မန်းတွင် ဇန်နဝါရီလအတွင်း မီးလောင်မှု ၉ ခုဖြစ်ခဲ့၊ လျှပ်စစ်မီးပေါ့ဆမှုကြောင့်အများဆုံးဖြစ်ကြောင်းသိရ

မန်းတွင် ဇန်နဝါရီလအတွင်း မီးလောင်မှု ၉ ခုဖြစ်ခဲ့၊ လျှပ်စစ်မီးပေါ့ဆမှုကြောင့်အများဆုံးဖြစ်ကြောင်းသိရ

မန္တလေးခရိုင်အတွင်းမှာ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း မီးလောင်မှု ၉ ခုဖြစ်ပွားခဲ့တာမှာ လျှပ်စစ်မီးပေါ့ဆမှုကြောင့်က အများဆုံး ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနဆီကသိရပါတယ်။

လျှပ်စစ်မီးသုံးစွဲမှုကနေ ဝါယာရှော့ဖြစ်လို့ မီးလောင်ကျွမ်းခဲ့တဲ့ဖြစ်စဉ် ၆ ခုရှိခဲ့ပြီး ဒီဖြစ်စဉ်တွေမှာ မီးပေါ့ဆမှုနဲ့ အရေးယူခံရသူ ၆ ဦးရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနတာဝန်ရှိသူတစ်ဦးကပြောပါတယ်။"ဇန်နဝါရီလအတွင်း မီးလောင်ခဲ့မှု ၉ ခုမှာ လျှပ်စစ်ပေါ့လျော့ စွာ အသုံးပြုမှုကြောင့်ကအများဆုံးပါပဲ၊ မီးပေါ့ဆမှုနဲ့အရေးယူခံရသူ ၆ ဦးရှိပါတယ်" လို့၎င်းကဆိုပါတယ်။

လျှပ်စစ်မီးပေါ့ဆမှုကြောင့်မီးလောင်ကျွမ်းမှုဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေထဲမှာ ရတနာပုံဈေး SkyWalk အဆောက်အဦမီးလောင်ကျွမ်းမှုက အဆိုးရွားဆုံးဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုးကျပ်သိန်းပေါင်းတစ်သောင်းကျော်ရှိတယ်လို့လည်းသိရပါတယ်။မီးလောင်မှု ဖြစ်စဉ် တစ်ချို့မှာ လူသေဆုံးတဲ့အထိလည်းရှိခဲ့ကြောင်းသိရပြီး ဒါကြောင့်လည်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုတွေ စဉ်ဆက်မပြတ် ဆောင်ရွက်နေတယ် လို့လည်း၎င်းကပြောပါတယ်။

ဇန်နဝါရီလအတွင်း မန္တလေးခရိုင်မှာ လျှပ်စစ်မီးကြောင့် ဖြစ်ပွားခဲ့တဲ့မီးလောင်မှု ၆ ခု၊ ပေါ့ဆမှုကြောင့်ဖြစ်ပွားခဲ့တဲ့မီးလောင်မှုက ၂ ခု၊  အလိုလျောက်ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုက ၁ ခု စုစုပေါင်း မီးလောင်မှု ၉ ကြိမ်ဖြစ်ပွားခဲ့တာမှာ သေဆုံးသူ ၁ ဦးနဲ့ ထိခိုက်ဒဏ်ရာ ရသူ ၆ ဦးရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနစာရင်းအရသိပါတယ်။

