မန္တလေး မဟာမုနိဘုရားကြီးမှ ရွှေမိုက် ထုတ် ယူခြင်း လုပ်ငန်း၊ အတွင်းတော်မှ ရွှေ၃ ပိဿာရရှိကြောင်းသိရ

မန္တလေး မဟာမုနိဘုရားကြီးမှ ရွှေမိုက် ထုတ် ယူခြင်း လုပ်ငန်း၊ အတွင်းတော်မှ ရွှေ၃ ပိဿာရရှိကြောင်းသိရ

မန္တလေး မဟာမုနိဘုရားကြီးအသုံးအဆောင် ပစ္စည်းတွေကနေ ရွှေမိုက်ထုတ်ယူတဲ့လုပ်ငန်းကို အခုလဆန်းပိုင်းက စတင်ဆောင်ရွက် ခဲ့တာ မှာ ဒီကနေ့အထိ ဘုရားကြီးအတွင်းတော် တစ်ခုတည်းကနေ ရွှေပိဿာချိန် ၃ ပိဿာခန့် ရရှိခဲ့တယ်လို့ သိရပါတယ်။"ဒီနေ့က အတွင်းတော်ထဲကထုတ်ယူတာတွေအတွက် ၃ ပိဿာရပါတယ်၊ စက္ကူတွေကနေ ရထားတာက  ၁၀ ကျပ်သားလောက်ရှိတယ်" လို့ မိုက်သူကြီးဦးအောင်မိုးကပြောပါတယ်။

ဒါဟာ ဒီနှစ်အတွက် ဘုရားကြီးအတွင်းတော်ထဲကနေ ထုတ်ယူရရှိတဲ့ပမာဏပဲဖြစ်ပြီး ဒီကနေ့အထိ ထုတ်ယူပြီးသား ရွှေ ၄ ပိဿာကျော် ရရှိနေပြီဖြစ်တယ်လို့လည်းသိရပါတယ်။မဟာမုနိဘုရားကြီး အသုံးအဆောင်ပစ္စည်းတွေကနေ ၇၀ ကြိမ်မြောက် ရွှေမိုက် ထုတ်ယူခြင်း လုပ်ငန်းကို ဖေဖော်ဝါရီလ ၆ ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီး အခုနှစ် အပြီးသတ်ထုတ်ယူခြင်းအတွက် ၆ ပိဿာခန့် ရရှိနိုင်မယ်လို့ ခန့်မှန်း ထားတယ်လို့လည်းသိရပါတယ်။

မဟာမုနိဘုရားကြီးကနေ ရွှေမိုက်ထုတ်ယူတဲ့လုပ်ငန်းကို လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်ကစတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခုငါးနှစ်တာ ကာလစာရင်းအရ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ရွှေပိဿာချိန် ၆ ပိဿာခွဲ၊ ၂၀၁၆ ခုနှစ်က ၇ ပိဿာနဲ့ ၄ ကျပ်သား၊ ၂၀၁၇ ခုနှစ်က ၇ ပိဿာ ခန့်၊ ၂၀၁၈ ခုနှစ်က  ၁၆ ပိဿာကျော်၊ ၂၀၁၉ ခုနှစ်က ၇ ပိဿာကျော်ထွက်ရှိခဲ့တယ်လို့ မိုက်သူကြီးဦးအောင်မိုးကပြောပါတယ်။

ရွှေမိုက်ထုတ်ယူခြင်းကနေရရှိလာတဲ့ရွှေတွေကိုတော့ ဘုရားကြီးဂေါပကအဖွဲ့တာဝန်ရှိသူတွေရှေ့မှာပဲ ချိန်တွယ်သိမ်းဆည်းပြီး ဘုရားကြီး ဘက်စုံမွမ်းမံရေးလုပ်ငန်းတွေမှာအသုံးပြုကြောင်း၊ မဟာမုနိဘုရားကြီးမှာ တစ်ရက်ကို ရွှေဆိုင်းကပ်လှူသူ ငါးထောင်ခန့် ရှိကြောင်းသိရပါတယ်။

KT                                              
မန္တလေး၊ ဖေဖော်ဝါရီ ၂၇

(  Zawgyi  )

