မန္တလေးတွင် အန်အယ်လ်ဒီခရိုင်အဆင့်အလုပ်မှုဆောင်တစ်ဦး ဓားခုတ်ခံရ

မန္တလေးတွင် အန်အယ်လ်ဒီခရိုင်အဆင့်အလုပ်မှုဆောင်တစ်ဦး ဓားခုတ်ခံရ

မန္တလေးမြို့မှာ အန်အယ်လ်ဒီပါတီခရိုင်အဆင့်အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦး ယမန်နေ့ညက ဓားခုတ်ခံရမှုဖြစ်ခဲ့တယ်လို့ အန်အယ်လ်ဒီပါတီ မန္တလေးခရိုင်သတင်းနှင့်ပြန်ကြားရေးဆီကသိရပါတယ်။

"ဦးမျိုးလွင်ရယ် မြို့နယ်ပါတီကလူတွေရယ် လက်ဖက်ရည်ဆိုင်ထဲရှိနေတုန်း လူလေးငါးယောက် ပါတဲ့ဆိုင်ကယ်အဖွဲ့က ဝင်လာပြီး တစ်ယောက် ကဓားနဲ့ခုတ်သွားတာပါ ည ၁၀ နာရီလောက်ရှိမယ်ထင်တယ် အခုတော့လူနာကဆေးရုံမှာပါ အမှုဖွင့်ထားပါတယ်" လို့ ခရိုင်ပြန်ကြားရေး တာဝန်ခံဦးစိန်လှအောင်က ပြောပါတယ်။

မန္တလေး အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ယမန်နေ့ည ကဖြစ်ပွားခဲ့တာပါ။ ဖြစ်စဉ်မှာ မန္တလေးခရိုင် အန်အယ်လ်ဒီပါတီအလုပ်အမှုဆောင်အဖွဲ့ဝင်ဦးမျိုးလွင်(အသက် ၅၄ နှစ်)ဟာ မိတ်ဆွေ ၃ ဦးနဲ့အတူ လက်ဖက်ဆိုင်ထဲရှိနေစဉ် လူငယ် ၅ ဦးဝင်ရောက်လာပြီး "ချချ ခုတ်ခုတ်" ဆိုပြီး ဝိုင်းဝန်းထိုးခုတ်ရာ ဦးမျိုးလွင်တို့က အော်ဟစ်အကူအညီတောင်းတာမှာ အဆိုပါလူငယ် ၅ ဦးမှာ ဆိုင် ကယ်တွေနဲ့ ထွက်ပြေးသွားကြောင်း၊ ဦးမျိုးလွင်မှာ လက်ညှိုးပြတ်ရှဒဏ်ရာ၊ တံတောင်ဆစ်ပြတ်ရှဒဏ်ရာ တွေရလို့ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးဆီပို့ဆောင် ဆေးကုသမှုပေးထားကြောင်း ရဲမှတ်တမ်းအရသိရပြီး ထိုးခုတ်ထွက်ပြေးသူတွေ ဖမ်းဆီးရမိဖို့ဆောင် ရွက်နေတယ်လို့ အောင်မြေသာစံမြို့နယ် အမှတ် ၅ မြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဒီဖြစ်စဉ်အပေါ် ဦးမျိုးလွင်နဲ့အတူလက်ဖက်ဆိုင်အတူထိုင်ခဲ့တဲ့ဦးထွန်းထွန်းက တရားလိုပြုလုပ် တိုင်ကြားတာ ကြောင့် ရဲစခန်းက (ပ) ၅၆၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၄/၃၂၄/၁၁၄ တို့နဲ့အမူဖွင့်ထားတယ်လို့သိရပါတယ်။ အန်အယ်လ်ဒီကမှန်းသိလို့ လုပ်သွားတာပါ၊ အငြိုးနဲ့ လုပ်တာလို့လည်းယူဆထားပါတယ် ဒဏ်ရာကပြင်းတယ် လို့လည်းပြောလို့ရပါတယ် ဆရာဝန်ကြီးရဲ့စစ်ဆးချက်မှာတော့ အရိုးအထိမထိထားလို့ တော်သေး တယ်လို့ပြောတယ်" လို့ ခရိုင်သတင်းနှင့်ပြန်ကြားရေးတာဝန်ခံဦးစိန်လှအောင်ကပြောပါတယ်။

KT
မန္တလေး သြဂုတ် ၁၄
ဓာတ်ပုံ- မန်းခရိုင်အန်အယ်လ်ဒီ

(  Zawgyi  )

