression) အျဖစ္သို႔ ေရာက္ရွိခဲ့တယ္လို႔ ဆိုပါတယ္။

အဆိုပါ မုန္တိုင္းငယ္ (Depression) ၏ အရွိန္ေၾကာင့္ ယေန႔မြန္းတည့္မွ ေနာက္ (၇၂) နာရီအတြင္း စစ္ကိုင္းတိုင္းေဒသႀကီး ေအာက္ပိုင္း၊ တနသၤာရီတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္၊ ကရင္ျပည္နယ္ နဲ႔ မြန္ျပည္နယ္တို႔တြင္ ေနရာကြက္က်ား၊ ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ ရခိုင္ျပည္နယ္ နဲ႔ ကယားျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲ မိုးထစ္ခ်ဳန္း ႐ြာႏိုင္တယ္လို႔ ဆိုပါတယ္။

မုန္တိုင္းငယ္သည္ အိႏၵိယႏိုင္ငံ၊ ခ်င္းႏိုင္ၿမိဳ႕၏ အေရွ႕ေတာင္ဘက္ (၆၃၅) မိုင္ခန႔္၊ မာခ်ီလီပတၱနမ္ၿမိဳ႕၏ အေရွ႕ေတာင္ဘက္ မိုင္ (၇၃၀) ခန႔္၊ သီရိလကၤာႏိုင္ငံ၊ ထရီကိုမာလီၿမိဳ႕၏ အေရွ႕ - အေရွ႕ေတာင္ဘက္ မိုင္ (၄၆၀) ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနၿပီး ျမန္မာႏိုင္ငံဘက္သို႔ ဦးတည္ေ႐ြ႕လွ်ားမည့္ အေျခအေန မရွိဘူးလို႔ ဆိုပါတယ္။

မုန္တိုင္းငယ္သည္ ေနာက္ (၁၂) နာရီအတြင္း အားေကာင္းေသာ မုန္တိုင္းငယ္အျဖစ္သို႔ ေရာက္ရွိႏိုင္ၿပီး  ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ တစ္ခါတစ္ရံ မိုးသက္ေလျပင္းမ်ား က်ေရာက္ႏိုင္တဲ့အတြက္ ကမ္းနီး၊ ကမ္းေဝး ငါးဖမ္းေရယာဥ္မ်ား၊ သေဘၤာမ်ားအေနျဖင့္ ႀကိဳတင္သတိျပဳၾကဖို႔ သတိေပးခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဒီဇင္ဘာ - ၁၃