 မႏၲေလး မဟာမုနိဘုရားႀကီးအသုံးအေဆာင္ ပစၥည္းေတြကေန ေ႐ႊမိုက္ထုတ္ယူတဲ့လုပ္ငန္းကို အခုလဆန္းပိုင္းက စတင္ေဆာင္႐ြက္ ခဲ့တာ မွာ ဒီကေန႔အထိ ဘုရားႀကီးအတြင္းေတာ္ တစ္ခုတည္းကေန ေ႐ႊပိႆာခ်ိန္ ၃ ပိႆာခန႔္ ရရွိခဲ့တယ္လို႔ သိရပါတယ္။"ဒီေန႔က အတြင္းေတာ္ထဲကထုတ္ယူတာေတြအတြက္ ၃ ပိႆာရပါတယ္၊ စကၠဴေတြကေန ရထားတာက  ၁၀ က်ပ္သားေလာက္ရွိတယ္" လို႔ မိုက္သူႀကီးဦးေအာင္မိုးကေျပာပါတယ္။

ဒါဟာ ဒီႏွစ္အတြက္ ဘုရားႀကီးအတြင္းေတာ္ထဲကေန ထုတ္ယူရရွိတဲ့ပမာဏပဲျဖစ္ၿပီး ဒီကေန႔အထိ ထုတ္ယူၿပီးသား ေ႐ႊ ၄ ပိႆာေက်ာ္ ရရွိေနၿပီျဖစ္တယ္လို႔လည္းသိရပါတယ္။မဟာမုနိဘုရားႀကီး အသုံးအေဆာင္ပစၥည္းေတြကေန ၇၀ ႀကိမ္ေျမာက္ ေ႐ႊမိုက္ ထုတ္ယူျခင္း လုပ္ငန္းကို ေဖေဖာ္ဝါရီလ ၆ ရက္ေန႔ကစတင္ခဲ့တာျဖစ္ၿပီး အခုႏွစ္ အၿပီးသတ္ထုတ္ယူျခင္းအတြက္ ၆ ပိႆာခန႔္ ရရွိႏိုင္မယ္လို႔ ခန႔္မွန္း ထားတယ္လို႔လည္းသိရပါတယ္။

မဟာမုနိဘုရားႀကီးကေန ေ႐ႊမိုက္ထုတ္ယူတဲ့လုပ္ငန္းကို လြန္ခဲ့တဲ့ႏွစ္ေပါင္း ၇၀ ေက်ာ္ကစတင္လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး အခုငါးႏွစ္တာ ကာလစာရင္းအရ ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္က ေ႐ႊပိႆာခ်ိန္ ၆ ပိႆာခြဲ၊ ၂၀၁၆ ခုႏွစ္က ၇ ပိႆာနဲ႔ ၄ က်ပ္သား၊ ၂၀၁၇ ခုႏွစ္က ၇ ပိႆာ ခန႔္၊ ၂၀၁၈ ခုႏွစ္က  ၁၆ ပိႆာေက်ာ္၊ ၂၀၁၉ ခုႏွစ္က ၇ ပိႆာေက်ာ္ထြက္ရွိခဲ့တယ္လို႔ မိုက္သူႀကီးဦးေအာင္မိုးကေျပာပါတယ္။

ေ႐ႊမိုက္ထုတ္ယူျခင္းကေနရရွိလာတဲ့ေ႐ႊေတြကိုေတာ့ ဘုရားႀကီးေဂါပကအဖြဲ႕တာဝန္ရွိသူေတြေရွ႕မွာပဲ ခ်ိန္တြယ္သိမ္းဆည္းၿပီး ဘုရားႀကီး ဘက္စုံမြမ္းမံေရးလုပ္ငန္းေတြမွာအသုံးျပဳေၾကာင္း၊ မဟာမုနိဘုရားႀကီးမွာ တစ္ရက္ကို ေ႐ႊဆိုင္းကပ္လႉသူ ငါးေထာင္ခန႔္ ရွိေၾကာင္းသိရပါတယ္။

KT                                              
မႏၲေလး၊ ေဖေဖာ္ဝါရီ ၂၇