ဘဏ္ဍာနှစ် ဆယ်လအတွင်း ပြည်ပသို့ စက်မှုကုန်ချောပစ္စည်းတင်ပို့မှု ကန်ဒေါ်လာ ရှစ်ဘီလျံကျော် ရှိလာ

ဘဏ္ဍာနှစ် ဆယ်လအတွင်း ပြည်ပသို့ စက်မှုကုန်ချောပစ္စည်းတင်ပို့မှု ကန်ဒေါ်လာ ရှစ်ဘီလျံကျော် ရှိလာ

ပြည်သို့ ပို့ကုန်အုပ်စု ၇ စုဖြင့် ကုန်တင်ပို့ခဲ့ရာမှာ ယခုဘဏ္ဍာနှစ် ဆယ်လကျော်အတွင်း စက်မှုကုန် ချောပို့ကုန်အုပ်စုမှာ ကန်ဒေါ်လာ ရှစ်ဘီလျံကျော်တင်ပို့နိုင်ခဲ့တယ်လို့ သြဂုတ် ဒုတိယအပတ် အတွင်း ထုတ်ပြန် တဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကာလတူ ပုံမှန်/နယ်စပ်ပြည်ပပို့ကုန် အုပ်စုအလိုက် နိုင်းယှဉ်တင်ပြတဲ့ စာရင်းအချက်အလက်အရ သိရပါတယ်။

“ ပြည်တွင်းမှာ အခြေစိုက်နေတဲ့ တစ်ဝက်တစ်ပျက်တပ်ဆင်တဲ့ ကားတွေတင်ပို့တာရှိမယ်။နောက် သီလဝါလို စက်မှုဇုန်တွေကနေ ထွက်လာတဲ့ စက်ပစ္စည်းတွေလည်းရှိမယ်။ သံဘောင်တွေ ပြည်ပကိုပို့နေတာ လည်း ရှိတယ်။ အဓိက ကတော့ ဂျပန်ကနေ ဒီမှာ စက်တပ်ဆင်ပြီး လာထုတ်နေ ကြတဲ့အတွက် နောင်ဆိုရင် ဒီထက်ပိုများလာမယ့် သဘောရှိပါတယ်”လို့ အိတ်စပို့လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း သြဂုတ် ၂ ရက်အထိ ပြည်ပသို့ စက်မှုကုန်ချောပစ္စည်းတင်ပို့မှု ပမာဏမှာ ကန်ဒေါ်လာ ၈၂၀၅ ဒသမ ၈၃၆ သန်းရှိပြီး နိုင်ငံပိုင်ကဏ္ဍမှ ကန်ဒေါ်လာ ၃၂၆၇ ဒသမ ၉၉၁ သန်း နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍမှ ကန်ဒေါ်လာ ၄၉၃၇ ဒသမ ၀၄၅ သန်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။

ယခုဘဏ္ဍာနှစ် ဆယ်လကျော်အတွင်းတင်ပို့သည့် ပမာဏမှာ ယခင်ဘဏ္ဍာနှစ် ကာလတူတင် ပို့မှု ပမာဏထက် တစ်ဘီလျံခွဲနီးပါး ပိုမိုတင်ပို့နိုင်ခဲ့ တယ်လို့ သိရပါတယ်။ ယခင်ကာလတူတွင် စက်မှုကုန်ချောပစ္စည်းပြည်ပသို့ ကန်ဒေါ်လာ ၆၇၅၅ ဒသမ  ၈၂၃ သန်းတင်ပို့ခဲ့ပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဇူလိုင် ၁၉ ရက်အထိ ပြည်ပသို့ ပို့ကုန်တင်ပို့ရာတွင် ပိုကုန်တန်ဖိုး ကန်ဒေါ်လာ ၁၄ ဘီလျံကျော် ရှိပြီး ထိုပမာဏမှာ ပြီးခဲ့သည့်နှစ်ကာလတူထက် ကန်ဒေါ်လာ သန်း၈၀၀ နီးပါးပိုမိုကုန်သွယ်ခဲ့ကြောင်းသိရပါတယ်။

PWA
ရန်ကုန်၊ သြဂုတ် ၁၃

(  Zawgyi  )

