မန္တလေးတက္ကသိုလ် ရာပြည့်အကြိုဓာတ်ပုံပြပွဲနဲ့ပြိုင်ပွဲ ကျင်းပမည်

မန္တလေးတက္ကသိုလ် ရာပြည့်အကြိုဓာတ်ပုံပြပွဲနဲ့ပြိုင်ပွဲ ကျင်းပမည်

မန္တလေးတက္ကသိုလ် ရာပြည့်အကြိုဓာတ်ပုံပြပွဲနဲ့ပြိုင်ပွဲကို ဒီဇင်ဘာ ၂၇ ရက် မှ ၂၉ ရက်အထိ မန္တလေး တက္ကသိုလ်စာကြည့်တိုက်ရှေ့မှာ ၃ ရက်ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။

ကျောင်းသားကျောင်းသူတွေ စာကြည့်တိုက်ကို ပိုမိုသိရှိအသုံးပြုလာကြဖို့ Library Marketing အနေနဲ့ ရည်ရွယ်ကျင်းပတာပဲဖြစ်ပြီး ပြပွဲမှာ မန္တလေးတက္ကသိုလ်အဆင့်ဆင့်ပြောင်းလဲလာပုံ၊ မန္တလေးတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ပါမောက္ခချုပ်တွေ၊ ဒုတိယပါမောက္ခ ချုပ်တွေ နဲ့ ပါမောက္ခတွေ၊ မန္တလေးတက္ကသိုလ် ကျောင်းသားကျောင်းသူတွေရဲ့ ဝတ်စားဆင်ယင်မှုပြောင်းလဲလာပုံတွေ၊ မန္တလေးတက္ကသိုလ် ထွက်အောင်မြင် ကျော်ကြားပုဂ္ဂိုလ်တွေ၊ မန္တလေးတက္ကသိုလ်မှာကျင်းပခဲ့တဲ့ ဂီတစာပေ အနုပညာ ဘာသာရေး ဘွဲ့နှင်း သဘင် အခမ်းအနား တွေ၊ မန္တလေး တက္ကသိုလ်မှာကျင်းပခဲ့တဲ့ ပြပွဲ ပြိုင်ပွဲအခမ်းအနားတွေ နဲ့ ဘာသာရပ်အသင်း လှုပ်ရှားမှုတွေ ကို မှတ်တမ်းမှတ်ရာတွေနဲ့ ခင်းကျင်းပြသ သွားမှာဖြစ်ပါတယ်။

ဓာတ်ပုံပြိုင်ပွဲမှာကျတော့ ကျွန်မတို့ကျောင်းက ကျောင်းသားကျောင်းသူနဲ့ဝန်ထမ်းတွေသာပါဝင်ယှဉ်ပြိုင်ရမှာပါ၊ ပြိုင်ပွဲဓာတ်ပုံက တက္ကသိုလ် ရဲ့ပုံရိပ်နဲ့အတူ ကျောင်းသားကျောင်းသူတွေပါဝင်ရမှာပါ၊ ဆိုလိုတာက ဓာတ်ပုံရိုက်သူ နဲ့မော်ဒယ်လ်ဟာ ကျောင်းသားကျောင်း သူတွေပဲဖြစ်ရမှာပါ၊ တစ်ခြား သူမပါရပါဘူး လို့  မန္တလေးတက္ကသိုလ်စာကြည့်တိုက်မှူးဒေါ်လှလှဝင်းကပြောပါတယ်။

ဓာတ်ပုံပြိုင်ပွဲပါဝင်ယှဉ်ပြိုင်သူတွေဟာ ဖုန်းကင်မရာအသုံးပြုရိုက်ကူးရမှာဖြစ်ပြီး ဖုန်းကင်မရာနဲ့ဓာတ်ပုံရိုက်နည်း Workshop ကိုတော့ လာမယ့်ဒီဇင်ဘာ ၁၉ ရက်နေ့မှာ မန္တလေးတက္ကသိုလ်စာကြည့်တိုက်အတွင်း ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ဓာတ်ပုံပြိုင်ပွဲ က ဖုန်းကင်မရာနဲ့ပဲရိုက်ရမှာပါ ဒီအတွက်လည်း Workshop တစ်ခုစီစဉ်ပေးသွားမှာပါ၊  ပြပွဲ ကတော့ နေ့စဉ်ပြသထားမှာပါ၊ မန္တလေးတက္ကသိုလ် သမိုင်းကိုအထောက်အပံ့ပြုခဲ့တဲ့ပုံရိပ်တွေပြသထားမှာပါ လို့လည်း ၎င်းကဆိုပါတယ်။

မန္တလေးတက္ကသိုလ် ရာပြည့်အကြိုဓာတ်ပုံပြပွဲနဲ့ပြိုင်ပွဲကို ဒီဇင်ဘာ ၂၇ ၂၈ ၂၉ ရက်တို့မှာ နေ့စဉ်မနက် ၈ နာရီ မှ ညနေ ၅ နာရီအထိကျင်းပ သွားမှာဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကိုတော့ ဒီဇင်ဘာ ၂၇ ရက်နေ့ မနက် ၉ နာရီမှာ ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။

KT
မန္တလေး ဒီဇင်ဘာ ၁၂ 

(  Zawgyi  )

