မန္တလေးမြို့ကနေအိမ်တစ်အိမ်အတွင်းရှိပစ္စည်းများ အကြောင်းမဲ့မီးထတောက်မှုဖြစ်ပွား၊ သက်ဆိုင်ရာ မှစောင့်ကြပ်ကြည့်ရှု လျက်ရှိကြောင်းသိရ

မန္တလေးမြို့ကနေအိမ်တစ်အိမ်အတွင်းရှိပစ္စည်းများ အကြောင်းမဲ့မီးထတောက်မှုဖြစ်ပွား၊ သက်ဆိုင်ရာ မှစောင့်ကြပ်ကြည့်ရှု လျက်ရှိကြောင်းသိရ

မန္တလေး ချမ်းအေးသာစံမြို့နယ်အတွင်းက နေအိမ်တစ်အိမ်မှာ ယမန်နေ့ကစလို့ အကြောင်းမဲ့မီးထတောက်တဲ့ဖြစ်စဉ်တွေဖြစ်ပေါ်ခဲ့လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကိုယ်တိုင် အနီး ကပ်စောင့်ကြပ်နေရတယ်လို့သတင်းရရှိပါတယ်။နေအိမ်အတွင်းရှိ အိမ်သုံးပစ္စည်းတွေ အကြောင်း မဲ့မီးထတောက်တာလို့သိရပြီး ဒီဖြစ်စဉ်စတင်ဖြစ်ပွားခဲ့တာ ယမန်နေ့မနက်ပိုင်း ကစခဲ့ တာဖြစ် တယ်လို့ ရပ်ကွက်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်မှာ မန္တလေး ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၂၈ လမ်း နဲ့ ၂၉ လမ်းကြား၊ ၆၂ လမ်း နဲ့ ၆၃ လမ်းကြား၊ မြစန္ဒာလမ်းသွယ်က နံကပ်နှစ်ထပ်နေအိမ်တစ်လုံးမှာ ဧပြီ ၁၈ ရက်  မနက် ၉ နာရီခွဲအချိန်ခန့်ကစလို့ အကြောင်းမဲ့မီးထတောက်မှု ၁၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ နေအိမ်အောက်ထပ်အတွင်းရှိ ထင်းရှူးသေတ္တာအဖုံးအတွင်းပိုင်း၊ နေအိမ်အပေါ်ထပ်ရှိဗီဒို၊ ခန်းစည်းလိုက်ကာ၊ မွေ့ယာ အစရှိတဲ့ပစ္စည်းတွေမှာ အကြောင်းမဲ့မီးထတောက်တာဖြစ်ကြောင်း၊ ဒီမီးထတောက်မှုဖြစ်စဉ်တိုင်းဟာ အိမ်ရှင်အမျိုးသားရှိတဲ့ နေရာအနီးတစ်ဝိုက် လူမရှိတဲ့နေရာတွေမှာသာ ဖြစ်ပွားတတ်တာဖြစ်ကြောင်း၊ အိမ်ရှင်ဖြစ်သူအား ၎င်းရဲ့မိသားစုတစ်ဦးက တစ်ခြားနေအိမ်တစ်လုံး ဆီခေါ်သွား တဲ့အခါမှာလည်း အဲဒီ နေအိမ်မှာအကြောင်းမဲ့မီးထတောက်ခြင်း ၄ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်း အဆိုပါရပ်ကွက် တာဝန်ရှိသူ တစ်ဦး ရဲ့ပြောပြချက်အရသိရပါတယ်။

ဒီနေ့မနက်ပိုင်းတော့ သူ့အိမ်သူပြန်ပို့ထားတယ် နောက်ပိုင်းမီးထတောက်တာမျိုးတော့မဖြစ်တော့ပါဘူး လို့ ၎င်းကပြောပါတယ်။ဒီဖြစ်စဉ်အပေါ် အဲဒီနေအိမ်မိသားစုဝင်တွေနဲ့အတူ အမှတ်(၃)နယ်မြေရဲစခန်းရဲတပ်ဖွဲ့ဝင်တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူတွေ နဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေကိုယ်တိုင် မီးသတ်ယာဉ်တစ် စီးအသင့်အနေအထား နဲ့စောင့်ကြပ်ကြည့်ရှုနေတယ်လို့သိရပါတယ်။

KT
မန္တလေး ဧပြီ ၁၉ 

(  Zawgyi  )

