မန္တလေး ကန်တော်နဒီဆေးရုံတွင် ၁၄ ရက်စောင့်ကြည့်စစ်ဆေးခံ ပြည်တော်ပြန်ကျောင်းသားများ နေရပ်အသီးသီးပြန်ခွင့်ပြုလိုက်ပြီ

မန္တလေး ကန်တော်နဒီဆေးရုံတွင် ၁၄ ရက်စောင့်ကြည့်စစ်ဆေးခံ ပြည်တော်ပြန်ကျောင်းသားများ နေရပ် အသီးသီး ပြန်ခွင့်ပြုလိုက်ပြီ

တရုတ်နိုင်ငံဝူဟန်မြို့ကနေပြန်ရောက်လာပြီး မန္တလေးမြို့ကကန်တော်နဒီ ဆေးရုံ မှာစောင့်ရှောက် ခံခဲ့ရတဲ့ ကျောင်းသားကျောင်းသူ ၅၉ ယောက်ကို ဒီကနေ့မှာပဲ မန္တလေးတိုင်းဒေသကြီးအစိုးရက ၎င်းတို့ရဲ့နေရပ်တွေကို ပြန်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

အဲဒီကျောင်းသားကျောင်းသူတွေဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂ ရက်နေ့က တရုတ်နိုင်ငံဝူဟန်မြို့ကနေ တရုတ်အစိုးရခွင့်ပြုချက်နဲ့ ပြန်ခေါ်လာ တဲ့ ကျောင်းသားကျောင်းသူတွေပဲဖြစ်ပြီး မူလက ၆၃ ယောက်ပြန်ခေါ်လာဖို့ရှိတာမှာ ၄ ယောက်ကအကြောင်းအမျိုးမျိုးနဲ့ ကျန်နေခဲ့တာပါ။

ကျောင်းသားကျောင်းသူ ၆၃ ယောက်ကို ပြန်ခေါ်လာဖို့ စီစဉ်ခဲ့တာမှာ ဝူဟန်လေဆိပ်မှာ ကျန်းမာရေးစစ်ဆေးစဉ် ၃ ယောက်က ကိုယ်အပူချိန် မြင့်တက်နေတဲ့အတွက် ဆက်လက် စစ်ဆေးဖို့နဲ့အခြားတစ်ဦးက ဗီဇာကိစ္စ အဆင်မပြေလို့ ကျန်နေခဲ့တာဖြစ်တယ်လို့  မြန်မာ အစိုးရက သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

 မန္တလေးမြို့ ကန်တော်နဒီဆေးရုံမှာစောင့်ရှောက်ထားတဲ့ကျောင်းသားကျောင်းသူ ၅၉ ယောက် နဲ့ဟာ စောင့်ကြည့်ကာလပြည့်မြောက်လို့ စိတ်ချရတဲ့ အခြေအနေဖြစ်တာကြောင့် ဒီကနေ့ ပြန်ခွင့်ပြုလိုက်တာဖြစ်တယ်လို့ မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်ကပြောပါတယ်။၎င်းတို့နဲ့ အတူ ကျန်းမာရေးဝန်ထမ်း ၃ ယောက်လည်းပြန်ခွင့်ရခဲ့ပြီး အားလုံးကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဒေါက်တာမြင့်ထွေး ကိုယ်တိုင်လာရောက် နှုတ်ဆက်ပေးသွား ခဲ့တာ လည်းဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ Covid-2019 ဖြစ်ပွားချိန် တရုတ်နိုင်ငံ ဝူဟန်မြို့မှာပိတ်မိနေ တဲ့ မြန်မာနိုင်ငံက ပညာတော်သင်ကျောင်းသားကျောင်းသူ  ၅၉ ယောက်ကို တရုတ်အစိုးရ ခွင့်ပြုချက် နဲ့မြန်မာအစိုးရကပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ကမြန်မာနိုင်ငံ မန္တလေးမြို့ဆီ
ပြန်ခေါ်ခဲ့တာပါ။ ၎င်းတိူ့ကို အထူးလေယာဉ်နဲ့ပြန်ခေါ်ခဲ့တာလည်းဖြစ်ပြီး ရောဂါကူးစက်ခံရမှု  ရှိ/မရှိ သိရှိနိုင်ဖို့မန္တလေးမြို့က ကန်တော်နဒီဆေးရုံမှာ ၁၄ ရက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ဒီကနေ့ပြန်ခွင့်ပေးလိုက်တာဖြစ်ပါတယ်။

KT                                                             
မန္တလေး ၊ ဖေဖော်ဝါရီ ၁၆ 

(  Zawgyi  )

