မန္တလေးတက္ကသိုလ်နယ်မြေအတွင်း ပညာရေးအထောက်အကူပြုသမိုင်းပြတိုက်ကြီး ဖွင့်လှစ်တော့မည်

မန္တလေးတက္ကသိုလ်နယ်မြေအတွင်း ပညာရေးအထောက်အကူပြုသမိုင်းပြတိုက်ကြီး ဖွင့်လှစ်တော့မည်

မြန်မာ့ယဉ်ကျေးမှုရှေးဟောင်းအမွေအနှစ်တွေကိုထိန်းသိမ်းနိုင်ဖို့ နဲ့ ရှေးဟောင်းပစ္စည်း အထောက် အကူပြု စာသင်ကြားနိုင်ဖို့ရည် ရွယ်ပြီး မန္တလေးတက္ကသိုလ်နယ်မြေအတွင်း တည်ထောင်ထားတဲ့ ပညာရေးအထောက်အကူပြုသမိုင်းပြတိုက်ကြီးကို လာမယ့် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဖွင့်လှစ်သွား မှာဖြစ် တယ်လို့ သိရပါတယ်။

"ဆရာကြီးဒေါက်တာသန်းထွန်းလက်ထက်တုန်းက စုထားခဲ့တဲ့ပစ္စည်းတွေ၊ ကျွန်တော့လက်ထက် စုထားတဲ့ပစ္စည်းတွေ တစ်ချို့ အိမ်မှာရှိနေတဲ့ပစ္စည်းတွေကို အိမ်မှာထက် လူတွေကိုပြထားရင် ကောင်းမယ်ဆိုပြီး ဒီပြတိုက်ဖြစ်အောင်လုပ်ဖြစ်တာပါ၊ ဒီဇင်ဘာ ၂၇ ရက်နေ့မှာဖွင့်သွားမှာပါ" လို့ မြန်မာ့သမိုင်းအဖွဲ့ဒုတိယဥက္ကဌ ဒေါက်တာလှတိုး(ပါမောက္ခ-ငြိမ်း သမိုင်းဌာန၊ မန္တလေးတက္ကသိုလ်) ကပြောပါတယ်။

ဒီပြတိုက်ကြီးကတက္ကသိုလ်တွေမှာပထမဦးဆုံးဖွင့်လှစ်တဲ့ပညာရေးအထောက်အကူပြုသမိုင်းပြတိုက်ကြီးတစ်ခုဖြစ်လာမှာပဲဖြစ်ပြီး ပြတိုက်အတွင်း ဆရာကြီးဒေါက်တာသန်းထွန်းနဲ့ ဆရာကြီးဒေါက်တာလှတိုးတို့ စုဆောင်းထားခဲ့တဲ့ ရှေး ဟောင်းသမိုင်းယဉ်ကျေးမှု အမွေအနှစ်တွေကို ပြသထားမှာပါ။

ဒီပြတိုက်ကြီးကို ပြီးခဲ့တဲ့နှစ်ဇူလိုင်လကစပြီး ဒေါက်တာလှတိုးနဲ့ ဒေါက်တာရီရီဝင်းတို့ဦးဆောင်ကာ သမိုင်းကျောင်းသားကျောင်း သူဟောင်းတွေ၊ ဆရာဆရာမတွေ၊ ပြင်ပအလှူရှင်တွေရဲ့ထောက်ပံ့လှူတန်းမှု၊ အားထုတ်ကြိုးပမ်းမှုတွေနဲ့ တည်ထောင်ခဲ့တာဖြစ် တယ်လို့လည်းသိရပါတယ်။

"သမိုင်းပညာရပ်က တိမ်မြုပ်နေသလိုဖြစ်နေပါတယ်၊ သမိုင်းပညာရပ်ကိုစိတ်ဝင်စားရမှာကို နားမလည်ကြပါဘူး၊ ပြတိုက်ဖွင့်လိုက်တဲ့ အတွက် စိတ်ဝင်စားမှုတွေရှိလာကြမယ်" လို့ မန္တလေးတက္ကသိုလ် သမိုင်းဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာရီရီဝင်းကပြောပါတယ်။