လျှပ်စစ်ကြောင့်ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုတွေအနေနဲ့ကတော့ ဇန်နဝါရီလ ၇ ရက်နေ့ က အောင်မြေသာစံမြို့နယ်၊ အမရဌာနီ အရှေ့ ရပ်ကွက်မှာ အိမ်သုံးမီးစက်အပူလွန်ကဲပြီးဝါယာရှော့ဖြစ်ရာကနေ စတင်လောင်ကျွမ်းမှု၊ ဇန်နဝါရီလ ၁၅ ရက်နေ့ က  ပြည်ကြီး တံခွန်မြို့နယ် (ဇ)ရပ်ကွက်မှာဖြစ်ပွားခဲ့တဲ့ အဲယားကွန်းဝါယာရှော့ဖြစ်ပြီးမီးစတင်လောင်ကျွမ်းမှု၊ ဇန်နဝါရီလ ၁၇ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ပုသိမ်ကြီးမြို့နယ်၊ ဂေါဝန်ဆိပ် ဧရာဝတီမြစ်ထဲ ဒီဇယ်ပုံးအနီး လျှပ်စစ်မီးဖိုနဲ့ထမင်းအိုး တည်ရာ ကနေ မီးစတင်လောင်ကျွမ်းမှုနဲ့ရတနာပုံဈေးSkyWalk အဆောက်အဦ အတွင်းကဆိုင်ခန်းတစ်ခန်းမှာဖုန်းအား သွင်းရာ ကနေအပူလွန်ကဲမှု ဖြစ်ပြီး မီးကူးစက် လောင်ကျွမ်းမှု၊ ဇန်နဝါရီလ ၂၀ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်ကနေအိမ်တစ်အိမ် ထမင်းပေါင်းအိုး အပူလွန်ကဲရာကစတင်လောင်ကျွမ်းခဲ့မှု၊ ဇန်နဝါရီလ ၂၆ ရက်နေ့က အမရပူရမြို့နယ်၊ ညောင်ပင်စောက်ကျေးရွာမှာ မီးပလပ်ခုံ အပူလွန်ကဲရာကနေ မီးလောင်မှုတို့ဖြစ်ကြောင်း လည်းသိရပါတယ်။

KT                                                                            
မန္တလေး ၊ ဖေဖော်ဝါရီ ၇

(  Zawgyi  )

 မႏၲေလးခ႐ိုင္အတြင္းမွာ ၿပီးခဲ့တဲ့ဇန္နဝါရီလအတြင္း မီးေလာင္မႈ ၉ ခုျဖစ္ပြားခဲ့တာမွာ လွ်ပ္စစ္မီးေပါ့ဆမႈေၾကာင့္က အမ်ားဆုံး ျဖစ္တယ္လို႔ မႏၲေလးတိုင္းေဒသႀကီး မီးသတ္ဦးစီးဌာနဆီကသိရပါတယ္။

လွ်ပ္စစ္မီးသုံးစြဲမႈကေန ဝါယာေရွာ့ျဖစ္လို႔ မီးေလာင္ကြၽမ္းခဲ့တဲ့ျဖစ္စဥ္ ၆ ခုရွိခဲ့ၿပီး ဒီျဖစ္စဥ္ေတြမွာ မီးေပါ့ဆမႈနဲ႔ အေရးယူခံရသူ ၆ ဦးရွိခဲ့တယ္လို႔ မီးသတ္ဦးစီးဌာနတာဝန္ရွိသူတစ္ဦးကေျပာပါတယ္။"ဇန္နဝါရီလအတြင္း မီးေလာင္ခဲ့မႈ ၉ ခုမွာ လွ်ပ္စစ္ေပါ့ေလ်ာ့ စြာ အသုံးျပဳမႈေၾကာင့္ကအမ်ားဆုံးပါပဲ၊ မီးေပါ့ဆမႈနဲ႔အေရးယူခံရသူ ၆ ဦးရွိပါတယ္" လို႔၎ကဆိုပါတယ္။

လွ်ပ္စစ္မီးေပါ့ဆမႈေၾကာင့္မီးေလာင္ကြၽမ္းမႈျဖစ္ခဲ့တဲ့ျဖစ္စဥ္ေတြထဲမွာ ရတနာပုံေဈး SkyWalk အေဆာက္အဦမီးေလာင္ကြၽမ္းမႈက အဆိုး႐ြားဆုံးျဖစ္ၿပီး ဆုံးရႈံးမႈတန္ဖိုးက်ပ္သိန္းေပါင္းတစ္ေသာင္းေက်ာ္ရွိတယ္လို႔လည္းသိရပါတယ္။မီးေလာင္မႈ ျဖစ္စဥ္ တစ္ခ်ိဳ႕မွာ လူေသဆုံးတဲ့အထိလည္းရွိခဲ့ေၾကာင္းသိရၿပီး ဒါေၾကာင့္လည္း မီးေဘးအႏၲရာယ္ ႀကိဳတင္ကာကြယ္မႈေတြ စဥ္ဆက္မျပတ္ ေဆာင္႐ြက္ေနတယ္ လို႔လည္း၎ကေျပာပါတယ္။

