မန္တလေးက စက်ရုံအလုပ်ရုံများ မေလအတွင်းပြန်ဖွင့်ရတော့မည်

မန္တလေးက စက်ရုံအလုပ်ရုံများ မေလအတွင်းပြန်ဖွင့်ရတော့မည်

မန္တလေးစက်မှုဇုန်ထဲက စက်ရုံအလုပ်ရုံတွေကို မကြာခင်မှာပဲ ပြန်လည်ဖွင့်လှစ်ပေးသွားတော့ မှာဖြစ်တယ်လို့ စက်ရုံအလုပ်ရုံများစစ် ဆေးရေးအဖွဲ့ဆီက သိရပါတယ်။ မေလဆန်းပိုင်းလောက် ဖွင့်ခွင့်ပြုမယ်ထင်တယ်၊ နောက်အကျဆုံးမေလ ၁၀ ရက်ကနေ ၁၅ ရက်လောက်ပေါ့၊ ဒါကျွန်တော် တို့ခန့်မှန်းမျှော်လင့်ထားတာပါ၊ စက်ရုံတွေပြန်လည် ဖွင့်လှစ်နိုင်မယ်လို့ မျှော်လင့် ပါတယ် လို့ အဲဒီအဖွဲ့မှာပါဝင်တဲ့ မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးနေဝင်း က Opinion Leaders ကိုပြောပါတယ်။

ပြန်လည်ဖွင့်လှစ်လိုတဲ့စက်ရုံအလုပ်ရုံတွေအနေနဲ့လည်း စစ်ဆေးရေး အဖွဲ့ရဲ့ စစ်ဆေးဆောင်ရွက် မှုခံယူဖို့ စာတင်ပြလျှောက်ထား နိုင် တယ်လို့သိရပါတယ်။ မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီမှာရယ်၊ မြို့နယ်ကျန်းမာရေးရယ်၊ အလုပ်သမားရုံးတွေမှာရယ်၊ မြို့နယ် အုပ်ချုပ် ရေးမှူး ရုံးတွေ မှာရယ် စစ်ဆေးခွင့်ပြုနိုင်ပါကြောင်းစာတင်လို့ရှိရင် ကျွန်တော်တို့ လိုက်လံ စစ်ဆေးပေးနေပါတယ် လို့လည်း ၎င်းကပြောပါတယ်။

ကိုဗစ် ၁၉ ရောဂါကြောင့် ယာယီပိတ်ထားရတဲ့ မန္တလေးစက်မှုဇုန်ထဲကစက်ရုံနဲ့အလုပ်ရုံတွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးသွားတော့မှာ ပဲဖြစ်ပြီး စက်ရုံအလုပ်ရုံတွေ ပြန်လည်စတင်နိုင်ဖို့ အတွက်ကတော့ သတ်မှတ်ချက်တွေနဲ့ကိုက်ညီမှုရှိဖို့လည်းလိုတယ် လို့လည်းသိရပါတယ်။
သတ်မှတ်ချက်တွေနဲ့ကိုက်ညီခြင်းရှိမရှိ ကျွန်တော်တို့လိုက်လံစစ်ဆေးနေတာပါ၊ ဧပြီလ ၂၆ ရက်နေ့ကစခဲ့ပါတယ်၊ ဆေးဝါးထုတ်လုပ် ရေးစက်ရုံအလုပ်ရုံတွေ စားသောက်ကုန် ထုတ်လုပ်တဲ့ စက်ရုံအလုပ်ရုံတွေကတော့ ဦးစားပေးကဏ္ဍထဲပါတာပါ၊ ကျန်တဲ့စက်ရုံတွေက တော့ ကျန်းမာရေး သတ်မှတ်ချက်တွေနဲ့ကိုက်ညီရင် ဖွင့်ခွင့်ပေးမှာပါ လို့ မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ပြည်ကြီးတံခွန်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မောင်မောင်ကပြောပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ကဖွဲ့စည်းပေးထားတဲ့ ဒီစစ်ဆေးရေးအဖွဲ့မှာ ကျန်းမာရေး ဦးစီးဌာနက ဦးဆောင်မှုနဲ့ အလုပ်သမားညွှန်ကြား မှုဦးစီးဌာန၊ စက်ရုံအလုပ်ရုံများစစ်ဆေးရေးအဖွဲ့၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ၊ စက်မှုဇုန်ကြီးကြပ်ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့ပါဝင်ပြီး စက်ရုံအလုပ်ရုံတွေအနေနဲ့ အလုပ်သမားများ အတွက် ပါးစပ်နှာခေါင်းစည်း နဲ့ လက်အိတ်တွေတပ်ဆင်ရန် ညွှန်ကြား ထားခြင်းရှိမရှိ၊ လုပ်ငန်းခွင်ဝင်ထွက်ပေါက်များမှာ ကိုယ်အပူချိန် တိုင်းတာတဲ့စက်များရှိမရှိ၊ ခြေနဲ့နင်းပြီးအဖွင့်အပိတ်လုပ်နိုင်တဲ့ လက်ဆေးကန်များဆောင်ရွက်ထားရှိခြင်းရှိမရှိ၊ နေအိမ်မှာ အလုပ်လုပ်နိုင်ရန်ဖြစ်နိုင်တဲ့အလုပ်သမားများကို နေအိမ်များကသာအလုပ်လုပ်စေရန် စီစဉ်ထားခြင်းရှိမရှိ၊ ၆ ပေ အကွာအဝေးများကို ကြမ်းပြင်ပေါ်အမှတ်အသား ပြုလုပ်ထားခြင်း ရှိမရှိ၊ ကိုဗစ် ၁၉ ရောဂါလက္ခဏာများပြသပါက လုပ်ငန်းခွင် သို့မဝင်ရောက်စေဘဲ ကျန်းမာရေး ဌာနသို့ သွားရောက်ဆေးကုသမှုခံယူနိုင်ရန်ရှိမရှိ၊ ဝန်ထမ်းကြိုပို့ယာဉ်များကို အမည်နဲ့ယှဉ်တွဲပြီး ထိုင်ခုံနေရာသတ်မှတ်ထားခြင်းရှိမရှိ၊ အမှိုက်ပုံးများ စနစ်တကျစွန့်ပစ်ခြင်းအတွက် စီစဉ် ဆောင်ရွက်ထား ရှိမှု ရှိမရှိ၊ ထမင်းစားခန်း နားနေခန်းများနဲ့ လုပ်ငန်းခွင်များမှာ လေဝင်လေထွက် ကောင်းမွန်အောင်စီစဉ်ထားရှိမှုရှိမရှိ စတာတွေကိုစစ်ဆေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