ပြတိုက်မှာ အခန်း ၃ ခန်းနဲ့ဖွင့်လှစ်ပြသထားမှာဖြစ်ပြီး မြန်မာ့သမိုင်းဖြစ်ပေါ်တိုးတက်လာမှုနဲ့ မြန်မာတို့မြေပုံရေးဆွဲပုံ၊ နန်းတွင်းဓလေ့ နဲ့ သစ်သားပန်းပုလက်ရာတွေ၊ စာပေပညာပေါ်ထွန်းတိုးတက်လာပုံ နဲ့ ကျောက်စာမှင်ကူးပုံတွေ ပြသထားမှာဖြစ်သလို ပုရပိုက်မြေပုံတွေ၊ သစ်ထွင်းပန်းချီတွေ၊ နံရံဆေးရေးပန်းချီတွေ၊ အဝတ်ပန်းချီတွေ၊ ကျောက်ထွင်းလက်ရာပုံတွေ၊ ကျောက်လက်နက်တွေ၊ ကျောက်ဆင်းတုတော်တွေ၊ ပျူအရိုးအိုးနဲ့အိုးမျိုးစုံ၊ ပျူဒင်္ဂါးတွေ၊ သစ်သားပန်းပုလက်ရာတွေ၊ နန်းတွင်းသုံး ပစ္စည်းတွေ၊ သာသနိကအဆောက်အဦဆိုင်ရာပစ္စည်းတွေ၊ သာမန်ပြည်သူတို့အသုံးအဆောင်တွေ၊ ရှေးခေတ်အဝတ်အထည်တွေ၊ ကျောက်စာတွေ၊ သင်ပုန်းပျဉ်စာတွေ၊ စာတိုက်သေတ္တာ ပေ ပုရပိုက်တွေကို ပြသပေးထားမှာဖြစ်တယ်လို့သိရပါတယ်။

KT
မန္တလေး ဒီဇင်ဘာ ၁၁

(  Zawgyi  )

 ျမန္မာ့ယဥ္ေက်းမႈေရွးေဟာင္းအေမြအႏွစ္ေတြကိုထိန္းသိမ္းႏိုင္ဖို႔ နဲ႔ ေရွးေဟာင္းပစၥည္း အေထာက္ အကူျပဳ စာသင္ၾကားႏိုင္ဖို႔ရည္ ႐ြယ္ၿပီး မႏၲေလးတကၠသိုလ္နယ္ေျမအတြင္း တည္ေထာင္ထားတဲ့ ပညာေရးအေထာက္အကူျပဳသမိုင္းျပတိုက္ႀကီးကို လာမယ့္ ဒီဇင္ဘာ ၂၇ ရက္ေန႔မွာ ဖြင့္လွစ္သြား မွာျဖစ္ တယ္လို႔ သိရပါတယ္။

"ဆရာႀကီးေဒါက္တာသန္းထြန္းလက္ထက္တုန္းက စုထားခဲ့တဲ့ပစၥည္းေတြ၊ ကြၽန္ေတာ့လက္ထက္ စုထားတဲ့ပစၥည္းေတြ တစ္ခ်ိဳ႕ အိမ္မွာရွိေနတဲ့ပစၥည္းေတြကို အိမ္မွာထက္ လူေတြကိုျပထားရင္ ေကာင္းမယ္ဆိုၿပီး ဒီျပတိုက္ျဖစ္ေအာင္လုပ္ျဖစ္တာပါ၊ ဒီဇင္ဘာ ၂၇ ရက္ေန႔မွာဖြင့္သြားမွာပါ" လို႔ ျမန္မာ့သမိုင္းအဖြဲ႕ဒုတိယဥကၠဌ ေဒါက္တာလွတိုး(ပါေမာကၡ-ၿငိမ္း သမိုင္းဌာန၊ မႏၲေလးတကၠသိုလ္) ကေျပာပါတယ္။