 မႏၲေလးၿမိဳ႕မွာ အန္အယ္လ္ဒီပါတီခ႐ိုင္အဆင့္အလုပ္အမႈေဆာင္အဖြဲ႕ဝင္တစ္ဦး ယမန္ေန႔ညက ဓားခုတ္ခံရမႈျဖစ္ခဲ့တယ္လို႔ အန္အယ္လ္ဒီပါတီ မႏၲေလးခ႐ိုင္သတင္းႏွင့္ျပန္ၾကားေရးဆီကသိရပါတယ္။

"ဦးမ်ိဳးလြင္ရယ္ ၿမိဳ႕နယ္ပါတီကလူေတြရယ္ လက္ဖက္ရည္ဆိုင္ထဲရွိေနတုန္း လူေလးငါးေယာက္ ပါတဲ့ဆိုင္ကယ္အဖြဲ႕က ဝင္လာၿပီး တစ္ေယာက္ ကဓားနဲ႔ခုတ္သြားတာပါ ည ၁၀ နာရီေလာက္ရွိမယ္ထင္တယ္ အခုေတာ့လူနာကေဆး႐ုံမွာပါ အမႈဖြင့္ထားပါတယ္" လို႔ ခ႐ိုင္ျပန္ၾကားေရး တာဝန္ခံဦးစိန္လွေအာင္က ေျပာပါတယ္။

မႏၲေလး ေအာင္ေျမသာစံၿမိဳ႕နယ္ မင္းတဲအီကင္းရပ္ကြက္ထဲက လက္ဖက္ရည္ဆိုင္တစ္ဆိုင္မွာ ယမန္ေန႔ည ကျဖစ္ပြားခဲ့တာပါ။ ျဖစ္စဥ္မွာ မႏၲေလးခ႐ိုင္ အန္အယ္လ္ဒီပါတီအလုပ္အမႈေဆာင္အဖြဲ႕ဝင္ဦးမ်ိဳးလြင္(အသက္ ၅၄ ႏွစ္)ဟာ မိတ္ေဆြ ၃ ဦးနဲ႔အတူ လက္ဖက္ဆိုင္ထဲရွိေနစဥ္ လူငယ္ ၅ ဦးဝင္ေရာက္လာၿပီး "ခ်ခ် ခုတ္ခုတ္" ဆိုၿပီး ဝိုင္းဝန္းထိုးခုတ္ရာ ဦးမ်ိဳးလြင္တို႔က ေအာ္ဟစ္အကူအညီေတာင္းတာမွာ အဆိုပါလူငယ္ ၅ ဦးမွာ ဆိုင္ ကယ္ေတြနဲ႔ ထြက္ေျပးသြားေၾကာင္း၊ ဦးမ်ိဳးလြင္မွာ လက္ညႇိဳးျပတ္ရွဒဏ္ရာ၊ တံေတာင္ဆစ္ျပတ္ရွဒဏ္ရာ ေတြရလို႔ မႏၲေလး အေထြေထြေရာဂါကုေဆး႐ုံႀကီးဆီပို႔ေဆာင္ ေဆးကုသမႈေပးထားေၾကာင္း ရဲမွတ္တမ္းအရသိရၿပီး ထိုးခုတ္ထြက္ေျပးသူေတြ ဖမ္းဆီးရမိဖို႔ေဆာင္ ႐ြက္ေနတယ္လို႔ ေအာင္ေျမသာစံၿမိဳ႕နယ္ အမွတ္ ၅ ၿမိဳ႕မရဲစခန္းမွတာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

ဒီျဖစ္စဥ္အေပၚ ဦးမ်ိဳးလြင္နဲ႔အတူလက္ဖက္ဆိုင္အတူထိုင္ခဲ့တဲ့ဦးထြန္းထြန္းက တရားလိုျပဳလုပ္ တိုင္ၾကားတာ ေၾကာင့္ ရဲစခန္းက (ပ) ၅၆၆/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၄/၃၂၄/၁၁၄ တို႔နဲ႔အမူဖြင့္ထားတယ္လို႔သိရပါတယ္။ အန္အယ္လ္ဒီကမွန္းသိလို႔ လုပ္သြားတာပါ၊ အၿငိဳးနဲ႔ လုပ္တာလို႔လည္းယူဆထားပါတယ္ ဒဏ္ရာကျပင္းတယ္ လို႔လည္းေျပာလို႔ရပါတယ္ ဆရာဝန္ႀကီးရဲ႕စစ္ဆးခ်က္မွာေတာ့ အ႐ိုးအထိမထိထားလို႔ ေတာ္ေသး တယ္လို႔ေျပာတယ္" လို႔ ခ႐ိုင္သတင္းႏွင့္ျပန္ၾကားေရးတာဝန္ခံဦးစိန္လွေအာင္ကေျပာပါတယ္။

KT
မႏၲေလး ၾသဂုတ္ ၁၄
ဓာတ္ပုံ- မန္းခ႐ိုင္အန္အယ္လ္ဒီ