မဟာမုနိဘုရားကြီးမှ အပြီးသတ်ရွှေမိုက်ထုတ်ယူခြင်းလုပ်ငန်းအား တိုက်ရိုက်ထုတ်လွှင့်ပြသမည်

မဟာမုနိဘုရားကြီးမှ အပြီးသတ်ရွှေမိုက်ထုတ်ယူခြင်းလုပ်ငန်းအား တိုက်ရိုက်ထုတ်လွှင့်ပြသမည်

မန္တလေး မဟာမုနိဘုရားကြီး ရွှေမိုက်ထုတ်ယူခြင်းလုပ်ငန်းစဉ်ရဲ့ နောက်ဆုံးအပြီးသတ် ရွှေမိုက် ထုတ်ယူခြင်းကို အများပြည်သူကြည့်ရှုနိုင်စေဖို့ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့ မိုက်သူကြီးဦးအောင်မိုးကပြောပါတယ်။

"ဒါက ဘယ်တုန်းကမှအများပြည်သူကြည့်ရှုခွင့်မရခဲ့ဖူးပါဘူး ဒီနှစ်တော့ တိုက်ရိုက်ထုတ်လွှင့် ပြသသွားဖို့စိတ်ကူးရှိပါတယ် ပြလည်းပြမှာပါ ဘုရားကြီးရင်ပြင်တော် တစ်နေရာရာကနေ Projector နဲ့ထုတ်လွှင့်ပြသဖို့ စီစဉ်ထားပါတယ်" လို့ ၎င်းကပြောပါတယ်။

မန္တလေး မဟာမုနိဘုရားကြီးအသုံးအဆောင်ပစ္စည်းတွေကနေ ရွှေမိုက်ထုတ်ယူတဲ့လုပ်ငန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ကစလို့ ရင်ပြင်တော်ထောင့်က ရွှေမိုက်ထုတ်ယူခြင်း လုပ်ငန်း ခွင်မှာ စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

အကြိမ် ၇၀ မြောက်အဖြစ်နဲ့ ဆက်လက်ဆောင်ရွက်နေတာပဲဖြစ်ပြီး အဲဒီနေ့မနက်ပိုင်းကစလို့ ရွှေမိုက်ထုတ်တွေကိုမီးရှို့တဲ့လုပ်ငန်းနဲ့ စတင်လိုက်တာဖြစ်ပါ။"နောက်ဆုံးအဆင့် က သန့်စင်တဲ့ ရွှေရအောင်လုပ်တဲ့အဆင့်ပါ အဲဒီအဆင့်ကို အများပြည်သူ ကြည့်ရှုနိုင်အောင် တိုက်ရိုက် ထုတ်လွှင့် ပေးမှာပါ တစ်လခွဲလောက်တော့ကြာဦးမှာပေါ့" လို့လည်း ၎င်းကဆိုပါတယ်။

မဟာမုနိဘုရားကြီးကနေ ရွှေမိုက်ထုတ်ယူခြင်းလုပ်ငန်းက အဓိကအနေနဲ့ အဆင့် ၄ ဆင့်ရှိ တာဖြစ်ပြီး နောက်ဆုံးအဆင့်မှာတော့ သန့်စင်တဲ့ ရွှေထုတ်ယူတာပဲဖြစ်ပါတယ်။ရွှေမိုက် ထုတ်ယူ တဲ့နေရာမှာ ရွှေမိုက်ထုတ်ယူနိုင်တဲ့ပစ္စည်းတွေဖြစ်တဲ့ ရွှေသင်္ကန်းကပ်လှူတဲ့နေရာကနေ တစ်နှစ် တာလုံး စုဆောင်းရရှိတဲ့ရွှေလှောင်စက္ကူ၊ ဖိဂွမ်း၊ ကော်ဇော၊ သစ်စေးလုံး၊ လက်သုတ်ပုဝါ၊ မျက်နှာကြက်တော် လှည်းကျင်းတဲ့ နေရာကနေ ရရှိတဲ့ ရွှေမှုန့်တွေ ပလ္လင်တော်အောက် လှည်းကျင်း တဲ့ နေရာကနေ ရရှိတဲ့မြေမှုန့်တွေ၊ ခြေသုတ်ဝတ်တွေ ကနေ ရွှေမိုက် ထုတ်ယူ တာဖြစ်ပြီး သန့်စင်ပြီးရွှေရရှိတဲ့အဆင့်အထိ မိုက်သူကြီးဦးဆောင်မှုနဲ့အလုပ်သမား ၁၀ ဦးခန့် ပါဝင်လုပ်ကိုင်ရတာလို့လည်းဖြစ်ပါတယ်။

