မန်းတိုင်း တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးစိုင်းပန်းဆိုင် ကတိသစ္စာပြုခဲ့

မန်းတိုင်း တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးစိုင်းပန်းဆိုင် ကတိသစ္စာပြုခဲ့

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး ၁/၂၀၁၈ (တတိယနေ့) ကို ဒီနေ့မနက် ၁၀ နာရီက ဆက်လက်ကျင်းပခဲ့တာမှာ  ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်(ခ)ဦးစိုင်းထွန်းစိန်(ခ)ဦးကျော်စိန် က ဝန်ကြီးအဖြစ် ကတိသစ္စာပြုခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆိုပြုတဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ရှမ်းတိုင်းရင်းသား ဦးစိုင်းပန်းဆိုင်(ခ)ဦးစိုင်းထွန်းစိန်(ခ)ဦးကျော်စိန် ကို ပြီးခဲ့တဲ့ သောကြာနေ့က ကျင်းပတဲ့ လွှတ်တော်အထူးအစည်းအဝေး ၁/၂၀၁၈ (ပထမနေ့) မှာ အမည်စာရင်း တင်သွင်းခဲ့တာဖြစ်ပြီး လွှတ်တော်ရဲ့ သဘောတူညီချက်အရ နိုင်ငံတော်သမ္မတက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မ ၂၊ ပုဒ်မခွဲ (ဂ) နဲ့ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂)၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်တွေအရ ဦးစိုင်းပန်းဆိုင်(ခ)ဦးစိုင်းထွန်းစိန်(ခ)ဦးကျော်စိန် ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့တာပါ။

ဒီနေ့ အထူးအစည်းအဝေးမှာ ဦးစိုင်းပန်းဆိုင်(ခ)ဦးစိုင်းထွန်းစိန်(ခ)ဦးကျော်စိန် က လွှတ်တော်ဥက္ကဌရှေ့မှောက် ကတိသစ္စာပြု လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး လစ်လပ် တိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက် နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာ ပါတီ ၅ ခု ဝင်ရောက်အရွေးခံခဲ့တာဖြစ်ပြီး အန်အယ်ဒီပါတီမှ ဦးစိုင်းပန်းဆိုင်(ခ)ဦးစိုင်းထွန်းစိန်(ခ)ဦးကျော်စိန် က ၇၁၆၇ မဲနဲ့ အနိုင်ရရှိခဲ့တာပါ။

နိုဝင်ဘာ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်နန်းထွေးမှုံ (ရှမ်းတိုင်းရင်းသားများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) က ၄၆၂၁ မဲနဲ့ ဒုတိယ၊  ဦးစိုင်းအောင်ကြည် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) က ၄၁၀၃ မဲနဲ့ တတိယနေရာ ရရှိခဲ့ပါတယ်။

KT
မန္တလေး၊ ဒီဇင်ဘာ - ၁၈

( Zawgyi )

ဒုတိယအႀကိမ္ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္ အထူးအစည္းအေဝး ၁/၂၀၁၈ (တတိယေန႔) ကို ဒီေန႔မနက္ ၁၀ နာရီက ဆက္လက္က်င္းပခဲ့တာမွာ  ရွမ္းတိုင္းရင္းသားေရးရာဝန္ႀကီး ဦးစိုင္းပန္းဆိုင္(ခ)ဦးစိုင္းထြန္းစိန္(ခ)ဦးေက်ာ္စိန္ က ဝန္ႀကီးအျဖစ္ ကတိသစၥာျပဳခဲ့ပါတယ္။

မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္က အဆိုျပဳတဲ့ ရွမ္းတိုင္းရင္းသားေရးရာဝန္ႀကီးအျဖစ္ ရွမ္းတိုင္းရင္းသား ဦးစိုင္းပန္းဆိုင္(ခ)ဦးစိုင္းထြန္းစိန္(ခ)ဦးေက်ာ္စိန္ ကို ၿပီးခဲ့တဲ့ ေသာၾကာေန႔က က်င္းပတဲ့ လႊတ္ေတာ္အထူးအစည္းအေဝး ၁/၂၀၁၈ (ပထမေန႔) မွာ အမည္စာရင္း တင္သြင္းခဲ့တာျဖစ္ၿပီး လႊတ္ေတာ္ရဲ႕ သေဘာတူညီခ်က္အရ ႏိုင္ငံေတာ္သမၼတက ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၂၆၂၊ ပုဒ္မခြဲ (စ)၊ ပုဒ္မ ၂၆၄၊ ပုဒ္မခြဲ (ဂ)၊ ျပည္ေထာင္စုအစိုးရအဖြဲ႕ ဥပေဒပုဒ္မ ၁၉၊ ပုဒ္မခြဲ (ဂ)၊ ပုဒ္မ ၂၊ ပုဒ္မခြဲ (ဂ) နဲ႔ တိုင္းေဒသႀကီး (သို႔မဟုတ္) ျပည္နယ္အစိုးရအဖြဲ႕ ဥပေဒပုဒ္မ ၁၀၊ ပုဒ္မခြဲ (က)၊ ပုဒ္မခြဲငယ္ (၂)၊ ပုဒ္မ ၅၆၊ ပုဒ္မခြဲ (က) ပါ ျပ႒ာန္းခ်က္ေတြအရ ဦးစိုင္းပန္းဆိုင္(ခ)ဦးစိုင္းထြန္းစိန္(ခ)ဦးေက်ာ္စိန္ ကို မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝင္ တိုင္းရင္းေရးရာဝန္ႀကီးအျဖစ္ ခန႔္အပ္တာဝန္ေပးခဲ့တာပါ။

ဒီေန႔ အထူးအစည္းအေဝးမွာ ဦးစိုင္းပန္းဆိုင္(ခ)ဦးစိုင္းထြန္းစိန္(ခ)ဦးေက်ာ္စိန္ က လႊတ္ေတာ္ဥကၠဌေရွ႕ေမွာက္ ကတိသစၥာျပဳ လက္မွတ္ေရးထိုးခဲ့တာ ျဖစ္ပါတယ္။

မႏၲေလးတိုင္းေဒသႀကီး လစ္လပ္ တိုင္းရင္းသားေရးရာဝန္ႀကီး ေနရာအတြက္ ႏိုဝင္ဘာ ၃ ရက္ ေ႐ြးေကာက္ပြဲမွာ ပါတီ ၅ ခု ဝင္ေရာက္အေ႐ြးခံခဲ့တာျဖစ္ၿပီး အန္အယ္ဒီပါတီမွ ဦးစိုင္းပန္းဆိုင္(ခ)ဦးစိုင္းထြန္းစိန္(ခ)ဦးေက်ာ္စိန္ က ၇၁၆၇ မဲနဲ႔ အႏိုင္ရရွိခဲ့တာပါ။

ႏိုဝင္ဘာ ၃ ရက္ ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ ေဒၚနန္းေထြးမႈံ (ရွမ္းတိုင္းရင္းသားမ်ား အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္) က ၄၆၂၁ မဲနဲ႔ ဒုတိယ၊  ဦးစိုင္းေအာင္ၾကည္ (ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ) က ၄၁၀၃ မဲနဲ႔ တတိယေနရာ ရရွိခဲ့ပါတယ္။

KT
မႏၲေလး၊ ဒီဇင္ဘာ - ၁၈