တ႐ုတ္ႏိုင္ငံဝူဟန္ၿမိဳ႕ကေနျပန္ေရာက္လာၿပီး မႏၲေလးၿမိဳ႕ကကန္ေတာ္နဒီ ေဆး႐ုံ မွာေစာင့္ေရွာက္ ခံခဲ့ရတဲ့ ေက်ာင္းသားေက်ာင္းသူ ၅၉ ေယာက္ကို ဒီကေန႔မွာပဲ မႏၲေလးတိုင္းေဒသႀကီးအစိုးရက ၎တို႔ရဲ႕ေနရပ္ေတြကို ျပန္ခြင့္ျပဳလိုက္ၿပီျဖစ္ပါတယ္။

အဲဒီေက်ာင္းသားေက်ာင္းသူေတြဟာ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလ ၂ ရက္ေန႔က တ႐ုတ္ႏိုင္ငံဝူဟန္ၿမိဳ႕ကေန တ႐ုတ္အစိုးရခြင့္ျပဳခ်က္နဲ႔ ျပန္ေခၚလာ တဲ့ ေက်ာင္းသားေက်ာင္းသူေတြပဲျဖစ္ၿပီး မူလက ၆၃ ေယာက္ျပန္ေခၚလာဖို႔ရွိတာမွာ ၄ ေယာက္ကအေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ က်န္ေနခဲ့တာပါ။

ေက်ာင္းသားေက်ာင္းသူ ၆၃ ေယာက္ကို ျပန္ေခၚလာဖို႔ စီစဥ္ခဲ့တာမွာ ဝူဟန္ေလဆိပ္မွာ က်န္းမာေရးစစ္ေဆးစဥ္ ၃ ေယာက္က ကိုယ္အပူခ်ိန္ ျမင့္တက္ေနတဲ့အတြက္ ဆက္လက္ စစ္ေဆးဖို႔နဲ႔အျခားတစ္ဦးက ဗီဇာကိစၥ အဆင္မေျပလို႔ က်န္ေနခဲ့တာျဖစ္တယ္လို႔  ျမန္မာ အစိုးရက သတင္းထုတ္ျပန္ခ်က္အရသိရပါတယ္။

 မႏၲေလးၿမိဳ႕ ကန္ေတာ္နဒီေဆး႐ုံမွာေစာင့္ေရွာက္ထားတဲ့ေက်ာင္းသားေက်ာင္းသူ ၅၉ ေယာက္ နဲ႔ဟာ ေစာင့္ၾကည့္ကာလျပည့္ေျမာက္လို႔ စိတ္ခ်ရတဲ့ အေျခအေနျဖစ္တာေၾကာင့္ ဒီကေန႔ ျပန္ခြင့္ျပဳလိုက္တာျဖစ္တယ္လို႔ မႏၲေလးၿမိဳ႕ေတာ္ဝန္ ေဒါက္တာ ရဲလြင္ကေျပာပါတယ္။၎တို႔နဲ႔ အတူ က်န္းမာေရးဝန္ထမ္း ၃ ေယာက္လည္းျပန္ခြင့္ရခဲ့ၿပီး အားလုံးကို က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးေဒါက္တာျမင့္ေထြး ကိုယ္တိုင္လာေရာက္ ႏႈတ္ဆက္ေပးသြား ခဲ့တာ လည္းျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ Covid-2019 ျဖစ္ပြားခ်ိန္ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာပိတ္မိေန တဲ့ ျမန္မာႏိုင္ငံက ပညာေတာ္သင္ေက်ာင္းသားေက်ာင္းသူ  ၅၉ ေယာက္ကို တ႐ုတ္အစိုးရ ခြင့္ျပဳခ်က္ နဲ႔ျမန္မာအစိုးရကၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂ ရက္ေန႔ကျမန္မာႏိုင္ငံ မႏၲေလးၿမိဳ႕ဆီ
ျပန္ေခၚခဲ့တာပါ။ ၎တိူ႔ကို အထူးေလယာဥ္နဲ႔ျပန္ေခၚခဲ့တာလည္းျဖစ္ၿပီး ေရာဂါကူးစက္ခံရမႈ  ရွိ/မရွိ သိရွိႏိုင္ဖို႔မႏၲေလးၿမိဳ႕က ကန္ေတာ္နဒီေဆး႐ုံမွာ ၁၄ ရက္ေစာင့္ၾကည့္စစ္ေဆးခဲ့ၿပီး ဒီကေန႔ျပန္ခြင့္ေပးလိုက္တာျဖစ္ပါတယ္။

KT                                                             
မႏၲေလး ၊ ေဖေဖာ္ဝါရီ ၁၆