မန္တလေးတွင် ယနေ့နံနက်အစောပိုင်း လောင်သည့်မီးအား မီးသတ်ယာဉ်အစီး ၁၀၀ ဖြင့် ၂ နာရီကျော်ကြာအောင် ငြှိမ်းသတ်ခဲ့ရ

မန္တလေးတွင် ယနေ့နံနက်အစောပိုင်း လောင်သည့်မီးအား  မီးသတ်ယာဉ်အစီး ၁၀၀ ဖြင့် ၂ နာရီကျော်ကြာအောင် ငြှိမ်းသတ်ခဲ့ရ

မန္တလေးမြို့မှာ ဒီနေ့မနက် ၂ နာရီ ၁၅ မိနစ်အချိန်ခန့်က လျှပ်စစ်ရောင်းဝယ်ရေး ဂိုဒေါင်တစ်လုံးကနေ မီးစတင်လောင်ကျွမ်းခဲ့တာမှာ မီးသတ်ယာဉ်အစီး ၁၀၀၊ မီးသတ်တပ်ဖွဲ့ဝင် ၄၅၀ နဲ့ မီးငြှိမ်းသတ်ခဲ့ရပါတယ်။

မန္တလေး ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက် အကွက် ၂၈၇၊ တိမ်ပြာတန်းရပ်၊ ၃၄ လမ်း နဲ့ ၃၅ လမ်းကြား၊ ၈၇ လမ်းနဲ့ ၈၈ လမ်းကြားက သွပ်မိုးသွပ်ကာ အလျား ၉၀ ပေ အနံ ၄၅ ပေ အမြင့်ပေ ၃၀ ရှိ နေကမ္ဘာ လျှပ်စစ်ရောင်းဝယ်ရေး ဂိုဒေါင်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာလို့ သိရပြီး မီးများလွန်းလို့ ဂိုဒေါင်နဲ့ကပ်လျက်က ပရဆေးနဲ့ ရေချိုးခန်းသုံးပစ္စည်းများ ဓာတ်မြေသြဇာများ ထားရှိတဲ့ ဂိုဒေါင်ကိုပါ မီးကူးဆက်လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

မီးလောင်ရာဆီကို မီးသတ်သန္ဓေ ၁၂၀၊ အရန် ၃၃၀၊ စုစုပေါင်း ၄၅၀၊ မီးသတ်ယာဉ်အစီး ၁၀၀၊ ရေသယ်ယာဉ် ၅၀၊ အုပ်ချုပ်မှုယာဉ် ၃ စီးနဲ့ သွားရောက်မီးငြှိမ်းသတ်ခဲ့ရပြီး မီးလောင်ချိန် ၂ နာရီကျော်ခန့်အကြာ မနက် ၄ နာရီ ၄၅ မိနစ်အချိန်ခန့်မှာ မီးလုံးဝငြိမ်းသွားခဲ့တယ်လို့ တာဝန်ကျမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဆီက သိရပါတယ်။

ဒီမီးလောင်မှုမှာ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရမှုတွေရှိခဲ့ပြီး မစိုးရိမ်ရတဲ့ဒဏ်ရာတွေနဲ့ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးဆီ ပို့ဆောင်ကုသပေးထားကြောင်း၊ မီးလောင်မှုကြောင့် အဆောက်အဦး ၂ လုံး မီးလောင်ခဲ့ကြောင်း၊ ဆုံးရှုံးမှုတန်ဖိုး ၁၄၀၆၂၅၀၀ ကျပ် သတ်မှတ်ထားကြောင်း၊ ဂိုဒေါင်တွင်း ပစ္စည်းများ ဆုံးရှုံးမှုတန်ဖိုးကိုတော့ တွက်ချက်နေဆဲဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မီးလောင်မှု အကြောင်းအရင်းနဲ့ ပတ်သက်လို့လည်း စုံစမ်းနေဆဲပဲဖြစ်ပြီး ပိုင်ရှင် ဦးအောင်မြင့် ဆိုသူကိုတော့ မီးပေါ့ဆမှုနဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

KT
မန္တလေး၊ ဒီဇင်ဘာ - ၁၄

( Zawgyi )

