မန္တလေးတောင်ခြေ စန္ဒာမုနိဘုရား ထီးတော်နှင့် စိန်ဖူးတော်တင်လှူပွဲ ကြီးကျယ်ခမ်းနားစွာ ကျင်းပမည်

မန္တလေးတောင်ခြေ စန္ဒာမုနိဘုရား ထီးတော်နှင့် စိန်ဖူးတော်တင်လှူပွဲ ကြီးကျယ်ခမ်းနားစွာ ကျင်းပမည်

ဆွေးမြည့်ပျက်စီးနေလို့ ဒီဇိုင်းသစ်နဲ့ပြန်လည်ပြုလုပ်ထားတဲ့ မန္တလေးမြို့က စန္ဒာမုနိစေတီတော်ရဲ့ထီးတော်နဲ့စိန်ဖူးတော်တွေကို လာမယ့်ဖေဖော်ဝါရီလ ဆန်းပိုင်းမှာပဲ ကြီးကျယ်ခမ်းနားစွာတင်လှူပူဇော်သွားတော့မှာဖြစ်တယ်လို့ ဘုရားဂေါပကအဖွဲ့ဆီကသိရပါတယ်။

ထီးတော်အဟောင်းက ဆွေးမြည့်ပျက်စီးနေ ဒီဇိုင်းသစ်နဲ့ပြန်လုပ်ထားတာပါ၊ အလှူရှင်မိသားစုကတာဝန်ယူလှူဒါန်းလို့ အခုတော့ ထီးတော်နဲ့စိန်ဖူး တော် တင်လှူပွဲကျင်းပနိုင်တော့မှာပါ လို့ စန္ဒာမုနိဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌဦးကျော်ဝင်းကပြောပါတယ်။

မန္တလေးတောင်ခြေအနီးက နန်းမြေဘုံသာစံနန်းတော်ရာ စန္ဒာမုနိစေတီတော်ရဲ့ထီးတော်နဲ့စိန်ဖူးတော်တို့ဟာ ဆွေးမြည့်ပျက်စီးနေတာကြောင့် အလှူရှင် မိသားတစ်စုရဲ့ကုသိုလ်ကောင်းမှုနဲ့ ဒီဇိုင်းသစ်နဲ့ပြန်လည်ပြုလုပ်ခဲ့ပြီး မကြာခင်မှာဘဲ ထီးတော်နဲ့စိန်ဖူးတော်တင်လှူပွဲအခမ်းအနားကျင်းပပြုလုပ်သွား တော့မှာပါ။
အဆိုပါထီးတော်နဲ့စိန်ဖူးတော်တင်လှူပွဲအခမ်းအနားကို ကြီးစွာသောသဘင်အခမ်းအနားနဲ့ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တိုင်းဒေသကြီးတပ်မတော်အကြီးအကဲတွေကိုပါ ဖိတ်ကြားသွားမှာဖြစ်တယ်လို့သိရပါတယ်။

အခမ်းအနားကို လာမယ့်ဖေဖော်ဝါရီလ ၆ ရက်နေ့ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အလှူရှင်မိသားစုက ထီးတော်နဲ့စိန်ဖူးတော်တွေအပြင် ဂနကုဋီတိုက်၊ စေတီတော်လုံးတော်ပြည့်ရွှေသင်္ကန်းတို့ကိုလည်း တာဝန်ယူလှူဒါန်းတာဖြစ်တယ်လို့လည်း ဦးကျော်ဝင်းကပြောပါတယ်။

မန္တလေးမြို့ မန္တလေးတောင်ခြေအနီးက နန်းမြေဘုံသာစံနန်းတော်ရာ စန္ဒာမုနိစေတီတော်ဟာ မင်းတုန်းမင်းတရားကြီးနဲ့ကနောင်မင်းသားတို့ ယာယီစံ နန်းတော်ပြုလုပ်ခဲ့တဲ့နေရာမှာ စေတီတော်တည်ထားကိုးကွယ်ခဲ့တာလည်းဖြစ်ပြီး ကနောင်မင်းသားလုပ်ကြံခံခဲ့ရတဲ့နေရာမှာတည်ထားတဲ့ရှေးဟောင်း စေတီတော်တစ်ဆူလည်းဖြစ်ပါတယ်။

စန္ဒာမုနိစေတီတော်ဟာ နေရာ ၃ နေရာပြောင်းရွှေ့စံတော်မူခဲ့တဲ့စေတီတော်တစ်ဆူလည်းဖြစ်ပြီး အင်းဝမြို့ အမရပူရမြို့ အဲဒီကမှတစ်ဆင့် မန္တလေး တောင်ခြေအနီးကို အဆင့်ဆင့်ပြောင်းရွှေ့စံတော်မူခဲ့တာပဲဖြစ်ပါတယ်။

KT
မန္တလေး၊ ဇန်နဝါရီ - ၁၄

( Zawgyi )

