ဘဏ္ဍာရေးနှစ်သစ် မူဆယ်နယ်စပ်ကုန်သွယ်မှု ပထမသုံးလကျော်အတွင်း ကန်ဒေါ်လာ တစ်ဘီလျံခွဲကျော် ရှိခဲ့

ဘဏ္ဍာရေးနှစ်သစ် မူဆယ်နယ်စပ်ကုန်သွယ်မှု ပထမသုံးလကျော်အတွင်း ကန်ဒေါ်လာ တစ်ဘီလျံခွဲကျော် ရှိခဲ့

တရုတ် - မြန်မာ နယ်စပ် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ယခုဘဏ္ဍာရေးနှစ်သစ် ပထမသုံးလကျော်ကာလအတွင်း တရုတ်နှင့်ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ တစ်ဘီလျံခွဲကျော် ကုန်သွယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဇန်ဝါရီ ဒုတိယအပတ်အတွင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် နယ်စပ်စခန်းများအလိုက် ပို့ကုန်၊ သွင်းကုန် ကာလတူနှိုင်းယှဉ်မှု စာရင်းအချက်အလက်များအရ ယခုကုန်သွယ်မှုအခြေအနေမှာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ပိုမိုခဲ့တယ်လို့ ဆိုပါတယ်။    

“အခြေအနေကောင်းတွေ အများကြီးရှိမယ်လို့ မျှော်လင့်ထားပါတယ်။အခုချိန်က တရုတ်နှစ်ကူးနား ကပ်နေတဲ့အတွက် ကုန်စိမ်းပေါ့၊ သစ်သီးတွေသွက်တယ်။အကုန်လုံး မူဆယ်ကိုပို့နေကြတာ။ဆန်တို့ ရာဘာတို့ ပြောင်းတို့က သဘောတူညီချက် အသက်ဝင်လာမှာကို စောင့်နေတာ။ဘယ်လိုတွေဖြစ်လာမလဲမသိဘူး” လို့ မန္တလေးအခြေစိုက် ကုန်တင်ပို့သူတစ်ဦးက ဆိုပါတယ်။

စာရင်းအချက်အလက်များအရ ယခုဘဏ္ဍာနှစ်သစ် အောက်တိုဘာလမှ ဇန်နဝါရီ ၁၀ ရက်အထိ သုံးလကျော်ကာလအတွင်း မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်  ကန်ဒေါ်လာ ၁၀၄၈  ဒသမ ၁၇၃ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၅၅၄ ဒသမ ၃၄၈ သန်းရှိကာ သုံးလကျော်အတွင်း  စုစုပေါင်း ကန်ဒေါ်လာ ၁၆၀၂ ဒသမ ၅၂၁ သန်းဖိုး ကုန်သွယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါသုံးလကျော်ကာလအတွင်း ကုန်သွယ်မှုတွင် မြန်မာဘက်မှ ကုန်သွယ်ရေးပိုငွေ ကန်ဒေါ်လာ ၄၉၃ ဒသမ ၈၂၅ သန်း ဖြစ်ပေါ်ခဲ့ပါတယ်။

ယခုနှစ် သုံးလကျော်ကာလအတွင်း မူဆယ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုမှာ ယခင်ကာလတူထက် ပို့ကုန်အပိုင်းတွင် ကန်ဒေါ် လာ ၄၃၀  ဒသမ ၃၁၂ သန်း ပိုမိုတင်ပို့ခဲ့ကာ တရုတ်ဘက်မှ ပြန်လည်တင်သွင်းမှုတွင် ယခင်ဘဏ္ဍာရေးနှစ် ကာလတူထက်  ကန်ဒေါ်လာ ၉၀  ဒသမ ၀၃၃ သန်း ပိုမိုတင်သွင်းခဲ့ပါတယ်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုတည်းမှ ကုန်သွယ်မှုမှာ ပို့ကုန်  ကန်ဒေါ်လာ ၃၁၃၇ ဒသမ ၆၀၀ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၁၇၂၆ ဒသမ ၀၅၈ သန်းရှိခဲ့ပြီး စုစုပေါင်းကုန်သွယ်မှု ကန်ဒေါ်လာ ၄၈၉၉ ဒသမ ၆၅၈ သန်းထိ ကုန်သွယ်ခဲ့ကာ ကုန်သွယ်ရေးပိုငွေ ၁၃၇၅ ဒသမ ၅၄၂ သန်း ဖြစ်ပေါ်ခဲ့ပါတယ်။

