မန္တလေးကျုံးရှေ့က သပြေဘူတပင်အား လှုပ်ရမ်းခါချခဲ့သူကို မန္တလေးစည်ပင်က အမြင့်ဆုံး ပြစ်ဒဏ်အဖြစ်ဒဏ် ငွေနှစ်သိန်းကျပ် ချမှတ်

မန္တလေးကျုံးရှေ့က သပြေဘူတပင်အား လှုပ်ရမ်းခါချခဲ့သူကို မန္တလေးစည်ပင်က အမြင့်ဆုံး ပြစ်ဒဏ်အဖြစ်ဒဏ် ငွေနှစ်သိန်းကျပ် ချမှတ်

မန္တလေးကျုံးရှေ့ပလက်ဖောင်းပေါ်မှာ အများပြည်သူအတွက်စိုက်ပျိုးထားတဲ့ အလှစိုက် သစ်ပင် တစ်ပင်ရဲ့အပွင့်တွေကိုလှုပ်ရမ်းခါချခဲ့တဲ့ အမျိုးသားတစ်ဦးကို ဒီကနေ့မှာပဲ မန္တလေးမြို့တော် စည်ပင်သာယာအထူးတရားရုံးက စည်ပင်ဥပဒေပုဒ်မ ၁၁၆ နဲ့အမြင့်ဆုံးပြစ်ဒဏ် ချမှတ်လိုက် တယ် လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဆီကသိရပါတယ်။

မြို့အတွက်အလှဆင်ပေးထားတဲ့သစ်ပင်ပန်းပင်ကိုဖျက်ဆီးမှုနဲ့ တရားစွဲဆိုပြစ်ဒဏ်ချမှတ် လိုက်တာပဲဖြစ်ပြီး မန္တလေးမြို့တော်စည်ပင် သာယာရဲတပ်ဖွဲ့မှ ဒုရဲအပ်တစ်ဦးက တရားလို ပြုလုပ်တရားစွဲဆိုပြီး အမြင့်ဆုံးပြစ်ဒဏ်အဖြစ်ဒဏ်ငွေနှစ်သိန်းကျပ်ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတာ၀န်ရှိသူတစ်ဦးကပြောပါတယ်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ပြီးခဲ့တဲ့နှစ်ကပဲ မန္တလေးကျုံးရှေ့ ပလက်ဖောင်း ပေါ်မှာ အများပြည်သူအတွက် အဝါရောင်ပန်းတွေပွင့်တဲ့သပြေဘူတပင်တွေ အများအပြားစိုက်ပျိုးပေးခဲ့တာမှာ အခုလအစောပိုင်းမှာတော့ ပန်းတွေပွင့်ခဲ့ပါတယ်။

ပန်းတွေနဲ့ဝေဆာလှပနေတဲ့ကျုံးဘေးပလက်ဖောင်းတစ်လျှောက်မှာ အခုမတ်လဆန်း လောက်က စလို့ လာရောက်ကြည့်ရှုသူတွေ အလှဓာတ်ပုံရိုက်ယူသူတွေနဲ့စည်ကားလို့နေတာမှာ မတ်လ ၉ ရက်ညပိုင်းမှာတော့ ဓာတ်ပုံရိုက်ရင်းအမှုမဲ့အမှတ်မဲ့အပျော်လွန်ခဲ့တဲ့ လူငယ်တစ်စုရဲ့ ပန်းပွင့်တွေ ကိုခြွေချနေတဲ့ဗီဒီယိုဖိုင်တစ်ခု  အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပြီး ဒါကိုမှ မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီက လိုက်လံစုံစမ်းပြီး တရားစွဲဆိုပြစ်ဒဏ်ချမှတ်လိုက်တာပါ။

ဒါနဲ့ပတ်သက်လို့လည်း မန္တလေးမြို့တော်၀န်က သူ့ရဲ့တရား၀င်ဖေ့စ်ဘွတ်စာမျက်နှာမှာ "မြို့တော်ရဲ့ အလှဖျက်ဆီးသူကို စည်ပင်သာယာအထူးတရားရုံးမှ စည်ပင်ဥပဒေပုဒ်မ ၁၁၆ အရ အမြင့်ဆုံးပြစ်ဒဏ် ဒဏ်ငွေကျပ် ၂ သိန်းတပ်ရိုက်အရေးယူခဲ့ပါတယ်" လို့ရေးသားဖော်ပြထားပြီး  အခုပြစ်ဒဏ်ချမှတ်ခံရသူဟာ နောက်ထပ်ကျူးလွန်တာမျိုးမလုပ်ဖို့နဲ့ ကျူးလွန်ကြောင်း တွေ့ရှိရင် ထောင်ဒဏ်အထိအပြစ်ပေး အရေးယူသွားမှာဖြစ်တယ်လို့  ပြောပါတယ်။