 မႏၲေလးတကၠသိုလ္ ရာျပည့္အႀကိဳဓာတ္ပုံျပပြဲနဲ႔ၿပိဳင္ပြဲကို ဒီဇင္ဘာ ၂၇ ရက္ မွ ၂၉ ရက္အထိ မႏၲေလး တကၠသိုလ္စာၾကည့္တိုက္ေရွ႕မွာ ၃ ရက္က်င္းပသြားမွာျဖစ္တယ္လို႔သိရပါတယ္။

ေက်ာင္းသားေက်ာင္းသူေတြ စာၾကည့္တိုက္ကို ပိုမိုသိရွိအသုံးျပဳလာၾကဖို႔ Library Marketing အေနနဲ႔ ရည္႐ြယ္က်င္းပတာပဲျဖစ္ၿပီး ျပပြဲမွာ မႏၲေလးတကၠသိုလ္အဆင့္ဆင့္ေျပာင္းလဲလာပုံ၊ မႏၲေလးတကၠသိုလ္မွာ တာဝန္ထမ္းေဆာင္ခဲ့ၾကတဲ့ ပါေမာကၡခ်ဳပ္ေတြ၊ ဒုတိယပါေမာကၡ ခ်ဳပ္ေတြ နဲ႔ ပါေမာကၡေတြ၊ မႏၲေလးတကၠသိုလ္ ေက်ာင္းသားေက်ာင္းသူေတြရဲ႕ ဝတ္စားဆင္ယင္မႈေျပာင္းလဲလာပုံေတြ၊ မႏၲေလးတကၠသိုလ္ ထြက္ေအာင္ျမင္ ေက်ာ္ၾကားပုဂၢိဳလ္ေတြ၊ မႏၲေလးတကၠသိုလ္မွာက်င္းပခဲ့တဲ့ ဂီတစာေပ အႏုပညာ ဘာသာေရး ဘြဲ႕ႏွင္း သဘင္ အခမ္းအနား ေတြ၊ မႏၲေလး တကၠသိုလ္မွာက်င္းပခဲ့တဲ့ ျပပြဲ ၿပိဳင္ပြဲအခမ္းအနားေတြ နဲ႔ ဘာသာရပ္အသင္း လႈပ္ရွားမႈေတြ ကို မွတ္တမ္းမွတ္ရာေတြနဲ႔ ခင္းက်င္းျပသ သြားမွာျဖစ္ပါတယ္။

ဓာတ္ပုံၿပိဳင္ပြဲမွာက်ေတာ့ ကြၽန္မတို႔ေက်ာင္းက ေက်ာင္းသားေက်ာင္းသူနဲ႔ဝန္ထမ္းေတြသာပါဝင္ယွဥ္ၿပိဳင္ရမွာပါ၊ ၿပိဳင္ပြဲဓာတ္ပုံက တကၠသိုလ္ ရဲ႕ပုံရိပ္နဲ႔အတူ ေက်ာင္းသားေက်ာင္းသူေတြပါဝင္ရမွာပါ၊ ဆိုလိုတာက ဓာတ္ပုံ႐ိုက္သူ နဲ႔ေမာ္ဒယ္လ္ဟာ ေက်ာင္းသားေက်ာင္း သူေတြပဲျဖစ္ရမွာပါ၊ တစ္ျခား သူမပါရပါဘူး လို႔  မႏၲေလးတကၠသိုလ္စာၾကည့္တိုက္မႉးေဒၚလွလွဝင္းကေျပာပါတယ္။

ဓာတ္ပုံၿပိဳင္ပြဲပါဝင္ယွဥ္ၿပိဳင္သူေတြဟာ ဖုန္းကင္မရာအသုံးျပဳ႐ိုက္ကူးရမွာျဖစ္ၿပီး ဖုန္းကင္မရာနဲ႔ဓာတ္ပုံ႐ိုက္နည္း Workshop ကိုေတာ့ လာမယ့္ဒီဇင္ဘာ ၁၉ ရက္ေန႔မွာ မႏၲေလးတကၠသိုလ္စာၾကည့္တိုက္အတြင္း ျပဳလုပ္ေပးသြားမွာျဖစ္တယ္လို႔သိရပါတယ္။ဓာတ္ပုံၿပိဳင္ပြဲ က ဖုန္းကင္မရာနဲ႔ပဲ႐ိုက္ရမွာပါ ဒီအတြက္လည္း Workshop တစ္ခုစီစဥ္ေပးသြားမွာပါ၊  ျပပြဲ ကေတာ့ ေန႔စဥ္ျပသထားမွာပါ၊ မႏၲေလးတကၠသိုလ္ သမိုင္းကိုအေထာက္အပံ့ျပဳခဲ့တဲ့ပုံရိပ္ေတြျပသထားမွာပါ လို႔လည္း ၎ကဆိုပါတယ္။

မႏၲေလးတကၠသိုလ္ ရာျပည့္အႀကိဳဓာတ္ပုံျပပြဲနဲ႔ၿပိဳင္ပြဲကို ဒီဇင္ဘာ ၂၇ ၂၈ ၂၉ ရက္တို႔မွာ ေန႔စဥ္မနက္ ၈ နာရီ မွ ညေန ၅ နာရီအထိက်င္းပ သြားမွာျဖစ္ၿပီး ဖြင့္ပြဲအခမ္းအနားကိုေတာ့ ဒီဇင္ဘာ ၂၇ ရက္ေန႔ မနက္ ၉ နာရီမွာ က်င္းပသြားမွာျဖစ္တယ္လို႔သိရပါတယ္။

KT
မႏၲေလး ဒီဇင္ဘာ ၁၂