မန္တလေးတွင် တစ်ရက်တည်းမီး ၃ ကြိမ်လောင်မှု မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦးထိခိုက်ဒဏ်ရာရ

မန္တလေးတွင် တစ်ရက်တည်းမီး ၃ ကြိမ်လောင်မှု မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦးထိခိုက်ဒဏ်ရာရ

မန္တလေးမြို့မှာ ယမန်နေ့က(ဖေဖော်ဝါရီ ၉ ရက်) တစ်ရက်တည်းမီးလောင်မှု ၃ ကြိမ်ဖြစ်ပွားခဲ့တာမှာ တစ်ကြိမ်မှာတော့ မီးသတ် တပ်ဖွဲ့ ဝင် နှစ်ဦးထိခိုက်ဒဏ်ရာရတဲ့အထိဖြစ်ပွားခဲ့ပါတယ်။ မနက်ပိုင်းတစ်ကြိမ် မွန်းလွဲပိုင်းတစ်ကြိမ်နဲ့ ညပိုင်းတစ်ကြိမ် မီးလောင်မှု ၃ ကြိမ် ဖြစ်ပွား ခဲ့တာဖြစ်ပြီး ညပိုင်းလောင်တဲ့ ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန်ကားဝင်းအနီးက ဂိုထောင်တစ်လုံး မီးလောင်မှုမှာ မီးငြိမ်း သတ် နေစဉ်အတွင်းမှာပဲ မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တာ ပါ။

မီးကတစ်အားများတော့ တပ်ဖွဲ့ဝင်တွေသက်စွန့်ဆံဖျားနဲ့မီးငြှိမ်းသတ်နေတာတွေ့ရတယ်၊ တစ်နာရီလောက်မီးလောင်နေစဉ်အတွင်းမှာပဲ တပ်ဖွဲ့ဝင်နှစ်ဦးဒဏ်ရာရမှုဖြစ်ခဲ့တာပါ၊ တစ်ဦးကတော့ အထဲမှာအောက်ဆီဂျင်ပြတ်လို့လဲနေတာကို တပ်ဖွဲ့ဝင်တွေကပဲ ကယ်ထုတ်ခဲ့ တာပါ လို့ မီးလောင်မှုဖြစ်စဉ်မှာကယ်ဆယ်ရေးသွားရောက်ဆောင်ရွက်ပေးခဲ့တဲ့ နန်းတော်ရှေ့လူမှုကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦး ကပြောပါတယ်။

တစ်ရက်တည်း ၃ ကြိမ်လောင်ခဲ့တဲ့မီးလောင်မှုဖြစ်စဉ်တွေမှာ မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့ ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက် လမ်းသွယ် ၁ (ကျွဲဆည်ကန်ကားဝင်းအနီး)က လျှပ်စစ်ပစ္စည်းထားတဲ့ဂိုဒေါင်မီးလောင်မှုက အများဆုံးဖြစ်ပြီး Level 4 အဆင့်နဲ့တစ်နာရီကျော်ကြာအောင်မီးငြှိမ်းသတ်ခဲ့ရတာဖြစ်တယ်လို့လည်း ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲစခန်းဆီက သိရပါ တယ်။

အဆိုပါမီးလောင်မှုမှာ သွပ်မိုးအုတ်ညှပ်ဂိုဒေါင်တစ်လုံး၊ ဂိုဒေါင်အတွင်းကလျှပ်စစ်ပစ္စည်းတွေနဲ့ ဆိုင်ကယ် ၁၀ စီး၊  Canda အမျိုးအစား ၆ ဘီးယာဉ်တစ်စီးတို့မီးလောင်ဆုံးရှုံးခဲ့တယ်လို့လည်း ရဲစခန်းမှတ်တမ်းမှာဖော်ပြထားပြီး ဂိုဒေါင်မန်နေဂျာဖြစ်သူအမျိုးသမီးကိုတော့ မီးပေါ့ဆမှု နဲ့ (ပ)၁၀၀/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ  ၂၈၅ နဲ့အမှုဖွင့်အရေးယူထားတယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မန္တလေးမြို့မှာ  ယမန်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်ခန့်က မဟာအောင်မြေမြို့နယ် သံလျက်မှော်အရှေ့ရပ်ကွက် သားသတ်ရုံဟောင်း တောင်ဘက်မှာ လူနေအိမ်ခြေအစုအဖွဲ့တစ်ခုကနေ မီးစတင်လောင်ခဲ့ပြီး အနည်းဆုံးနေအိမ် ၃ လုံးမီးလောင်ဆုံးရှုံးခဲ့ ကြောင်း၊ အဆိုပါ မီးလောင်မှုကို Level 2 အဆင့်နဲ့မီးငြှိမ်းသတ်ခဲ့ရကြောင်း၊ မနက် ၉ နာရီ ၅၅ မိနစ်အချိန်ခန့်ကလည်း ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်း ကျေးရွာမှာ စက်သုံးဆီ သိုလှောင်ထားတဲ့ဂိုထောင်တစ်လုံး မီးလောင်မှုဖြစ်ခဲ့ပြီး  အဆိုပါမီးလောင်မှုဖြစ်စဉ်မှာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနဆီကသိရပါတယ်။

KT                                                                       
မန္တလေး ၊ဖေဖော်ဝါရီ ၁၀

(  Zawgyi  )