KT
မန္တလေး ၊ မတ် ၁၂

(  Zawgyi  )

 မႏၲေလးက်ဳံးေရွ႕ပလက္ေဖာင္းေပၚမွာ အမ်ားျပည္သူအတြက္စိုက္ပ်ိဳးထားတဲ့ အလွစိုက္ သစ္ပင္ တစ္ပင္ရဲ႕အပြင့္ေတြကိုလႈပ္ရမ္းခါခ်ခဲ့တဲ့ အမ်ိဳးသားတစ္ဦးကို ဒီကေန႔မွာပဲ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာအထူးတရား႐ုံးက စည္ပင္ဥပေဒပုဒ္မ ၁၁၆ နဲ႔အျမင့္ဆုံးျပစ္ဒဏ္ ခ်မွတ္လိုက္ တယ္ လို႔ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီဆီကသိရပါတယ္။

ၿမိဳ႕အတြက္အလွဆင္ေပးထားတဲ့သစ္ပင္ပန္းပင္ကိုဖ်က္ဆီးမႈနဲ႔ တရားစြဲဆိုျပစ္ဒဏ္ခ်မွတ္ လိုက္တာပဲျဖစ္ၿပီး မႏၲေလးၿမိဳ႕ေတာ္စည္ပင္ သာယာရဲတပ္ဖြဲ႕မွ ဒုရဲအပ္တစ္ဦးက တရားလို ျပဳလုပ္တရားစြဲဆိုၿပီး အျမင့္ဆုံးျပစ္ဒဏ္အျဖစ္ဒဏ္ေငြႏွစ္သိန္းက်ပ္ျပစ္ဒဏ္ခ်မွတ္ခဲ့တာ ျဖစ္တယ္လို႔ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီတာ၀န္ရွိသူတစ္ဦးကေျပာပါတယ္။

မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက ၿပီးခဲ့တဲ့ႏွစ္ကပဲ မႏၲေလးက်ဳံးေရွ႕ ပလက္ေဖာင္း ေပၚမွာ အမ်ားျပည္သူအတြက္ အဝါေရာင္ပန္းေတြပြင့္တဲ့သေျပဘူတပင္ေတြ အမ်ားအျပားစိုက္ပ်ိဳးေပးခဲ့တာမွာ အခုလအေစာပိုင္းမွာေတာ့ ပန္းေတြပြင့္ခဲ့ပါတယ္။

ပန္းေတြနဲ႔ေဝဆာလွပေနတဲ့က်ဳံးေဘးပလက္ေဖာင္းတစ္ေလွ်ာက္မွာ အခုမတ္လဆန္း ေလာက္က စလို႔ လာေရာက္ၾကည့္ရႈသူေတြ အလွဓာတ္ပုံ႐ိုက္ယူသူေတြနဲ႔စည္ကားလို႔ေနတာမွာ မတ္လ ၉ ရက္ညပိုင္းမွာေတာ့ ဓာတ္ပုံ႐ိုက္ရင္းအမႈမဲ့အမွတ္မဲ့အေပ်ာ္လြန္ခဲ့တဲ့ လူငယ္တစ္စုရဲ႕ ပန္းပြင့္ေတြ ကိုေႁခြခ်ေနတဲ့ဗီဒီယိုဖိုင္တစ္ခု  အြန္လိုင္းေပၚပ်ံ႕ႏွံ႔ခဲ့ၿပီး ဒါကိုမွ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္ သာယာေရး ေကာ္မတီက လိုက္လံစုံစမ္းၿပီး တရားစြဲဆိုျပစ္ဒဏ္ခ်မွတ္လိုက္တာပါ။

ဒါနဲ႔ပတ္သက္လို႔လည္း မႏၲေလးၿမိဳ႕ေတာ္၀န္က သူ႔ရဲ႕တရား၀င္ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ "ၿမိဳ႕ေတာ္ရဲ႕ အလွဖ်က္ဆီးသူကို စည္ပင္သာယာအထူးတရား႐ုံးမွ စည္ပင္ဥပေဒပုဒ္မ ၁၁၆ အရ အျမင့္ဆုံးျပစ္ဒဏ္ ဒဏ္ေငြက်ပ္ ၂ သိန္းတပ္႐ိုက္အေရးယူခဲ့ပါတယ္" လို႔ေရးသားေဖာ္ျပထားၿပီး  အခုျပစ္ဒဏ္ခ်မွတ္ခံရသူဟာ ေနာက္ထပ္က်ဴးလြန္တာမ်ိဳးမလုပ္ဖို႔နဲ႔ က်ဴးလြန္ေၾကာင္း ေတြ႕ရွိရင္ ေထာင္ဒဏ္အထိအျပစ္ေပး အေရးယူသြားမွာျဖစ္တယ္လို႔  ေျပာပါတယ္။

KT
မႏၲေလး ၊ မတ္ ၁၂