မဟာမုနိဘုရားကြီးကနေ ရွှေမိုက်ထုတ်ယူတဲ့လုပ်ငန်းကို လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ က စတင် လုပ်ဆောင် ခဲ့တာဖြစ်ပြီး အခုငါးနှစ်တာကာလစာရင်းအရ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ရွှေပိဿာချိန် ၆ ပိဿာခွဲ၊ ၂၀၁၆ ခုနှစ်က ၇ ပိဿာနဲ့ ၄ ကျပ်သား၊ ၂၀၁၇ ခုနှစ်က ၇ ပိဿာခန့်၊ ၂၀၁၈ ခုနှစ်က  ၁၆ ပိဿာကျော်၊ ၂၀၁၉ ခုနှစ်က ၇ ပိဿာကျော်ထွက်ရှိခဲ့တယ်လို့ မိုက်သူကြီး ဦးအောင်မိုး ကပြောပါတယ်။

KT                                        
မန္တလေး၊  ဖေဖော်ဝါရီ ၁၅ 

(  Zawgyi  )

 မႏၲေလး မဟာမုနိဘုရားႀကီး ေ႐ႊမိုက္ထုတ္ယူျခင္းလုပ္ငန္းစဥ္ရဲ႕ ေနာက္ဆုံးအၿပီးသတ္ ေ႐ႊမိုက္ ထုတ္ယူျခင္းကို အမ်ားျပည္သူၾကည့္ရႈႏိုင္ေစဖို႔ တိုက္႐ိုက္ထုတ္လႊင့္ျပသသြားမွာျဖစ္တယ္လို႔ မိုက္သူႀကီးဦးေအာင္မိုးကေျပာပါတယ္။

"ဒါက ဘယ္တုန္းကမွအမ်ားျပည္သူၾကည့္ရႈခြင့္မရခဲ့ဖူးပါဘူး ဒီႏွစ္ေတာ့ တိုက္႐ိုက္ထုတ္လႊင့္ ျပသသြားဖို႔စိတ္ကူးရွိပါတယ္ ျပလည္းျပမွာပါ ဘုရားႀကီးရင္ျပင္ေတာ္ တစ္ေနရာရာကေန Projector နဲ႔ထုတ္လႊင့္ျပသဖို႔ စီစဥ္ထားပါတယ္" လို႔ ၎ကေျပာပါတယ္။

မႏၲေလး မဟာမုနိဘုရားႀကီးအသုံးအေဆာင္ပစၥည္းေတြကေန ေ႐ႊမိုက္ထုတ္ယူတဲ့လုပ္ငန္းကို ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၆ ရက္ေန႔ကစလို႔ ရင္ျပင္ေတာ္ေထာင့္က ေ႐ႊမိုက္ထုတ္ယူျခင္း လုပ္ငန္း ခြင္မွာ စတင္ေဆာင္႐ြက္ေနၿပီျဖစ္ပါတယ္။