PWA
ရန်ကုန်၊ ဇန်နဝါရီ - ၂၁
Photo Credit : google map
( Zawgyi )
တ႐ုတ္ - ျမန္မာ နယ္စပ္ မူဆယ္နယ္စပ္ ကုန္သြယ္ေရးစခန္းမွ ယခုဘ႑ာေရးႏွစ္သစ္ ပထမသုံးလေက်ာ္ကာလအတြင္း တ႐ုတ္ႏွင့္ကုန္သြယ္မႈပမာဏမွာ ကန္ေဒၚလာ တစ္ဘီလ်ံခြဲေက်ာ္ ကုန္သြယ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ဇန္ဝါရီ ဒုတိယအပတ္အတြင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနမွ ထုတ္ျပန္သည့္ နယ္စပ္စခန္းမ်ားအလိုက္ ပို႔ကုန္၊ သြင္းကုန္ ကာလတူႏႈိင္းယွဥ္မႈ စာရင္းအခ်က္အလက္မ်ားအရ ယခုကုန္သြယ္မႈအေျခအေနမွာ ယခင္ဘ႑ာႏွစ္ ကာလတူထက္ အေမရိကန္ေဒၚလာ သန္း ၅၀၀ ေက်ာ္ ပိုမိုခဲ့တယ္လို႔ ဆိုပါတယ္။    

“အေျခအေနေကာင္းေတြ အမ်ားႀကီးရွိမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။အခုခ်ိန္က တ႐ုတ္ႏွစ္ကူးနား ကပ္ေနတဲ့အတြက္ ကုန္စိမ္းေပါ့၊ သစ္သီးေတြသြက္တယ္။အကုန္လုံး မူဆယ္ကိုပို႔ေနၾကတာ။ဆန္တို႔ ရာဘာတို႔ ေျပာင္းတို႔က သေဘာတူညီခ်က္ အသက္ဝင္လာမွာကို ေစာင့္ေနတာ။ဘယ္လိုေတြျဖစ္လာမလဲမသိဘူး” လို႔ မႏၲေလးအေျခစိုက္ ကုန္တင္ပို႔သူတစ္ဦးက ဆိုပါတယ္။

စာရင္းအခ်က္အလက္မ်ားအရ ယခုဘ႑ာႏွစ္သစ္ ေအာက္တိုဘာလမွ ဇန္နဝါရီ ၁၀ ရက္အထိ သုံးလေက်ာ္ကာလအတြင္း မူဆယ္ နယ္စပ္ကုန္သြယ္ေရးစခန္းမွ ပို႔ကုန္  ကန္ေဒၚလာ ၁၀၄၈  ဒသမ ၁၇၃ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၅၅၄ ဒသမ ၃၄၈ သန္းရွိကာ သုံးလေက်ာ္အတြင္း  စုစုေပါင္း ကန္ေဒၚလာ ၁၆၀၂ ဒသမ ၅၂၁ သန္းဖိုး ကုန္သြယ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါသုံးလေက်ာ္ကာလအတြင္း ကုန္သြယ္မႈတြင္ ျမန္မာဘက္မွ ကုန္သြယ္ေရးပိုေငြ ကန္ေဒၚလာ ၄၉၃ ဒသမ ၈၂၅ သန္း ျဖစ္ေပၚခဲ့ပါတယ္။

ယခုႏွစ္ သုံးလေက်ာ္ကာလအတြင္း မူဆယ္ကုန္သြယ္ေရးစခန္းမွ ကုန္သြယ္မႈမွာ ယခင္ကာလတူထက္ ပို႔ကုန္အပိုင္းတြင္ ကန္ေဒၚ လာ ၄၃၀  ဒသမ ၃၁၂ သန္း ပိုမိုတင္ပို႔ခဲ့ကာ တ႐ုတ္ဘက္မွ ျပန္လည္တင္သြင္းမႈတြင္ ယခင္ဘ႑ာေရးႏွစ္ ကာလတူထက္  ကန္ေဒၚလာ ၉၀  ဒသမ ၀၃၃ သန္း ပိုမိုတင္သြင္းခဲ့ပါတယ္။

ၿပီးခဲ့သည့္ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္အတြင္း မူဆယ္ နယ္စပ္ကုန္သြယ္ေရးစခန္း တစ္ခုတည္းမွ ကုန္သြယ္မႈမွာ ပို႔ကုန္  ကန္ေဒၚလာ ၃၁၃၇ ဒသမ ၆၀၀ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၁၇၂၆ ဒသမ ၀၅၈ သန္းရွိခဲ့ၿပီး စုစုေပါင္းကုန္သြယ္မႈ ကန္ေဒၚလာ ၄၈၉၉ ဒသမ ၆၅၈ သန္းထိ ကုန္သြယ္ခဲ့ကာ ကုန္သြယ္ေရးပိုေငြ ၁၃၇၅ ဒသမ ၅၄၂ သန္း ျဖစ္ေပၚခဲ့ပါတယ္။

PWA
ရန္ကုန္၊ ဇန္နဝါရီ - ၂၁
Photo Credit : google map