ဘတ်ဂျက်ကိစ္စ ဆွေးနွေးရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူဟု ဆို

ဘတ်ဂျက်ကိစ္စ ဆွေးနွေးရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူဟု ဆို

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူခြင်းဟာ ဘတ်ဂျက်ကိစ္စကို ဆွေးနွေးဖို့အတွက်ဖြစ်တယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရပါတယ်။    

အဆိုပါ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၀) ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၇ နှင့် ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၂ တို့အရ ကျင်းပရန် ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။

ယင်းလွှတ်တော် အရေးပေါ်အစည်းအဝေးကို ယခု ဖေဖော်ဝါရီလ ၂၀ ရက် (ကြာသပတေးနေ့၊ နံနက် (၁၀) နာရီအချိန်တွင် စတင်ကျင်းပမှာ ဖြစ်ပါတယ်။

"ဘတ်ဂျက်ကိစ္စပါပဲ။သိပ်ထွေထွေထူးထူးတော့မရှိပါဘူး။ကျန်တဲ့ကာလအတွင်းမှာတော့ စာရင်းစစ်ချုပ် အစီရင်ခံစာက မီနီဘတ်ဂျက်တစ်ခုနဲ့ ဒီနှစ်ပေါ့နော် သူက တစ်နှစ်စာကျန်သေးတယ်လေ။ပြောရရင် စာရင်းချုပ်ကတော့ မီနီဘတ်ဂျက်တစ်ခုနဲ့ တစ်နှစ်စာကျန်သေးတယ်ပေါ့။နောက်ကျန်တဲ့ကိစ္စကတော့  နောက်တစ်နှစ်စာအတွက်  နောက်ဆုံးနှစ်အတွက် ဘတ်ဂျက်တစ်ခုကိုလည်း  အတည်ပြုပေးဖို့ရှိတာပါ။အဲ့ဒါပါပဲ ကျန်တဲ့ဟာ ထွေထွေထူးထူး မရှိပါဘူး။" လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဦးနေဘုန်းလတ် က ပြောပါတယ်။

ဆက်လက်၍ ၎င်းက "ပြီးခဲ့တဲ့ စာရင်းစစ်ချုပ် အစီရင်ခံစာကိစ္စဆိုရင်  ဒါအစိုးရအဖွဲ့ကနေ ဝန်ကြီးတွေ လာပြီးတော့ရှင်းသွားတာတွေ လုပ်သွားတယ်။ဒါတွေဆိုလည်း တိုးတက်မှုတစ်ခုပေါ့နော်။ရှေ့မှာ နှစ်ခါတင်ခဲ့ဘူးတယ်လေ၊ အဲ့နှစ်ခါတင်တဲ့ဟာက ဝန်ကြီးတွေက မရှင်းဘူးဗျာ့၊ လာပြီးတော့ စစချင်းကတော့ အားမရပါဘူး။အားမရပေမယ့်လည်း ဒီလိုပဲတဖြေးဖြေးနဲ့တော့ ဒီမိုကရေစီကျင့်စဉ်တွေပေါ့လေ အဲ့ဟာတွေကို  ကျနော်တို့က အားကောင်းလာအောင် ပိုပြီးတော့လုပ်ယူရတာပေါ။ရတဲ့ဟာလည်းရတယ် မရတဲ့ဟာလည်းမရဘူးပေါ့လေ။ဒါတွေကတော့ရှိတာပေါ့" ဟု ထပ်လောင်းပြောပြခဲ့ပါတယ်။   

ပြေသိမ်း
ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၅
( Zawgyi )
ဒုတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ အေရးေပၚအစည္းအေဝးေခၚယူျခင္းဟာ ဘတ္ဂ်က္ကိစၥကို ေဆြးေႏြးဖို႔အတြက္ျဖစ္တယ္လို႔ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္မ်ားထံမွ သိရပါတယ္။    

အဆိုပါ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ အေရးေပၚအစည္းအေဝး (၁/၂၀၂၀) ကို ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၁၇၇ ႏွင့္ ၂၀၁၃ ခုႏွစ္၊ တိုင္းေဒသႀကီး (သို႔မဟုတ္) ျပည္နယ္ လႊတ္ေတာ္ဆိုင္ရာ ဥပေဒပုဒ္မ ၃၂ တို႔အရ က်င္းပရန္ ေခၚယူခဲ့ျခင္းျဖစ္ပါတယ္။

ယင္းလႊတ္ေတာ္ အေရးေပၚအစည္းအေဝးကို ယခု ေဖေဖာ္ဝါရီလ ၂၀ ရက္ (ၾကာသပေတးေန႔၊ နံနက္ (၁၀) နာရီအခ်ိန္တြင္ စတင္က်င္းပမွာ ျဖစ္ပါတယ္။

"ဘတ္ဂ်က္ကိစၥပါပဲ။သိပ္ေထြေထြထူးထူးေတာ့မရွိပါဘူး။က်န္တဲ့ကာလအတြင္းမွာေတာ့ စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာက မီနီဘတ္ဂ်က္တစ္ခုနဲ႔ ဒီႏွစ္ေပါ့ေနာ္ သူက တစ္ႏွစ္စာက်န္ေသးတယ္ေလ။ေျပာရရင္ စာရင္းခ်ဳပ္ကေတာ့ မီနီဘတ္ဂ်က္တစ္ခုနဲ႔ တစ္ႏွစ္စာက်န္ေသးတယ္ေပါ့။ေနာက္က်န္တဲ့ကိစၥကေတာ့  ေနာက္တစ္ႏွစ္စာအတြက္  ေနာက္ဆုံးႏွစ္အတြက္ ဘတ္ဂ်က္တစ္ခုကိုလည္း  အတည္ျပဳေပးဖို႔ရွိတာပါ။အဲ့ဒါပါပဲ က်န္တဲ့ဟာ ေထြေထြထူးထူး မရွိပါဘူး။" လို႔ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္  ဦးေနဘုန္းလတ္ က ေျပာပါတယ္။

ဆက္လက္၍ ၎က "ၿပီးခဲ့တဲ့ စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာကိစၥဆိုရင္  ဒါအစိုးရအဖြဲ႕ကေန ဝန္ႀကီးေတြ လာၿပီးေတာ့ရွင္းသြားတာေတြ လုပ္သြားတယ္။ဒါေတြဆိုလည္း တိုးတက္မႈတစ္ခုေပါ့ေနာ္။ေရွ႕မွာ ႏွစ္ခါတင္ခဲ့ဘူးတယ္ေလ၊ အဲ့ႏွစ္ခါတင္တဲ့ဟာက ဝန္ႀကီးေတြက မရွင္းဘူးဗ်ာ့၊ လာၿပီးေတာ့ စစခ်င္းကေတာ့ အားမရပါဘူး။အားမရေပမယ့္လည္း ဒီလိုပဲတေျဖးေျဖးနဲ႔ေတာ့ ဒီမိုကေရစီက်င့္စဥ္ေတြေပါ့ေလ အဲ့ဟာေတြကို  က်ေနာ္တို႔က အားေကာင္းလာေအာင္ ပိုၿပီးေတာ့လုပ္ယူရတာေပါ။ရတဲ့ဟာလည္းရတယ္ မရတဲ့ဟာလည္းမရဘူးေပါ့ေလ။ဒါေတြကေတာ့ရွိတာေပါ့" ဟု ထပ္ေလာင္းေျပာျပခဲ့ပါတယ္။   

ေျပသိမ္း
ရန္ကုန္၊ ေဖေဖာ္ဝါရီ - ၁၅