မႏၲေလး ခ်မ္းေအးသာစံၿမိဳ႕နယ္အတြင္းက ေနအိမ္တစ္အိမ္မွာ ယမန္ေန႔ကစလို႔ အေၾကာင္းမဲ့မီးထေတာက္တဲ့ျဖစ္စဥ္ေတြျဖစ္ေပၚခဲ့လို႔ သက္ဆိုင္ရာတာဝန္ရွိသူေတြကိုယ္တိုင္ အနီး ကပ္ေစာင့္ၾကပ္ေနရတယ္လို႔သတင္းရရွိပါတယ္။ေနအိမ္အတြင္းရွိ အိမ္သုံးပစၥည္းေတြ အေၾကာင္း မဲ့မီးထေတာက္တာလို႔သိရၿပီး ဒီျဖစ္စဥ္စတင္ျဖစ္ပြားခဲ့တာ ယမန္ေန႔မနက္ပိုင္း ကစခဲ့ တာျဖစ္ တယ္လို႔ ရပ္ကြက္တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ျဖစ္စဥ္မွာ မႏၲေလး ခ်မ္းေအးသာစံၿမိဳ႕နယ္ ျပည္ႀကီးမ်က္မွန္ရပ္ကြက္၊ ၂၈ လမ္း နဲ႔ ၂၉ လမ္းၾကား၊ ၆၂ လမ္း နဲ႔ ၆၃ လမ္းၾကား၊ ျမစႏၵာလမ္းသြယ္က နံကပ္ႏွစ္ထပ္ေနအိမ္တစ္လုံးမွာ ဧၿပီ ၁၈ ရက္  မနက္ ၉ နာရီခြဲအခ်ိန္ခန႔္ကစလို႔ အေၾကာင္းမဲ့မီးထေတာက္မႈ ၁၂ ႀကိမ္ျဖစ္ပြားခဲ့ေၾကာင္း၊ ေနအိမ္ေအာက္ထပ္အတြင္းရွိ ထင္းရွဴးေသတၱာအဖုံးအတြင္းပိုင္း၊ ေနအိမ္အေပၚထပ္ရွိဗီဒို၊ ခန္းစည္းလိုက္ကာ၊ ေမြ႕ယာ အစရွိတဲ့ပစၥည္းေတြမွာ အေၾကာင္းမဲ့မီးထေတာက္တာျဖစ္ေၾကာင္း၊ ဒီမီးထေတာက္မႈျဖစ္စဥ္တိုင္းဟာ အိမ္ရွင္အမ်ိဳးသားရွိတဲ့ ေနရာအနီးတစ္ဝိုက္ လူမရွိတဲ့ေနရာေတြမွာသာ ျဖစ္ပြားတတ္တာျဖစ္ေၾကာင္း၊ အိမ္ရွင္ျဖစ္သူအား ၎ရဲ႕မိသားစုတစ္ဦးက တစ္ျခားေနအိမ္တစ္လုံး ဆီေခၚသြား တဲ့အခါမွာလည္း အဲဒီ ေနအိမ္မွာအေၾကာင္းမဲ့မီးထေတာက္ျခင္း ၄ ႀကိမ္ထက္မနည္းျဖစ္ပြားခဲ့ေၾကာင္း အဆိုပါရပ္ကြက္ တာဝန္ရွိသူ တစ္ဦး ရဲ႕ေျပာျပခ်က္အရသိရပါတယ္။

ဒီေန႔မနက္ပိုင္းေတာ့ သူ႔အိမ္သူျပန္ပို႔ထားတယ္ ေနာက္ပိုင္းမီးထေတာက္တာမ်ိဳးေတာ့မျဖစ္ေတာ့ပါဘူး လို႔ ၎ကေျပာပါတယ္။ဒီျဖစ္စဥ္အေပၚ အဲဒီေနအိမ္မိသားစုဝင္ေတြနဲ႔အတူ အမွတ္(၃)နယ္ေျမရဲစခန္းရဲတပ္ဖြဲ႕ဝင္ေတြ၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးတာဝန္ရွိသူေတြ နဲ႔ အရန္မီးသတ္တပ္ဖြဲ႕ဝင္ေတြကိုယ္တိုင္ မီးသတ္ယာဥ္တစ္ စီးအသင့္အေနအထား နဲ႔ေစာင့္ၾကပ္ၾကည့္ရႈေနတယ္လို႔သိရပါတယ္။

KT
မႏၲေလး ဧၿပီ ၁၉