 ျပည္သို႔ ပို႔ကုန္အုပ္စု ၇ စုျဖင့္ ကုန္တင္ပို႔ခဲ့ရာမွာ ယခုဘ႑ာႏွစ္ ဆယ္လေက်ာ္အတြင္း စက္မႈကုန္ ေခ်ာပို႔ကုန္အုပ္စုမွာ ကန္ေဒၚလာ ရွစ္ဘီလ်ံေက်ာ္တင္ပို႔ႏိုင္ခဲ့တယ္လို႔ ၾသဂုတ္ ဒုတိယအပတ္ အတြင္း ထုတ္ျပန္ တဲ့ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနရဲ႕ ကာလတူ ပုံမွန္/နယ္စပ္ျပည္ပပို႔ကုန္ အုပ္စုအလိုက္ ႏိုင္းယွဥ္တင္ျပတဲ့ စာရင္းအခ်က္အလက္အရ သိရပါတယ္။

“ ျပည္တြင္းမွာ အေျခစိုက္ေနတဲ့ တစ္ဝက္တစ္ပ်က္တပ္ဆင္တဲ့ ကားေတြတင္ပို႔တာရွိမယ္။ေနာက္ သီလဝါလို စက္မႈဇုန္ေတြကေန ထြက္လာတဲ့ စက္ပစၥည္းေတြလည္းရွိမယ္။ သံေဘာင္ေတြ ျပည္ပကိုပို႔ေနတာ လည္း ရွိတယ္။ အဓိက ကေတာ့ ဂ်ပန္ကေန ဒီမွာ စက္တပ္ဆင္ၿပီး လာထုတ္ေန ၾကတဲ့အတြက္ ေနာင္ဆိုရင္ ဒီထက္ပိုမ်ားလာမယ့္ သေဘာရွိပါတယ္”လို႔ အိတ္စပို႔လုပ္ငန္းလုပ္ကိုင္သူတစ္ဦးက ဆိုပါတယ္။

၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္အတြင္း ၾသဂုတ္ ၂ ရက္အထိ ျပည္ပသို႔ စက္မႈကုန္ေခ်ာပစၥည္းတင္ပို႔မႈ ပမာဏမွာ ကန္ေဒၚလာ ၈၂၀၅ ဒသမ ၈၃၆ သန္းရွိၿပီး ႏိုင္ငံပိုင္က႑မွ ကန္ေဒၚလာ ၃၂၆၇ ဒသမ ၉၉၁ သန္း ႏွင့္ ပုဂၢလိကပိုင္က႑မွ ကန္ေဒၚလာ ၄၉၃၇ ဒသမ ၀၄၅ သန္းတင္ပို႔ခဲ့တယ္လို႔ သိရပါတယ္။

ယခုဘ႑ာႏွစ္ ဆယ္လေက်ာ္အတြင္းတင္ပို႔သည့္ ပမာဏမွာ ယခင္ဘ႑ာႏွစ္ ကာလတူတင္ ပို႔မႈ ပမာဏထက္ တစ္ဘီလ်ံခြဲနီးပါး ပိုမိုတင္ပို႔ႏိုင္ခဲ့ တယ္လို႔ သိရပါတယ္။ ယခင္ကာလတူတြင္ စက္မႈကုန္ေခ်ာပစၥည္းျပည္ပသို႔ ကန္ေဒၚလာ ၆၇၅၅ ဒသမ  ၈၂၃ သန္းတင္ပို႔ခဲ့ပါတယ္။ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ေအာက္တိုဘာလမွ ဇူလိုင္ ၁၉ ရက္အထိ ျပည္ပသို႔ ပို႔ကုန္တင္ပို႔ရာတြင္ ပိုကုန္တန္ဖိုး ကန္ေဒၚလာ ၁၄ ဘီလ်ံေက်ာ္ ရွိၿပီး ထိုပမာဏမွာ ၿပီးခဲ့သည့္ႏွစ္ကာလတူထက္ ကန္ေဒၚလာ သန္း၈၀၀ နီးပါးပိုမိုကုန္သြယ္ခဲ့ေၾကာင္းသိရပါတယ္။

PWA
ရန္ကုန္၊ ၾသဂုတ္ ၁၃