ေဆြးျမည့္ပ်က္စီးေနလို႔ ဒီဇိုင္းသစ္နဲ႔ျပန္လည္ျပဳလုပ္ထားတဲ့ မႏၲေလးၿမိဳ႕က စႏၵာမုနိေစတီေတာ္ရဲ႕ထီးေတာ္နဲ႔စိန္ဖူးေတာ္ေတြကို လာမယ့္ေဖေဖာ္ဝါရီလ ဆန္းပိုင္းမွာပဲ ႀကီးက်ယ္ခမ္းနားစြာတင္လႉပူေဇာ္သြားေတာ့မွာျဖစ္တယ္လို႔ ဘုရားေဂါပကအဖြဲ႕ဆီကသိရပါတယ္။

ထီးေတာ္အေဟာင္းက ေဆြးျမည့္ပ်က္စီးေန ဒီဇိုင္းသစ္နဲ႔ျပန္လုပ္ထားတာပါ၊ အလႉရွင္မိသားစုကတာဝန္ယူလႉဒါန္းလို႔ အခုေတာ့ ထီးေတာ္နဲ႔စိန္ဖူး ေတာ္ တင္လႉပြဲက်င္းပႏိုင္ေတာ့မွာပါ လို႔ စႏၵာမုနိဘုရားေဂါပကအဖြဲ႕ဥကၠ႒ဦးေက်ာ္ဝင္းကေျပာပါတယ္။

မႏၲေလးေတာင္ေျခအနီးက နန္းေျမဘုံသာစံနန္းေတာ္ရာ စႏၵာမုနိေစတီေတာ္ရဲ႕ထီးေတာ္နဲ႔စိန္ဖူးေတာ္တို႔ဟာ ေဆြးျမည့္ပ်က္စီးေနတာေၾကာင့္ အလႉရွင္ မိသားတစ္စုရဲ႕ကုသိုလ္ေကာင္းမႈနဲ႔ ဒီဇိုင္းသစ္နဲ႔ျပန္လည္ျပဳလုပ္ခဲ့ၿပီး မၾကာခင္မွာဘဲ ထီးေတာ္နဲ႔စိန္ဖူးေတာ္တင္လႉပြဲအခမ္းအနားက်င္းပျပဳလုပ္သြား ေတာ့မွာပါ။
အဆိုပါထီးေတာ္နဲ႔စိန္ဖူးေတာ္တင္လႉပြဲအခမ္းအနားကို ႀကီးစြာေသာသဘင္အခမ္းအနားနဲ႔က်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး တိုင္းေဒသႀကီးအစိုးရအဖြဲ႕နဲ႔ တိုင္းေဒသႀကီးတပ္မေတာ္အႀကီးအကဲေတြကိုပါ ဖိတ္ၾကားသြားမွာျဖစ္တယ္လို႔သိရပါတယ္။

အခမ္းအနားကို လာမယ့္ေဖေဖာ္ဝါရီလ ၆ ရက္ေန႔က်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး အလႉရွင္မိသားစုက ထီးေတာ္နဲ႔စိန္ဖူးေတာ္ေတြအျပင္ ဂနကုဋီတိုက္၊ ေစတီေတာ္လုံးေတာ္ျပည့္ေ႐ႊသကၤန္းတို႔ကိုလည္း တာဝန္ယူလႉဒါန္းတာျဖစ္တယ္လို႔လည္း ဦးေက်ာ္ဝင္းကေျပာပါတယ္။

မႏၲေလးၿမိဳ႕ မႏၲေလးေတာင္ေျခအနီးက နန္းေျမဘုံသာစံနန္းေတာ္ရာ စႏၵာမုနိေစတီေတာ္ဟာ မင္းတုန္းမင္းတရားႀကီးနဲ႔ကေနာင္မင္းသားတို႔ ယာယီစံ နန္းေတာ္ျပဳလုပ္ခဲ့တဲ့ေနရာမွာ ေစတီေတာ္တည္ထားကိုးကြယ္ခဲ့တာလည္းျဖစ္ၿပီး ကေနာင္မင္းသားလုပ္ႀကံခံခဲ့ရတဲ့ေနရာမွာတည္ထားတဲ့ေရွးေဟာင္း ေစတီေတာ္တစ္ဆူလည္းျဖစ္ပါတယ္။

စႏၵာမုနိေစတီေတာ္ဟာ ေနရာ ၃ ေနရာေျပာင္းေ႐ႊ႕စံေတာ္မူခဲ့တဲ့ေစတီေတာ္တစ္ဆူလည္းျဖစ္ၿပီး အင္းဝၿမိဳ႕ အမရပူရၿမိဳ႕ အဲဒီကမွတစ္ဆင့္ မႏၲေလး ေတာင္ေျခအနီးကို အဆင့္ဆင့္ေျပာင္းေ႐ႊ႕စံေတာ္မူခဲ့တာပဲျဖစ္ပါတယ္။

KT
မႏၲေလး၊ ဇန္နဝါရီ - ၁၄