မန်းတက္ကသိုလ် ရာဇတ်ခန်းမတွင် သိပ္ပံနှင့်နည်းပညာပြတိုက်ဖွင့်လှစ်မည်၊

မန်းတက္ကသိုလ် ရာဇတ်ခန်းမတွင် သိပ္ပံနှင့်နည်းပညာပြတိုက်ဖွင့်လှစ်မည်၊

အခြေခံပညာနဲ့အဆင့်မြင့်ပညာကျောင်းသားကျောင်းသူတွေ သိပ္ပံနဲ့နည်းပညာဆိုင်ရာသုတေသနပြုနိုင်ဖို့အတွက်ရည်ရွယ်ချက်နဲ့ မန္တလေးတက္ကသိုလ်နယ်မြေအတွင်းမှာ သိပ္ပံနှင့်နည်းပညာပြတိုက်တစ်ခု မကြာခင်မှာပဲဖွင့်လှစ်သွားတော့မှာဖြစ်ပါတယ်။

Mobile Science and Technology Museum လို့အမည်ရှိတဲ့ ဒီပြတိုက်ကို ပညာရေးဝန်ကြီးဌာနနဲ့ တရုတ်နိုင်ငံ China Science and Technology Museum တို့ MoU ရေးထိုးပြီး တရုတ်နိုင်ငံကလှူဒါန်းထားတဲ့ သိပ္ပံပစ္စည်းကိရိယာတွေပြသထားမှာဖြစ်တယ်လို့သိရပြီး  လက်ရှိမှာတော့ကြိုတင်ပြင်ဆင်တပ်ဆင်မှုတွေပြုလုပ်နေတာ ရာခိုင်နှုန်းပြည့်နီးပါးပြီးစီးနေပါပြီ။

"တရုတ်မှာ Confrence သွားတက်တုန်းက မြန်မာနိုင်ငံအတွက်ရလာတာပါ၊ တကယ်တော့ဒီပြတိုက်က Mobile Science and Technology Museum ပါ၊ ဆိုလိုတာက မြို့ကြီးတွေမှာအလှည့်ကျထားပြသတဲ့ပြတိုက်ပါ၊ အခု မန္တလေးတက္ကသိုလ် ရာဇတ်ခန်းမမှာထားရှိပြသဖို့ပြင်ဆင်နေတာပါ" လို့ ပြတိုက်ဖွင့်လှစ်ရေး ကော်မတီဝင်တစ်ဦးဖြစ်တဲ့ အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်းမှကျောင်းအုပ်ဆရာကြီးဒေါက်တာသန်းထိုက်စိုးကပြောပါတယ်။

ဒီပြတိုက် မန္တလေးတက္ကသိုလ်ထဲဖွင့်လှစ်နိုင်ဖို့ တရုတ်နိုင်ငံ China Science and Technology Museum ရဲ့အထောက်အပံ့နဲ့၊ မန္တလေးတက္ကသိုလ်၊ မန္တလေးတိုင်းဒေသကြီးကိုယ်ပိုင်ကျောင်းများအသင်း နဲ့ မန္တလေးမြို့မိမြို့ဖတွေပူးပေါင်းစီစဉ်တာလို့သိရပြီး ပြတိုက်မှာပါဝင်တဲ့သင်ထောက်ကူပစ္စည်းတွေဟာ စာသင်ကြားလို့အကောင်းဆုံးသင်ထောက်ကူပစ္စည်းတွေဖြစ်တာကြောင့် အခြေခံ ပညာကျောင်းသားကျောင်းသူတွေတင်မကဘဲ အဆင့်မြင့်ပညာကျောင်းသားကျောင်းသူတွေအတွက်ပါ လေ့လာနိုင်စရာနေရာ တစ်ခုဖြစ်ပါတယ်။

"မန္တလေးတက္ကသိုလ်မှာ နိုဝင်ဘာ ၅ ရက်နေ့ကစပြီးထားရှိပြသသွားမှာပါ၊ တက္ကသိုလ်ထဲမှာဖွင့်ရတဲ့ရည်ရွယ်ချက်က အခြေခံပညာ ကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေ ဘုန်းတော်ကြီးသင်ပညာကျောင်းတွေက  ဒီကိုလာပြီးလေ့လာခြင်းအားဖြင့် ပညာလည်းတိုးမယ် တက္ကသိုလ်ဆိုတဲ့အားကျစရာကြီးကိုလည်း လေ့လာခွင့်ရမယ် အဲဒီလိုဏည်ရွယ်ချက်လည်းပါပါတယ်" လို့၎င်းကဆိုပါတယ်။ပြတိုက် အတွင်း ဇီဝ ဓာတု ရူပပညာရပ်တွေ၊ စက်ရုပ်နည်းပညာ၊ အာကာသနဲ့သမုဒ္ဒရာကိုကြည့်တဲ့3D နည်းပညာအစရှိတဲ့ပညာရပ်တွေကို အမျိုးအစား ၇၀ ကျော်ပြသထားမှာလို့သိရပါတယ်။