ဒီျပတိုက္ႀကီးကတကၠသိုလ္ေတြမွာပထမဦးဆုံးဖြင့္လွစ္တဲ့ပညာေရးအေထာက္အကူျပဳသမိုင္းျပတိုက္ႀကီးတစ္ခုျဖစ္လာမွာပဲျဖစ္ၿပီး ျပတိုက္အတြင္း ဆရာႀကီးေဒါက္တာသန္းထြန္းနဲ႔ ဆရာႀကီးေဒါက္တာလွတိုးတို႔ စုေဆာင္းထားခဲ့တဲ့ ေရွး ေဟာင္းသမိုင္းယဥ္ေက်းမႈ အေမြအႏွစ္ေတြကို ျပသထားမွာပါ။

ဒီျပတိုက္ႀကီးကို ၿပီးခဲ့တဲ့ႏွစ္ဇူလိုင္လကစၿပီး ေဒါက္တာလွတိုးနဲ႔ ေဒါက္တာရီရီဝင္းတို႔ဦးေဆာင္ကာ သမိုင္းေက်ာင္းသားေက်ာင္း သူေဟာင္းေတြ၊ ဆရာဆရာမေတြ၊ ျပင္ပအလႉရွင္ေတြရဲ႕ေထာက္ပံ့လႉတန္းမႈ၊ အားထုတ္ႀကိဳးပမ္းမႈေတြနဲ႔ တည္ေထာင္ခဲ့တာျဖစ္ တယ္လို႔လည္းသိရပါတယ္။

"သမိုင္းပညာရပ္က တိမ္ျမဳပ္ေနသလိုျဖစ္ေနပါတယ္၊ သမိုင္းပညာရပ္ကိုစိတ္ဝင္စားရမွာကို နားမလည္ၾကပါဘူး၊ ျပတိုက္ဖြင့္လိုက္တဲ့ အတြက္ စိတ္ဝင္စားမႈေတြရွိလာၾကမယ္" လို႔ မႏၲေလးတကၠသိုလ္ သမိုင္းဌာနမွ ပါေမာကၡဌာနမႉး ေဒါက္တာရီရီဝင္းကေျပာပါတယ္။

ျပတိုက္မွာ အခန္း ၃ ခန္းနဲ႔ဖြင့္လွစ္ျပသထားမွာျဖစ္ၿပီး ျမန္မာ့သမိုင္းျဖစ္ေပၚတိုးတက္လာမႈနဲ႔ ျမန္မာတို႔ေျမပုံေရးဆြဲပုံ၊ နန္းတြင္းဓေလ့ နဲ႔ သစ္သားပန္းပုလက္ရာေတြ၊ စာေပပညာေပၚထြန္းတိုးတက္လာပုံ နဲ႔ ေက်ာက္စာမွင္ကူးပုံေတြ ျပသထားမွာျဖစ္သလို ပုရပိုက္ေျမပုံေတြ၊ သစ္ထြင္းပန္းခ်ီေတြ၊ နံရံေဆးေရးပန္းခ်ီေတြ၊ အဝတ္ပန္းခ်ီေတြ၊ ေက်ာက္ထြင္းလက္ရာပုံေတြ၊ ေက်ာက္လက္နက္ေတြ၊ ေက်ာက္ဆင္းတုေတာ္ေတြ၊ ပ်ဴအ႐ိုးအိုးနဲ႔အိုးမ်ိဳးစုံ၊ ပ်ဴဒဂၤါးေတြ၊ သစ္သားပန္းပုလက္ရာေတြ၊ နန္းတြင္းသုံး ပစၥည္းေတြ၊ သာသနိကအေဆာက္အဦဆိုင္ရာပစၥည္းေတြ၊ သာမန္ျပည္သူတို႔အသုံးအေဆာင္ေတြ၊ ေရွးေခတ္အဝတ္အထည္ေတြ၊ ေက်ာက္စာေတြ၊ သင္ပုန္းပ်ဥ္စာေတြ၊ စာတိုက္ေသတၱာ ေပ ပုရပိုက္ေတြကို ျပသေပးထားမွာျဖစ္တယ္လို႔သိရပါတယ္။

KT
မႏၲေလး ဒီဇင္ဘာ ၁၁