မန်းမြို့အထင်ကရ အိုးပုတ်ပွဲတော်ကျင်းပ

 
မန်းမြို့အထင်ကရ အိုးပုတ်ပွဲတော်ကျင်းပ

မန္တလေးမြို့ရဲ့အထင်ကရပွဲတော်တွေထဲကတစ်ခုဖြစ်တဲ့ အိုးပုတ်ပွဲတော်(ဝါ)အိုးပုတ်ခိုးပွဲတော်ကို ယနေ့ကျင်းပခဲ့ပါတယ်။ တစ်နှစ်မှာ တစ်ခါ၊ တစ်ခါမှာတစ်ရက်တည်းကျင်းပတဲ့ပွဲတော်တစ်ခုပဲဖြစ်ပြီး မန္တလေးမြို့နဲ့အနီးတစ်ဝိုက်ဒေသက နှစ်စဉ်လာရောက်ဆင်နွှဲလေ့ရှိကြတဲ့ ထူးခြား တဲ့ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။

နှစ်စဉ်နှစ်တိုင်း မြန်မာနှစ်ဝါခေါင်လဆန်း ၈ ရက်နေ့မှာကျင်းပလေ့ရှိတဲ့ ဒီအိုးပုတ်ပွဲတော်ကို တစ်ရက်တည်းကျင်းပတာလည်းဖြစ်ပြီး ထူးခြားမှု တစ်ခုက ပွဲရက်မတိုင်မီကတည်းက စည်ကားနေတာပဲဖြစ်ပါတယ်။အိုးပုတ်ပွဲတော်မှာ ကာလာရောင်စုံ ပုံစံဒီဇိုင်းမျိုးစုံနဲ့ အိုးပုတ်အကြီးအငယ် အရွယ်အလတ်တွေ ရောင်းချပေးတာပဲဖြစ်ပြီး ဒီဘက်နှစ်တွေမှာ ဒီဇိုင်းဆန်းတွေဖန်တီးထုတ်လုပ်လာကြပါတယ်။

တစ်နှစ်မှာ တစ်ရက်ထဲ တစ်နေကုန် တစ်နေခမ်း ကျင်းပပြုလုပ်လေ့ရှိတဲ့ မန္တလေး အောင်မြေသာစံမြို့နယ် အိုးဘိုရပ်က အိုးပုတ်ပွဲတော်ဟာ ရှေးနှစ်ပေါင်းတစ်ရာကျော်ကတည်းက ရှိခဲ့တာဖြစ်ပြီး တောင်ပြုန်းပွဲတော်သွား အိုးပုတ်သည်တွေ အဲဒီအရပ်မှာ ယာယီစခန်းချ နားနေခိုက် ရပ်နီးရပ်ဝေးက လာရောက်ဝယ်ယူသူတွေ ရှိလာရာကနေ အစပြုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

နှစ်စဉ် တောင်ပြုန်းပွဲတော် စတင်ကျင်းပရက်ကို အိုးပုတ်ပွဲတော်ရက်အဖြစ် အစဉ်အလာကျင်းပ ပြုလုပ်ခဲ့ကြရာကနေ မန္တလေးမြို့ရဲ့ အထင်ကရပွဲတော်တစ်ခု ဖြစ်ခဲ့တာလို့လည်း သိရပါတယ်။

KT                                                                       
မန္တလေး၊ သြဂုတ် ၈

(  Zawgyi  )

 မႏၲေလးၿမိဳ႕ရဲ႕အထင္ကရပြဲေတာ္ေတြထဲကတစ္ခုျဖစ္တဲ့ အိုးပုတ္ပြဲေတာ္(ဝါ)အိုးပုတ္ခိုးပြဲေတာ္ကို ယေန႔က်င္းပခဲ့ပါတယ္။ တစ္ႏွစ္မွာ တစ္ခါ၊ တစ္ခါမွာတစ္ရက္တည္းက်င္းပတဲ့ပြဲေတာ္တစ္ခုပဲျဖစ္ၿပီး မႏၲေလးၿမိဳ႕နဲ႔အနီးတစ္ဝိုက္ေဒသက ႏွစ္စဥ္လာေရာက္ဆင္ႏႊဲေလ့ရွိၾကတဲ့ ထူးျခား တဲ့ပြဲေတာ္တစ္ခုလည္းျဖစ္ပါတယ္။

ႏွစ္စဥ္ႏွစ္တိုင္း ျမန္မာႏွစ္ဝါေခါင္လဆန္း ၈ ရက္ေန႔မွာက်င္းပေလ့ရွိတဲ့ ဒီအိုးပုတ္ပြဲေတာ္ကို တစ္ရက္တည္းက်င္းပတာလည္းျဖစ္ၿပီး ထူးျခားမႈ တစ္ခုက ပြဲရက္မတိုင္မီကတည္းက စည္ကားေနတာပဲျဖစ္ပါတယ္။အိုးပုတ္ပြဲေတာ္မွာ ကာလာေရာင္စုံ ပုံစံဒီဇိုင္းမ်ိဳးစုံနဲ႔ အိုးပုတ္အႀကီးအငယ္ အ႐ြယ္အလတ္ေတြ ေရာင္းခ်ေပးတာပဲျဖစ္ၿပီး ဒီဘက္ႏွစ္ေတြမွာ ဒီဇိုင္းဆန္းေတြဖန္တီးထုတ္လုပ္လာၾကပါတယ္။

တစ္ႏွစ္မွာ တစ္ရက္ထဲ တစ္ေနကုန္ တစ္ေနခမ္း က်င္းပျပဳလုပ္ေလ့ရွိတဲ့ မႏၲေလး ေအာင္ေျမသာစံၿမိဳ႕နယ္ အိုးဘိုရပ္က အိုးပုတ္ပြဲေတာ္ဟာ ေရွးႏွစ္ေပါင္းတစ္ရာေက်ာ္ကတည္းက ရွိခဲ့တာျဖစ္ၿပီး ေတာင္ျပဳန္းပြဲေတာ္သြား အိုးပုတ္သည္ေတြ အဲဒီအရပ္မွာ ယာယီစခန္းခ် နားေနခိုက္ ရပ္နီးရပ္ေဝးက လာေရာက္ဝယ္ယူသူေတြ ရွိလာရာကေန အစျပဳခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

ႏွစ္စဥ္ ေတာင္ျပဳန္းပြဲေတာ္ စတင္က်င္းပရက္ကို အိုးပုတ္ပြဲေတာ္ရက္အျဖစ္ အစဥ္အလာက်င္းပ ျပဳလုပ္ခဲ့ၾကရာကေန မႏၲေလးၿမိဳ႕ရဲ႕ အထင္ကရပြဲေတာ္တစ္ခု ျဖစ္ခဲ့တာလို႔လည္း သိရပါတယ္။

KT                                                                       
မႏၲေလး၊ ၾသဂုတ္ ၈