"ဒီပြတိုက်မျိုးက မြန်မာပြည်မှာမရှိဘူး၊ကျောင်းသားတွေအတွက် လက်တွေ့လုပ်နိုင်မယ့်နည်းပညာမျိုးစုံပါတယ်၊ အခြေခံပညာတင် မဟုတ်ဘူး အဆင့်မြင့်အထိရတာပါ၊ အဆင့်မြင့်ပညာအထိသုတေသနလုပ်နိုင်မှာပါ၊ပညာရေး အတွက် မရှိမဖြစ်တဲ့ ဒီလိုပြတိုက် တွေကြောင့် လေ့လာသင်ယူလိုစိတ်တွေလည်းများလာမယ်၊  Museum ဆိုတာ ပညာဏေးအတွက်မရှိမဖြစ်အထောက်အကူတစ်ခုပါ" လို့လည်း ဒေါက်တာသန်းထိုက်စိုးကပြောပါတယ်။

ဒီပြတိုက်က ရွှေ့လို့ပြောင်းလို့ရတဲ့ပြတိုက်ဖြစ်ပြီး မြန်မာနိုင်ငံမြို့ကြီးတွေမှာ ၆ လတစ်ကြိမ်ရွှေ့ပြောင်းပြသသွားဖို့ စီစဉ်ထားပေမယ့် လည်း အခုတော့ မန္တလေးတက္ကသိုလ်နယ်မြေထဲမှာပဲ ထားရှိသွားတော့မှာလို့သိရပါတယ်။         
                 
 KT                                                     
 မန္တလေး ၊ အောက်တိုဘာ ၃၀

(  Zawgyi  )

 အေျခခံပညာနဲ႔အဆင့္ျမင့္ပညာေက်ာင္းသားေက်ာင္းသူေတြ သိပၸံနဲ႔နည္းပညာဆိုင္ရာသုေတသနျပဳႏိုင္ဖို႔အတြက္ရည္႐ြယ္ခ်က္နဲ႔ မႏၲေလးတကၠသိုလ္နယ္ေျမအတြင္းမွာ သိပၸံႏွင့္နည္းပညာျပတိုက္တစ္ခု မၾကာခင္မွာပဲဖြင့္လွစ္သြားေတာ့မွာျဖစ္ပါတယ္။

Mobile Science and Technology Museum လို႔အမည္ရွိတဲ့ ဒီျပတိုက္ကို ပညာေရးဝန္ႀကီးဌာနနဲ႔ တ႐ုတ္ႏိုင္ငံ China Science and Technology Museum တို႔ MoU ေရးထိုးၿပီး တ႐ုတ္ႏိုင္ငံကလႉဒါန္းထားတဲ့ သိပၸံပစၥည္းကိရိယာေတြျပသထားမွာျဖစ္တယ္လို႔သိရၿပီး  လက္ရွိမွာေတာ့ႀကိဳတင္ျပင္ဆင္တပ္ဆင္မႈေတြျပဳလုပ္ေနတာ ရာခိုင္ႏႈန္းျပည့္နီးပါးၿပီးစီးေနပါၿပီ။

"တ႐ုတ္မွာ Confrence သြားတက္တုန္းက ျမန္မာႏိုင္ငံအတြက္ရလာတာပါ၊ တကယ္ေတာ့ဒီျပတိုက္က Mobile Science and Technology Museum ပါ၊ ဆိုလိုတာက ၿမိဳ႕ႀကီးေတြမွာအလွည့္က်ထားျပသတဲ့ျပတိုက္ပါ၊ အခု မႏၲေလးတကၠသိုလ္ ရာဇတ္ခန္းမမွာထားရွိျပသဖို႔ျပင္ဆင္ေနတာပါ" လို႔ ျပတိုက္ဖြင့္လွစ္ေရး ေကာ္မတီဝင္တစ္ဦးျဖစ္တဲ့ အမွတ္(၁၁) အေျခခံပညာ အထက္တန္းေက်ာင္းမွေက်ာင္းအုပ္ဆရာႀကီးေဒါက္တာသန္းထိုက္စိုးကေျပာပါတယ္။

