မန်း ရတနာပုံစျေး Sky Walk အဆောက်အဦး မီးလောင်မှု ယနေ့နံနက်အစောပိုင်းမှ မီးလုံးဝငြိမ်းသတ်နိုင်ခဲ့

မန်း ရတနာပုံစျေး Sky Walk အဆောက်အဦး မီးလောင်မှု ယနေ့နံနက်အစောပိုင်းမှ မီးလုံးဝငြိမ်းသတ်နိုင်ခဲ့

မနေ့က ညနေပိုင်းလောက်က စတင်ပြီး မီးလောင်ကျွမ်းမှုဖြစ်ခဲ့တဲ့ မန္တလေး ရတနာပုံစျေး Sky Walk အဆောက်အဦး မီးလောင်ကျွမ်းမှုက ဒီကနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်မှာပဲ မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအဆောက်အဦးဟာ မနေ့က ညနေ ၆ နာရီ ၁၀ မိနစ်အချိန်ခန့်က မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်တဲ့သတင်း ရရချင်းမှာပဲ Level 1 ယာဉ်အုပ်စုတွေနဲ့ သွားရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှုများပြားတာကြောင့် Level တစ်ဆင့်ချင်းအလိုက် မီးငြှိမ်းသတ်ယာဉ်တွေ လွှတ်ပေးခဲ့ရကြောင်း၊ ည ၇ နာရီ ကျော်လောက်မှာတော့ Level 5 ယာဉ်အုပ်စုနဲ့ မီးငြှိမ်းသတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ကြောင်း၊ တစ်ညလုံးလောင်ကျွမ်းခဲ့တဲ့မီးဟာ နောက်တစ်ရက်ကူးတဲ့အထိ မီးထိန်းထားနိုင်သလောက်သာ ရှိခဲ့တာကြောင့် မန္တလေးတစ်ခရိုင်လုံးက မီးသတ်တပ်ဖွဲ့တွေ အကုန်ရှိသမျှ အင်အားအပြည့်နဲ့ မီးငြှိမ်းသတ်ခဲ့ရကြောင်းလည်း သိရပါတယ်။

မီးလောင်ကျွမ်းမှုကို ဒီကနေ့ မနက် ၂ နာရီ ၂ မိနစ်အချိန်ခန့်မှာ မီးထိန်းထားနိုင်ခဲ့တာဖြစ်ပြီး မနက် ၅ နာရီ ၃ မိနစ်မှာ လုံးဝငြိမ်းသတ်နိုင်ခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်တာပါ။

မီးလောင်မှုဖြစ်ပွားရတာနဲ့ ပတ်သက်လို့တော့ တာဝန်ရှိသူတွေက စုံစမ်းနေတုန်းပဲဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုးလည်း အတိအကျမပြောနိုင်သေးဘူးလို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခုမီးလောင်ကျွမ်းခဲ့တဲ့ မန္တလေး ရတနာပုံစျေးက ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီတုန်းကလည်း မီးလောင်ကျွမ်းမှုဖြစ်ခဲ့ဖူးပြီး အဲဒီတုန်းကတော့ ဆိုင်ခန်းပေါင်း တစ်ထောင်ကျော်၊ ငွေကျပ် သန်းပေါင်းနှစ်ထောင်ကျော် ဆုံးရှုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

KT
မန္တလေး၊ ဇန်နဝါရီ - ၁၈

( Zawgyi )

မေန႔က ညေနပိုင္းေလာက္က စတင္ၿပီး မီးေလာင္ကြၽမ္းမႈျဖစ္ခဲ့တဲ့ မႏၲေလး ရတနာပုံေစ်း Sky Walk အေဆာက္အဦး မီးေလာင္ကြၽမ္းမႈက ဒီကေန႔ ဇန္နဝါရီလ ၁၈ ရက္ေန႔ မနက္ ၅ နာရီအခ်ိန္ခန႔္မွာပဲ မီးလုံးဝျငႇိမ္းသတ္ႏိုင္ခဲ့ၿပီျဖစ္တယ္လို႔ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့ပါတယ္။

အဲဒီအေဆာက္အဦးဟာ မေန႔က ညေန ၆ နာရီ ၁၀ မိနစ္အခ်ိန္ခန႔္က မီးစတင္ေလာင္ကြၽမ္းခဲ့တာျဖစ္ၿပီး မီးေလာင္တဲ့သတင္း ရရခ်င္းမွာပဲ Level 1 ယာဥ္အုပ္စုေတြနဲ႔ သြားေရာက္မီးျငႇိမ္းသတ္ခဲ့ေၾကာင္း၊ မီးေလာင္မႈမ်ားျပားတာေၾကာင့္ Level တစ္ဆင့္ခ်င္းအလိုက္ မီးျငႇိမ္းသတ္ယာဥ္ေတြ လႊတ္ေပးခဲ့ရေၾကာင္း၊ ည ၇ နာရီ ေက်ာ္ေလာက္မွာေတာ့ Level 5 ယာဥ္အုပ္စုနဲ႔ မီးျငႇိမ္းသတ္ခဲ့ရတဲ့အထိ ျဖစ္ခဲ့ေၾကာင္း၊ တစ္ညလုံးေလာင္ကြၽမ္းခဲ့တဲ့မီးဟာ ေနာက္တစ္ရက္ကူးတဲ့အထိ မီးထိန္းထားႏိုင္သေလာက္သာ ရွိခဲ့တာေၾကာင့္ မႏၲေလးတစ္ခ႐ိုင္လုံးက မီးသတ္တပ္ဖြဲ႕ေတြ အကုန္ရွိသမွ် အင္အားအျပည့္နဲ႔ မီးျငႇိမ္းသတ္ခဲ့ရေၾကာင္းလည္း သိရပါတယ္။

မီးေလာင္ကြၽမ္းမႈကို ဒီကေန႔ မနက္ ၂ နာရီ ၂ မိနစ္အခ်ိန္ခန႔္မွာ မီးထိန္းထားႏိုင္ခဲ့တာျဖစ္ၿပီး မနက္ ၅ နာရီ ၃ မိနစ္မွာ လုံးဝၿငိမ္းသတ္ႏိုင္ခဲ့တာျဖစ္တယ္လို႔ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕က သတင္းထုတ္ျပန္တာပါ။

မီးေလာင္မႈျဖစ္ပြားရတာနဲ႔ ပတ္သက္လို႔ေတာ့ တာဝန္ရွိသူေတြက စုံစမ္းေနတုန္းပဲျဖစ္ၿပီး ဆုံးရႈံးမႈတန္ဖိုးလည္း အတိအက်မေျပာႏိုင္ေသးဘူးလို႔ မီးသတ္ဦးစီးဌာန တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

အခုမီးေလာင္ကြၽမ္းခဲ့တဲ့ မႏၲေလး ရတနာပုံေစ်းက ၂၀၀၈ ခုႏွစ္ ေဖေဖာ္ဝါရီတုန္းကလည္း မီးေလာင္ကြၽမ္းမႈျဖစ္ခဲ့ဖူးၿပီး အဲဒီတုန္းကေတာ့ ဆိုင္ခန္းေပါင္း တစ္ေထာင္ေက်ာ္၊ ေငြက်ပ္ သန္းေပါင္းႏွစ္ေထာင္ေက်ာ္ ဆုံးရႈံးမႈရွိခဲ့တယ္လို႔ သိရပါတယ္။

KT
မႏၲေလး၊ ဇန္နဝါရီ - ၁၈