အႀကိမ္ ၇၀ ေျမာက္အျဖစ္နဲ႔ ဆက္လက္ေဆာင္႐ြက္ေနတာပဲျဖစ္ၿပီး အဲဒီေန႔မနက္ပိုင္းကစလို႔ ေ႐ႊမိုက္ထုတ္ေတြကိုမီးရႈိ႕တဲ့လုပ္ငန္းနဲ႔ စတင္လိုက္တာျဖစ္ပါ။"ေနာက္ဆုံးအဆင့္ က သန႔္စင္တဲ့ ေ႐ႊရေအာင္လုပ္တဲ့အဆင့္ပါ အဲဒီအဆင့္ကို အမ်ားျပည္သူ ၾကည့္ရႈႏိုင္ေအာင္ တိုက္႐ိုက္ ထုတ္လႊင့္ ေပးမွာပါ တစ္လခြဲေလာက္ေတာ့ၾကာဦးမွာေပါ့" လို႔လည္း ၎ကဆိုပါတယ္။

မဟာမုနိဘုရားႀကီးကေန ေ႐ႊမိုက္ထုတ္ယူျခင္းလုပ္ငန္းက အဓိကအေနနဲ႔ အဆင့္ ၄ ဆင့္ရွိ တာျဖစ္ၿပီး ေနာက္ဆုံးအဆင့္မွာေတာ့ သန႔္စင္တဲ့ ေ႐ႊထုတ္ယူတာပဲျဖစ္ပါတယ္။ေ႐ႊမိုက္ ထုတ္ယူ တဲ့ေနရာမွာ ေ႐ႊမိုက္ထုတ္ယူႏိုင္တဲ့ပစၥည္းေတြျဖစ္တဲ့ ေ႐ႊသကၤန္းကပ္လႉတဲ့ေနရာကေန တစ္ႏွစ္ တာလုံး စုေဆာင္းရရွိတဲ့ေ႐ႊေလွာင္စကၠဴ၊ ဖိဂြမ္း၊ ေကာ္ေဇာ၊ သစ္ေစးလုံး၊ လက္သုတ္ပုဝါ၊ မ်က္ႏွာၾကက္ေတာ္ လွည္းက်င္းတဲ့ ေနရာကေန ရရွိတဲ့ ေ႐ႊမႈန႔္ေတြ ပလႅင္ေတာ္ေအာက္ လွည္းက်င္း တဲ့ ေနရာကေန ရရွိတဲ့ေျမမႈန႔္ေတြ၊ ေျခသုတ္ဝတ္ေတြ ကေန ေ႐ႊမိုက္ ထုတ္ယူ တာျဖစ္ၿပီး သန႔္စင္ၿပီးေ႐ႊရရွိတဲ့အဆင့္အထိ မိုက္သူႀကီးဦးေဆာင္မႈနဲ႔အလုပ္သမား ၁၀ ဦးခန႔္ ပါဝင္လုပ္ကိုင္ရတာလို႔လည္းျဖစ္ပါတယ္။

မဟာမုနိဘုရားႀကီးကေန ေ႐ႊမိုက္ထုတ္ယူတဲ့လုပ္ငန္းကို လြန္ခဲ့တဲ့ႏွစ္ေပါင္း ၇၀ က စတင္ လုပ္ေဆာင္ ခဲ့တာျဖစ္ၿပီး အခုငါးႏွစ္တာကာလစာရင္းအရ ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္က ေ႐ႊပိႆာခ်ိန္ ၆ ပိႆာခြဲ၊ ၂၀၁၆ ခုႏွစ္က ၇ ပိႆာနဲ႔ ၄ က်ပ္သား၊ ၂၀၁၇ ခုႏွစ္က ၇ ပိႆာခန႔္၊ ၂၀၁၈ ခုႏွစ္က  ၁၆ ပိႆာေက်ာ္၊ ၂၀၁၉ ခုႏွစ္က ၇ ပိႆာေက်ာ္ထြက္ရွိခဲ့တယ္လို႔ မိုက္သူႀကီး ဦးေအာင္မိုး ကေျပာပါတယ္။

KT                                        
မႏၲေလး၊  ေဖေဖာ္ဝါရီ ၁၅