ဇန္နဝါရီလအတြင္း မႏၲေလးခ႐ိုင္မွာ လွ်ပ္စစ္မီးေၾကာင့္ ျဖစ္ပြားခဲ့တဲ့မီးေလာင္မႈ ၆ ခု၊ ေပါ့ဆမႈေၾကာင့္ျဖစ္ပြားခဲ့တဲ့မီးေလာင္မႈက ၂ ခု၊  အလိုေလ်ာက္ျဖစ္ပြားခဲ့တဲ့ မီးေလာင္မႈက ၁ ခု စုစုေပါင္း မီးေလာင္မႈ ၉ ႀကိမ္ျဖစ္ပြားခဲ့တာမွာ ေသဆုံးသူ ၁ ဦးနဲ႔ ထိခိုက္ဒဏ္ရာ ရသူ ၆ ဦးရွိခဲ့တယ္လို႔ မီးသတ္ဦးစီးဌာနစာရင္းအရသိပါတယ္။

လွ်ပ္စစ္ေၾကာင့္ျဖစ္ပြားခဲ့တဲ့ မီးေလာင္မႈေတြအေနနဲ႔ကေတာ့ ဇန္နဝါရီလ ၇ ရက္ေန႔ က ေအာင္ေျမသာစံၿမိဳ႕နယ္၊ အမရဌာနီ အေရွ႕ ရပ္ကြက္မွာ အိမ္သုံးမီးစက္အပူလြန္ကဲၿပီးဝါယာေရွာ့ျဖစ္ရာကေန စတင္ေလာင္ကြၽမ္းမႈ၊ ဇန္နဝါရီလ ၁၅ ရက္ေန႔ က  ျပည္ႀကီး တံခြန္ၿမိဳ႕နယ္ (ဇ)ရပ္ကြက္မွာျဖစ္ပြားခဲ့တဲ့ အဲယားကြန္းဝါယာေရွာ့ျဖစ္ၿပီးမီးစတင္ေလာင္ကြၽမ္းမႈ၊ ဇန္နဝါရီလ ၁၇ ရက္ေန႔ကျဖစ္ပြားခဲ့တဲ့ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ေဂါဝန္ဆိပ္ ဧရာဝတီျမစ္ထဲ ဒီဇယ္ပုံးအနီး လွ်ပ္စစ္မီးဖိုနဲ႔ထမင္းအိုး တည္ရာ ကေန မီးစတင္ေလာင္ကြၽမ္းမႈနဲ႔ရတနာပုံေဈးSkyWalk အေဆာက္အဦ အတြင္းကဆိုင္ခန္းတစ္ခန္းမွာဖုန္းအား သြင္းရာ ကေနအပူလြန္ကဲမႈ ျဖစ္ၿပီး မီးကူးစက္ ေလာင္ကြၽမ္းမႈ၊ ဇန္နဝါရီလ ၂၀ ရက္ေန႔ကျဖစ္ပြားခဲ့တဲ့ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ထြန္တုံးရပ္ကြက္ကေနအိမ္တစ္အိမ္ ထမင္းေပါင္းအိုး အပူလြန္ကဲရာကစတင္ေလာင္ကြၽမ္းခဲ့မႈ၊ ဇန္နဝါရီလ ၂၆ ရက္ေန႔က အမရပူရၿမိဳ႕နယ္၊ ေညာင္ပင္ေစာက္ေက်း႐ြာမွာ မီးပလပ္ခုံ အပူလြန္ကဲရာကေန မီးေလာင္မႈတို႔ျဖစ္ေၾကာင္း လည္းသိရပါတယ္။

KT                                                                            
မႏၲေလး ၊ ေဖေဖာ္ဝါရီ ၇