KT             
မန္တလေး ၊ ဧပြီ ၂၈

(  Zawgyi  )

 မႏၲေလးစက္မႈဇုန္ထဲက စက္႐ုံအလုပ္႐ုံေတြကို မၾကာခင္မွာပဲ ျပန္လည္ဖြင့္လွစ္ေပးသြားေတာ့ မွာျဖစ္တယ္လို႔ စက္႐ုံအလုပ္႐ုံမ်ားစစ္ ေဆးေရးအဖြဲ႕ဆီက သိရပါတယ္။ ေမလဆန္းပိုင္းေလာက္ ဖြင့္ခြင့္ျပဳမယ္ထင္တယ္၊ ေနာက္အက်ဆုံးေမလ ၁၀ ရက္ကေန ၁၅ ရက္ေလာက္ေပါ့၊ ဒါကြၽန္ေတာ္ တို႔ခန႔္မွန္းေမွ်ာ္လင့္ထားတာပါ၊ စက္႐ုံေတြျပန္လည္ ဖြင့္လွစ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ ပါတယ္ လို႔ အဲဒီအဖြဲ႕မွာပါဝင္တဲ့ မႏၲေလး စက္မႈဇုန္ စီမံခန႔္ခြဲေရးေကာ္မတီ ဒုတိယဥကၠ႒ ဦးေနဝင္း က Opinion Leaders ကိုေျပာပါတယ္။

ျပန္လည္ဖြင့္လွစ္လိုတဲ့စက္႐ုံအလုပ္႐ုံေတြအေနနဲ႔လည္း စစ္ေဆးေရး အဖြဲ႕ရဲ႕ စစ္ေဆးေဆာင္႐ြက္ မႈခံယူဖို႔ စာတင္ျပေလွ်ာက္ထား ႏိုင္ တယ္လို႔သိရပါတယ္။ မႏၲေလးစက္မႈဇုန္စီမံခန႔္ခြဲေရး ေကာ္မတီမွာရယ္၊ ၿမိဳ႕နယ္က်န္းမာေရးရယ္၊ အလုပ္သမား႐ုံးေတြမွာရယ္၊ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ ေရးမႉး ႐ုံးေတြ မွာရယ္ စစ္ေဆးခြင့္ျပဳႏိုင္ပါေၾကာင္းစာတင္လို႔ရွိရင္ ကြၽန္ေတာ္တို႔ လိုက္လံ စစ္ေဆးေပးေနပါတယ္ လို႔လည္း ၎ကေျပာပါတယ္။