ဒီျပတိုက္ မႏၲေလးတကၠသိုလ္ထဲဖြင့္လွစ္ႏိုင္ဖို႔ တ႐ုတ္ႏိုင္ငံ China Science and Technology Museum ရဲ႕အေထာက္အပံ့နဲ႔၊ မႏၲေလးတကၠသိုလ္၊ မႏၲေလးတိုင္းေဒသႀကီးကိုယ္ပိုင္ေက်ာင္းမ်ားအသင္း နဲ႔ မႏၲေလးၿမိဳ႕မိၿမိဳ႕ဖေတြပူးေပါင္းစီစဥ္တာလို႔သိရၿပီး ျပတိုက္မွာပါဝင္တဲ့သင္ေထာက္ကူပစၥည္းေတြဟာ စာသင္ၾကားလို႔အေကာင္းဆုံးသင္ေထာက္ကူပစၥည္းေတြျဖစ္တာေၾကာင့္ အေျခခံ ပညာေက်ာင္းသားေက်ာင္းသူေတြတင္မကဘဲ အဆင့္ျမင့္ပညာေက်ာင္းသားေက်ာင္းသူေတြအတြက္ပါ ေလ့လာႏိုင္စရာေနရာ တစ္ခုျဖစ္ပါတယ္။

"မႏၲေလးတကၠသိုလ္မွာ ႏိုဝင္ဘာ ၅ ရက္ေန႔ကစၿပီးထားရွိျပသသြားမွာပါ၊ တကၠသိုလ္ထဲမွာဖြင့္ရတဲ့ရည္႐ြယ္ခ်က္က အေျခခံပညာ ေက်ာင္းေတြ၊ ကိုယ္ပိုင္ေက်ာင္းေတြ ဘုန္းေတာ္ႀကီးသင္ပညာေက်ာင္းေတြက  ဒီကိုလာၿပီးေလ့လာျခင္းအားျဖင့္ ပညာလည္းတိုးမယ္ တကၠသိုလ္ဆိုတဲ့အားက်စရာႀကီးကိုလည္း ေလ့လာခြင့္ရမယ္ အဲဒီလိုဏည္႐ြယ္ခ်က္လည္းပါပါတယ္" လို႔၎ကဆိုပါတယ္။ျပတိုက္ အတြင္း ဇီဝ ဓာတု ႐ူပပညာရပ္ေတြ၊ စက္႐ုပ္နည္းပညာ၊ အာကာသနဲ႔သမုဒၵရာကိုၾကည့္တဲ့3D နည္းပညာအစရွိတဲ့ပညာရပ္ေတြကို အမ်ိဳးအစား ၇၀ ေက်ာ္ျပသထားမွာလို႔သိရပါတယ္။

"ဒီျပတိုက္မ်ိဳးက ျမန္မာျပည္မွာမရွိဘူး၊ေက်ာင္းသားေတြအတြက္ လက္ေတြ႕လုပ္ႏိုင္မယ့္နည္းပညာမ်ိဳးစုံပါတယ္၊ အေျခခံပညာတင္ မဟုတ္ဘူး အဆင့္ျမင့္အထိရတာပါ၊ အဆင့္ျမင့္ပညာအထိသုေတသနလုပ္ႏိုင္မွာပါ၊ပညာေရး အတြက္ မရွိမျဖစ္တဲ့ ဒီလိုျပတိုက္ ေတြေၾကာင့္ ေလ့လာသင္ယူလိုစိတ္ေတြလည္းမ်ားလာမယ္၊  Museum ဆိုတာ ပညာေဏးအတြက္မရွိမျဖစ္အေထာက္အကူတစ္ခုပါ" လို႔လည္း ေဒါက္တာသန္းထိုက္စိုးကေျပာပါတယ္။

ဒီျပတိုက္က ေ႐ႊ႕လို႔ေျပာင္းလို႔ရတဲ့ျပတိုက္ျဖစ္ၿပီး ျမန္မာႏိုင္ငံၿမိဳ႕ႀကီးေတြမွာ ၆ လတစ္ႀကိမ္ေ႐ႊ႕ေျပာင္းျပသသြားဖို႔ စီစဥ္ထားေပမယ့္ လည္း အခုေတာ့ မႏၲေလးတကၠသိုလ္နယ္ေျမထဲမွာပဲ ထားရွိသြားေတာ့မွာလို႔သိရပါတယ္။         
                 
 KT                                                     
 မႏၲေလး ၊ ေအာက္တိုဘာ ၃၀