ဘင်္ဂလားပင်လယ်အော်တွင် ၃၆ နာရီအတွင်း မုန်တိုင်းငယ် ဖြစ်ပေါ်မည်

ဘင်္ဂလားပင်လယ်အော်တွင်  ၃၆ နာရီအတွင်း မုန်တိုင်းငယ် ဖြစ်ပေါ်မည်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် နောက် ၃၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း မိုး/ဇလ မှ ယနေ့ အောက်တိုဘာလ ၂၃ ရက် နံနက် ၇ နာရီအချိန်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မိုး/ဇလ ထုတ်ပြန်ချက်မှာတော့ ဘင်္ဂလားပင်လယ်အော် နောက်အလယ်ပိုင်း နှင့် အနောက် တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအား နည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေပြီး ပိုမိုအား ကောင်းလာကာ နောက် (၃၆)နာရီအတွင်း မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိလာနိုင် တယ်လို့ ယနေ့နံနက် ၆ နာရီခွဲ အချိန်တိုင်းထွာချက်ကို အခြေခံကာ ထုတ်ပြန်ခန့်မှန်းထားပါတယ်။

ထို့ပြင်  အဆိုပါ လေဖိအားနည်းရပ်ဝန်းငယ်အှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။

နောက်(၂)ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ အောက်တိုဘာ ၂၃

(  Zawgyi  )





မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ အောက်တိုဘာ ၂၃