ကိုဗစ္ ၁၉ ေရာဂါေၾကာင့္ ယာယီပိတ္ထားရတဲ့ မႏၲေလးစက္မႈဇုန္ထဲကစက္႐ုံနဲ႔အလုပ္႐ုံေတြကို ျပန္လည္ဖြင့္လွစ္ခြင့္ေပးသြားေတာ့မွာ ပဲျဖစ္ၿပီး စက္႐ုံအလုပ္႐ုံေတြ ျပန္လည္စတင္ႏိုင္ဖို႔ အတြက္ကေတာ့ သတ္မွတ္ခ်က္ေတြနဲ႔ကိုက္ညီမႈရွိဖို႔လည္းလိုတယ္ လို႔လည္းသိရပါတယ္။
သတ္မွတ္ခ်က္ေတြနဲ႔ကိုက္ညီျခင္းရွိမရွိ ကြၽန္ေတာ္တို႔လိုက္လံစစ္ေဆးေနတာပါ၊ ဧၿပီလ ၂၆ ရက္ေန႔ကစခဲ့ပါတယ္၊ ေဆးဝါးထုတ္လုပ္ ေရးစက္႐ုံအလုပ္႐ုံေတြ စားေသာက္ကုန္ ထုတ္လုပ္တဲ့ စက္႐ုံအလုပ္႐ုံေတြကေတာ့ ဦးစားေပးက႑ထဲပါတာပါ၊ က်န္တဲ့စက္႐ုံေတြက ေတာ့ က်န္းမာေရး သတ္မွတ္ခ်က္ေတြနဲ႔ကိုက္ညီရင္ ဖြင့္ခြင့္ေပးမွာပါ လို႔ မႏၲေလးတိုင္း ေဒသႀကီး လႊတ္ေတာ္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ ၂ မွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္ေမာင္ေမာင္ကေျပာပါတယ္။

တိုင္းေဒသႀကီးအစိုးရအဖြဲ႕ကဖြဲ႕စည္းေပးထားတဲ့ ဒီစစ္ေဆးေရးအဖြဲ႕မွာ က်န္းမာေရး ဦးစီးဌာနက ဦးေဆာင္မႈနဲ႔ အလုပ္သမားၫႊန္ၾကား မႈဦးစီးဌာန၊ စက္႐ုံအလုပ္႐ုံမ်ားစစ္ေဆးေရးအဖြဲ႕၊ စက္မႈဇုန္စီမံခန႔္ခြဲေရးေကာ္မတီ၊ စက္မႈဇုန္ႀကီးၾကပ္ေရးအဖြဲ႕၊ အေထြေထြအုပ္ခ်ဳပ္ ေရးဦးစီးဌာနနဲ႔ သက္ဆိုင္ရာ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္တို႔ပါဝင္ၿပီး စက္႐ုံအလုပ္႐ုံေတြအေနနဲ႔ အလုပ္သမားမ်ား အတြက္ ပါးစပ္ႏွာေခါင္းစည္း နဲ႔ လက္အိတ္ေတြတပ္ဆင္ရန္ ၫႊန္ၾကား ထားျခင္းရွိမရွိ၊ လုပ္ငန္းခြင္ဝင္ထြက္ေပါက္မ်ားမွာ ကိုယ္အပူခ်ိန္ တိုင္းတာတဲ့စက္မ်ားရွိမရွိ၊ ေျခနဲ႔နင္းၿပီးအဖြင့္အပိတ္လုပ္ႏိုင္တဲ့ လက္ေဆးကန္မ်ားေဆာင္႐ြက္ထားရွိျခင္းရွိမရွိ၊ ေနအိမ္မွာ အလုပ္လုပ္ႏိုင္ရန္ျဖစ္ႏိုင္တဲ့အလုပ္သမားမ်ားကို ေနအိမ္မ်ားကသာအလုပ္လုပ္ေစရန္ စီစဥ္ထားျခင္းရွိမရွိ၊ ၆ ေပ အကြာအေဝးမ်ားကို ၾကမ္းျပင္ေပၚအမွတ္အသား ျပဳလုပ္ထားျခင္း ရွိမရွိ၊ ကိုဗစ္ ၁၉ ေရာဂါလကၡဏာမ်ားျပသပါက လုပ္ငန္းခြင္ သို႔မဝင္ေရာက္ေစဘဲ က်န္းမာေရး ဌာနသို႔ သြားေရာက္ေဆးကုသမႈခံယူႏိုင္ရန္ရွိမရွိ၊ ဝန္ထမ္းႀကိဳပို႔ယာဥ္မ်ားကို အမည္နဲ႔ယွဥ္တြဲၿပီး ထိုင္ခုံေနရာသတ္မွတ္ထားျခင္းရွိမရွိ၊ အမႈိက္ပုံးမ်ား စနစ္တက်စြန႔္ပစ္ျခင္းအတြက္ စီစဥ္ ေဆာင္႐ြက္ထား ရွိမႈ ရွိမရွိ၊ ထမင္းစားခန္း နားေနခန္းမ်ားနဲ႔ လုပ္ငန္းခြင္မ်ားမွာ ေလဝင္ေလထြက္ ေကာင္းမြန္ေအာင္စီစဥ္ထားရွိမႈရွိမရွိ စတာေတြကိုစစ္ေဆး ေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

KT             
မႏၲေလး ၊ ဧၿပီ ၂၈