မဘိမ်းမြို့နယ် ဟတ်ထင်ချောင်းဖျားအနီးတွင် တရားမဝင် ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

မဘိမ်းမြို့နယ် ဟတ်ထင်ချောင်းဖျားအနီးတွင် တရားမဝင် ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

မဘိမ်းမြို့နယ်၊ ဟတ်ထင်ချောင်းဖျားအနီး နေရာတွင် တရားမဝင် ပိတောက်ခွဲသား (၇၂) ချောင်း (၂.၈၇၈၈) တန်အား ဖမ်းဆီးရမိခဲ့တယ်လို့ သစ်တောဦးစီးဌာနမှ သိရပါတယ်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၉ ရက်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ အဖွဲ့သည် တရားမဝင်သစ် စုံစမ်းရှာဖွေဖော်ထုတ်ခြင်း ဆောင်ရွက်ခဲ့ရာမှ အဆိုပါ တရားမဝင် ပိတောက်ခွဲသားများကို တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

ဖမ်းဆီးရမိသစ်များနှင့် ဆက်စပ်ပတ်သက်သူများကိုလည်း စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြေသိမ်း
Ref – Forest Department

( Zawgyi )

မဘိမ္းၿမိဳ႕နယ္၊ ဟတ္ထင္ေခ်ာင္းဖ်ားအနီး ေနရာတြင္ တရားမဝင္ ပိေတာက္ခြဲသား (၇၂) ေခ်ာင္း (၂.၈၇၈၈) တန္အား ဖမ္းဆီးရမိခဲ့တယ္လို႔ သစ္ေတာဦးစီးဌာနမွ သိရပါတယ္။

ျဖစ္စဥ္မွာ ဒီဇင္ဘာ ၉ ရက္ေန႔က ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ ေက်ာက္မဲခ႐ိုင္၊ မဘိမ္းၿမိဳ႕နယ္၊ သစ္ေတာဦးစီးဌာနမွ သစ္ေတာဝန္ထမ္းမ်ား အဖြဲ႕သည္ တရားမဝင္သစ္ စုံစမ္းရွာေဖြေဖာ္ထုတ္ျခင္း ေဆာင္႐ြက္ခဲ့ရာမွ အဆိုပါ တရားမဝင္ ပိေတာက္ခြဲသားမ်ားကို ေတြ႕ရွိခဲ့ျခင္းျဖစ္ပါတယ္။

ဖမ္းဆီးရမိသစ္မ်ားႏွင့္ ဆက္စပ္ပတ္သက္သူမ်ားကိုလည္း စုံစမ္းေဖၚထုတ္၍ ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ေရး စီစဥ္ေဆာင္႐ြက္လ်က္ရွိတယ္လို႔ သစ္ေတာဦးစီးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။

ေျပသိမ္း
Ref – Forest Department