 မႏၲေလးၿမိဳ႕မွာ ယမန္ေန႔က(ေဖေဖာ္ဝါရီ ၉ ရက္) တစ္ရက္တည္းမီးေလာင္မႈ ၃ ႀကိမ္ျဖစ္ပြားခဲ့တာမွာ တစ္ႀကိမ္မွာေတာ့ မီးသတ္ တပ္ဖြဲ႕ ဝင္ ႏွစ္ဦးထိခိုက္ဒဏ္ရာရတဲ့အထိျဖစ္ပြားခဲ့ပါတယ္။ မနက္ပိုင္းတစ္ႀကိမ္ မြန္းလြဲပိုင္းတစ္ႀကိမ္နဲ႔ ညပိုင္းတစ္ႀကိမ္ မီးေလာင္မႈ ၃ ႀကိမ္ ျဖစ္ပြား ခဲ့တာျဖစ္ၿပီး ညပိုင္းေလာင္တဲ့ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ကြၽဲဆည္ကန္ကားဝင္းအနီးက ဂိုေထာင္တစ္လုံး မီးေလာင္မႈမွာ မီးၿငိမ္း သတ္ ေနစဥ္အတြင္းမွာပဲ မီးသတ္တပ္ဖြဲ႕ဝင္ႏွစ္ဦးထိခိုက္ဒဏ္ရာရခဲ့တာ ပါ။

မီးကတစ္အားမ်ားေတာ့ တပ္ဖြဲ႕ဝင္ေတြသက္စြန႔္ဆံဖ်ားနဲ႔မီးျငႇိမ္းသတ္ေနတာေတြ႕ရတယ္၊ တစ္နာရီေလာက္မီးေလာင္ေနစဥ္အတြင္းမွာပဲ တပ္ဖြဲ႕ဝင္ႏွစ္ဦးဒဏ္ရာရမႈျဖစ္ခဲ့တာပါ၊ တစ္ဦးကေတာ့ အထဲမွာေအာက္ဆီဂ်င္ျပတ္လို႔လဲေနတာကို တပ္ဖြဲ႕ဝင္ေတြကပဲ ကယ္ထုတ္ခဲ့ တာပါ လို႔ မီးေလာင္မႈျဖစ္စဥ္မွာကယ္ဆယ္ေရးသြားေရာက္ေဆာင္႐ြက္ေပးခဲ့တဲ့ နန္းေတာ္ေရွ႕လူမႈကယ္ဆယ္ေရး အဖြဲ႕ဝင္ တစ္ဦး ကေျပာပါတယ္။

တစ္ရက္တည္း ၃ ႀကိမ္ေလာင္ခဲ့တဲ့မီးေလာင္မႈျဖစ္စဥ္ေတြမွာ မီးသတ္တပ္ဖြဲ႕ဝင္ႏွစ္ဦးထိခိုက္ဒဏ္ရာရခဲ့တဲ့ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ခ်မ္းျမသာယာရပ္ကြက္ လမ္းသြယ္ ၁ (ကြၽဲဆည္ကန္ကားဝင္းအနီး)က လွ်ပ္စစ္ပစၥည္းထားတဲ့ဂိုေဒါင္မီးေလာင္မႈက အမ်ားဆုံးျဖစ္ၿပီး Level 4 အဆင့္နဲ႔တစ္နာရီေက်ာ္ၾကာေအာင္မီးျငႇိမ္းသတ္ခဲ့ရတာျဖစ္တယ္လို႔လည္း ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းဆီက သိရပါ တယ္။

အဆိုပါမီးေလာင္မႈမွာ သြပ္မိုးအုတ္ညႇပ္ဂိုေဒါင္တစ္လုံး၊ ဂိုေဒါင္အတြင္းကလွ်ပ္စစ္ပစၥည္းေတြနဲ႔ ဆိုင္ကယ္ ၁၀ စီး၊  Canda အမ်ိဳးအစား ၆ ဘီးယာဥ္တစ္စီးတို႔မီးေလာင္ဆုံးရႈံးခဲ့တယ္လို႔လည္း ရဲစခန္းမွတ္တမ္းမွာေဖာ္ျပထားၿပီး ဂိုေဒါင္မန္ေနဂ်ာျဖစ္သူအမ်ိဳးသမီးကိုေတာ့ မီးေပါ့ဆမႈ နဲ႔ (ပ)၁၀၀/၂၀၂၀၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ  ၂၈၅ နဲ႔အမႈဖြင့္အေရးယူထားတယ္လို႔ တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

မႏၲေလးၿမိဳ႕မွာ  ယမန္ေန႔ မြန္းလြဲ ၁ နာရီ ၄၅ မိနစ္အခ်ိန္ခန႔္က မဟာေအာင္ေျမၿမိဳ႕နယ္ သံလ်က္ေမွာ္အေရွ႕ရပ္ကြက္ သားသတ္႐ုံေဟာင္း ေတာင္ဘက္မွာ လူေနအိမ္ေျခအစုအဖြဲ႕တစ္ခုကေန မီးစတင္ေလာင္ခဲ့ၿပီး အနည္းဆုံးေနအိမ္ ၃ လုံးမီးေလာင္ဆုံးရႈံးခဲ့ ေၾကာင္း၊ အဆိုပါ မီးေလာင္မႈကို Level 2 အဆင့္နဲ႔မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း၊ မနက္ ၉ နာရီ ၅၅ မိနစ္အခ်ိန္ခန႔္ကလည္း ပုသိမ္ႀကီးၿမိဳ႕နယ္ မဲကင္းကုန္း ေက်း႐ြာမွာ စက္သုံးဆီ သိုေလွာင္ထားတဲ့ဂိုေထာင္တစ္လုံး မီးေလာင္မႈျဖစ္ခဲ့ၿပီး  အဆိုပါမီးေလာင္မႈျဖစ္စဥ္မွာ အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး မီးသတ္ဦးစီးဌာနဆီကသိရပါတယ္။

KT                                                                       
မႏၲေလး ၊ေဖေဖာ္ဝါရီ ၁၀