မင်္ဂလာဒုံ စမ်းကြီးဝနေအိမ်မှ ဖုန်းနှင့်ငွေ ခိုးယူသွားသူကို CCTV မှတဆင့် ခြေရာခံဖမ်းမိ

မင်္ဂလာဒုံ စမ်းကြီးဝနေအိမ်မှ ဖုန်းနှင့်ငွေ ခိုးယူသွားသူကို CCTV မှတဆင့် ခြေရာခံဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝရပ်ကွက်၊ သီတာ(၂)လမ်းရှိ နေအိမ်တစ်အိမ်အတွင်းကနေ လက်ကိုင်ဖုန်း ၃ လုံးအပါအဝင် ကျပ် ၆၁ သိန်းကျော်ခိုးယူသွားတဲ့သူကို တစ်လအကြာမှာ CCTV မှတ်တမ်း များမှ တဆင့် ခြေရာခံဖမ်းမိခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဒီကနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့က အဲ့ဒီနေအိမ်အတွင်း အိပ်ရာဘေး စားပွဲပေါ်တင်ထားတဲ့ MI လက်ကိုင် ဖုန်း(၁)လုံး၊ Samsung Note 5 လက်ကိုင်ဖုန်း(၁)လုံး၊ HUAWEI လက်ကိုင်ဖုန်း(၁)လုံး၊ လက်ပတ် နာရီ (၁) လုံး၊ Samsung တံဆိပ်ပါ လက်ဆွဲအိတ်အတွင်း ထည့်ထားတဲ့ ကျပ် ၂၅ သိန်းခန့်၊ အိပ်ရာခေါင်းရင်းဘက် ဆက်တီခုံမှာ တင်ထားတဲ့ Junwei Bolo ပိုက်ဆံအိတ်အတွင်းရှိ ကျပ် ၂၅ သိန်းခန့်၊ စုစုပေါင်း တန်ဖိုးငွေ ကျပ် ၆၁ သိန်းကျော်အခိုးခံခဲ့ရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါကြောင့် အမှုဖွင့်တိုင်တန်းချက်အရ ခိုးယူခဲ့တဲ့ တရားခံကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ပြီး အခိုးခံခဲ့ရတဲ့ နေအိမ်ပတ်ဝန်းကျင်က CCTV မှတ်တမ်းတွေကို စစ်ဆေးခဲ့ရာမှာ ပြစ်မှုကျူးလွန်သူက မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ စွယ်တော်(၃) လမ်းမှာ နေထိုင်တဲ့ ခိုးမှုပြစ်ချက်ဟောင်းရှိတဲ့သူ ကျော်လင်း(ခ) အညာသားဖြစ်ကြောင်း သိရှိခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

 ပြစ်မှုကျူးလွန်ခဲ့သူ ကျော်လင်း(ခ) အညာသားကို နိုဝင်ဘာလ ၁ ရက်နေ့မှာ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း ဖမ်းမိခဲ့ပြီး စစ်ဆေးခဲ့ရာမှာတော့ ခိုးမှုကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိသူ ကျော်လင်း(ခ)အညာသားကို တခြားပြစ်မှုများ ကျူးလွန်ထားခြင်းရှိ/မရှိ ထပ်မံ စစ်ဆေးခဲ့ရာမှာ သူက အောက်တိုဘာလအတွင်း မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝရပ်ကွက်အတွင်းရှိ နေအိမ်ခြံဝင်း အတွင်းမှ Diang အင်ဂျင်တပ်ထားတဲ့ ဆိုင်ကယ်(၁)စီး၊ စမ်းကြီးဝရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှ Kenbo လက်ကိုင်ဖုန်း(၁) လုံး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်အတွင်းမှ China Mobile လက်ကိုင်ဖုန်း(၁) လုံးတို့ကို ခိုးယူခဲ့ကြောင်း လည်း ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ထား ချက်အရ သိရပါတယ်။

 ရဲနိုင်(လောက်ကိုင်)
ဓာတ်ပုံ- ရန်ကုန်တိုင်းရဲတပ်ဖွဲ့
ရန်ကုန်၊ နိုဝင်ဘာ ၂၂

(  Zawgyi  )

 ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္၊ စမ္းႀကီးဝရပ္ကြက္၊ သီတာ(၂)လမ္းရွိ ေနအိမ္တစ္အိမ္အတြင္းကေန လက္ကိုင္ဖုန္း ၃ လုံးအပါအဝင္ က်ပ္ ၆၁ သိန္းေက်ာ္ခိုးယူသြားတဲ့သူကို တစ္လအၾကာမွာ CCTV မွတ္တမ္း မ်ားမွ တဆင့္ ေျခရာခံဖမ္းမိခဲ့တယ္လို႔ ရန္ကုန္တိုင္းရဲတပ္ဖြဲ႕က ဒီကေန႔ ႏိုဝင္ဘာလ ၂၂ ရက္ေန႔မွာ ထုတ္ျပန္ ထားပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၁ ရက္ေန႔က အဲ့ဒီေနအိမ္အတြင္း အိပ္ရာေဘး စားပြဲေပၚတင္ထားတဲ့ MI လက္ကိုင္ ဖုန္း(၁)လုံး၊ Samsung Note 5 လက္ကိုင္ဖုန္း(၁)လုံး၊ HUAWEI လက္ကိုင္ဖုန္း(၁)လုံး၊ လက္ပတ္ နာရီ (၁) လုံး၊ Samsung တံဆိပ္ပါ လက္ဆြဲအိတ္အတြင္း ထည့္ထားတဲ့ က်ပ္ ၂၅ သိန္းခန႔္၊ အိပ္ရာေခါင္းရင္းဘက္ ဆက္တီခုံမွာ တင္ထားတဲ့ Junwei Bolo ပိုက္ဆံအိတ္အတြင္းရွိ က်ပ္ ၂၅ သိန္းခန႔္၊ စုစုေပါင္း တန္ဖိုးေငြ က်ပ္ ၆၁ သိန္းေက်ာ္အခိုးခံခဲ့ရတာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။

ဒါေၾကာင့္ အမႈဖြင့္တိုင္တန္းခ်က္အရ ခိုးယူခဲ့တဲ့ တရားခံကို ဖမ္းဆီးရမိေရးအတြက္ စုံစမ္းေဆာင္႐ြက္ခဲ့ၿပီး အခိုးခံခဲ့ရတဲ့ ေနအိမ္ပတ္ဝန္းက်င္က CCTV မွတ္တမ္းေတြကို စစ္ေဆးခဲ့ရာမွာ ျပစ္မႈက်ဴးလြန္သူက မဂၤလာဒုံၿမိဳ႕နယ္၊ ေထာက္ၾကန႔္ၿမိဳ႕၊ စြယ္ေတာ္(၃) လမ္းမွာ ေနထိုင္တဲ့ ခိုးမႈျပစ္ခ်က္ေဟာင္းရွိတဲ့သူ ေက်ာ္လင္း(ခ) အညာသားျဖစ္ေၾကာင္း သိရွိခဲ့ရတယ္လို႔ ရဲတပ္ဖြဲ႕က ဆိုပါတယ္။

 ျပစ္မႈက်ဴးလြန္ခဲ့သူ ေက်ာ္လင္း(ခ) အညာသားကို ႏိုဝင္ဘာလ ၁ ရက္ေန႔မွာ မဂၤလာဒုံၿမိဳ႕နယ္၊ ေအာင္မဂၤလာ အေဝးေျပးဝင္းအတြင္း ဖမ္းမိခဲ့ၿပီး စစ္ေဆးခဲ့ရာမွာေတာ့ ခိုးမႈက်ဴးလြန္ခဲ့ေၾကာင္း ေပၚေပါက္ခဲ့တယ္လို႔ သိရပါတယ္။ ဖမ္းဆီးရမိသူ ေက်ာ္လင္း(ခ)အညာသားကို တျခားျပစ္မႈမ်ား က်ဴးလြန္ထားျခင္းရွိ/မရွိ ထပ္မံ စစ္ေဆးခဲ့ရာမွာ သူက ေအာက္တိုဘာလအတြင္း မဂၤလာဒုံၿမိဳ႕နယ္၊ စမ္းႀကီးဝရပ္ကြက္အတြင္းရွိ ေနအိမ္ၿခံဝင္း အတြင္းမွ Diang အင္ဂ်င္တပ္ထားတဲ့ ဆိုင္ကယ္(၁)စီး၊ စမ္းႀကီးဝရပ္ကြက္အတြင္းရွိ ေနအိမ္တစ္အိမ္မွ Kenbo လက္ကိုင္ဖုန္း(၁) လုံး၊ မဂၤလာဒုံၿမိဳ႕နယ္၊ သဃၤန္းကြၽန္းႀကီးရပ္ကြက္အတြင္းရွိ ေနအိမ္တစ္အိမ္အတြင္းမွ China Mobile လက္ကိုင္ဖုန္း(၁) လုံးတို႔ကို ခိုးယူခဲ့ေၾကာင္း လည္း ထပ္မံစစ္ေဆးေပၚေပါက္ခဲ့တယ္လို႔ ရဲတပ္ဖြဲ႕ ထုတ္ျပန္ထား ခ်က္အရ သိရပါတယ္။

 ရဲႏိုင္(ေလာက္ကိုင္)
ဓာတ္ပုံ- ရန္ကုန္တိုင္းရဲတပ္ဖြဲ႕
ရန္ကုန္၊ ႏိုဝင္ဘာ ၂၂