မႏၲေလးၿမိဳ႕မွာ ဒီေန႔မနက္ ၂ နာရီ ၁၅ မိနစ္အခ်ိန္ခန႔္က လွ်ပ္စစ္ေရာင္းဝယ္ေရး ဂိုေဒါင္တစ္လုံးကေန မီးစတင္ေလာင္ကြၽမ္းခဲ့တာမွာ မီးသတ္ယာဥ္အစီး ၁၀၀၊ မီးသတ္တပ္ဖြဲ႕ဝင္ ၄၅၀ နဲ႔ မီးျငႇိမ္းသတ္ခဲ့ရပါတယ္။

မႏၲေလး ခ်မ္းေအးသာစံၿမိဳ႕နယ္ ျပည္ႀကီးေပ်ာ္ဘြယ္အေနာက္ရပ္ကြက္ အကြက္ ၂၈၇၊ တိမ္ျပာတန္းရပ္၊ ၃၄ လမ္း နဲ႔ ၃၅ လမ္းၾကား၊ ၈၇ လမ္းနဲ႔ ၈၈ လမ္းၾကားက သြပ္မိုးသြပ္ကာ အလ်ား ၉၀ ေပ အနံ ၄၅ ေပ အျမင့္ေပ ၃၀ ရွိ ေနကမာၻ လွ်ပ္စစ္ေရာင္းဝယ္ေရး ဂိုေဒါင္ကေန မီးစတင္ေလာင္ကြၽမ္းခဲ့တာလို႔ သိရၿပီး မီးမ်ားလြန္းလို႔ ဂိုေဒါင္နဲ႔ကပ္လ်က္က ပရေဆးနဲ႔ ေရခ်ိဳးခန္းသုံးပစၥည္းမ်ား ဓာတ္ေျမၾသဇာမ်ား ထားရွိတဲ့ ဂိုေဒါင္ကိုပါ မီးကူးဆက္ေလာင္ကြၽမ္းခဲ့တယ္လို႔ သိရပါတယ္။

မီးေလာင္ရာဆီကို မီးသတ္သေႏၶ ၁၂၀၊ အရန္ ၃၃၀၊ စုစုေပါင္း ၄၅၀၊ မီးသတ္ယာဥ္အစီး ၁၀၀၊ ေရသယ္ယာဥ္ ၅၀၊ အုပ္ခ်ဳပ္မႈယာဥ္ ၃ စီးနဲ႔ သြားေရာက္မီးျငႇိမ္းသတ္ခဲ့ရၿပီး မီးေလာင္ခ်ိန္ ၂ နာရီေက်ာ္ခန႔္အၾကာ မနက္ ၄ နာရီ ၄၅ မိနစ္အခ်ိန္ခန႔္မွာ မီးလုံးဝၿငိမ္းသြားခဲ့တယ္လို႔ တာဝန္က်မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦးဆီက သိရပါတယ္။

ဒီမီးေလာင္မႈမွာ အရန္မီးသတ္တပ္ဖြဲ႕ဝင္ ၃ ဦး ထိခိုက္ဒဏ္ရာရမႈေတြရွိခဲ့ၿပီး မစိုးရိမ္ရတဲ့ဒဏ္ရာေတြနဲ႔ မႏၲေလး အေထြေထြေရာဂါကုေဆး႐ုံႀကီးဆီ ပို႔ေဆာင္ကုသေပးထားေၾကာင္း၊ မီးေလာင္မႈေၾကာင့္ အေဆာက္အဦး ၂ လုံး မီးေလာင္ခဲ့ေၾကာင္း၊ ဆုံးရႈံးမႈတန္ဖိုး ၁၄၀၆၂၅၀၀ က်ပ္ သတ္မွတ္ထားေၾကာင္း၊ ဂိုေဒါင္တြင္း ပစၥည္းမ်ား ဆုံးရႈံးမႈတန္ဖိုးကိုေတာ့ တြက္ခ်က္ေနဆဲျဖစ္ေၾကာင္း မီးသတ္ဦးစီးဌာနက သတင္းထုတ္ျပန္ပါတယ္။

မီးေလာင္မႈ အေၾကာင္းအရင္းနဲ႔ ပတ္သက္လို႔လည္း စုံစမ္းေနဆဲပဲျဖစ္ၿပီး ပိုင္ရွင္ ဦးေအာင္ျမင့္ ဆိုသူကိုေတာ့ မီးေပါ့ဆမႈနဲ႔ အမႈဖြင့္အေရးယူ ေဆာင္႐ြက္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

KT
မႏၲေလး၊ ဒီဇင္ဘာ - ၁၄