မိန်းမနဲ့ ပတ်သက်ပြီးပြောသည့် သူငယ်ချင်းအား သတ်ပြီး အလောင်းဖျောက်ခဲ့သူအား ပြွန်တန်ဆာတွင် ဖမ်းဆီးရမိ

မိန်းမနဲ့ ပတ်သက်ပြီးပြောသည့် သူငယ်ချင်းအား သတ်ပြီး အလောင်းဖျောက်ခဲ့သူအား ပြွန်တန်ဆာတွင် ဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး၊ပြွန်တန်ဆာမြို့တွင် သြဂုတ်လ ၁၁ ရက်နေ့က လူသတ်အလောင်း ဖျောက်သူအား ဖမ်းဆီး ရမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

 ဖြစ်စဉ်မှာ သြဂုတ်လ ၉ ရက်နေ့က ပြွန်တန်ဆာမြို့၊ စည်ပင်ကျေးရွာရှိ ငါးကန် ထဲတွင် အမျိုးသား အလောင်း (၁)လောင်း တွေ့ရှိကြောင်း သတင်းအရ ပြွန်တန်ဆာနယ်မြေရဲစခန်းမှူး နှင့်အဖွဲ့မှ သွားရောက်စစ် ဆေးခဲ့ပါတယ်။ ထိုသို့ စစ်ဆေးရာ ကန်၏ ဒိုက်ပင်အောက်တွင် အမျိုးသား (၁)ဦး မှောက်လျက်အနေအထားဖြင့် ပုပ်ပွသေဆုံး နေကြောင်း တွေ့ရှိရတဲ့အတွက် ပြွန်တန်ဆာနယ်မြေရဲစခန်းတွင် သေမှု သေခင်းဖွင့် စုံစမ်းခဲ့ရာ သေဆုံးသူ သည် ဖဒိုမြို့၊ တောင်ပေါ်စုကျေးရွာနေ ဇော်ဝင်း (၄၀)နှစ် ဖြစ်ကြောင်း ၊ သေဆုံးသူသည် သြဂုတ် ၇ ရက် မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် စည်ပင်ကျေးရွာနေ ကိုခင်နိုင်(၄၄)နှစ်၏ နေအိမ်သို့သွားရောက်ခဲ့ကြောင်း စုံစမ်းသိရှိရတဲ့အတွက် ကိုခင်နိုင်အား ရဲစခန်းသို့ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။
 

ထိုသို့ စစ်ဆေးရာ ကိုခင်နိုင် သည် သေဆုံးသူ ဇော်ဝင်းနှင့် ခင်မင် ရင်းနှီးသူဖြစ်ကြောင်း၊ သြဂုတ်လ ၇ ရက် မွန်းလွဲ ၂ နာရီ အချိန်ခန့်တွင် ဇော်ဝင်းသည် ၎င်း၏နေအိမ်သို့ ရောက်ရှိလာသဖြင့် အရက်အတူ သောက်ခဲ့ ကြောင်း၊ ဇော်ဝင်းမှ ကိုခင်နိုင်အား " မင်းမိန်းမ မင်းကို ပေါင်းတော့မှာ မဟုတ်ဘူး" ဟု ပြောသဖြင့် ကိုခင်နိုင် မှ ဆက်မပြောရန်တားမြစ်ခဲ့သော်လည်း ဆက်လက်ပြောဆို နေသည့်အတွက် စကားများ ရန်ဖြစ်ပြီး ကိုခင်နိုင် မှ အနီးရှိ သစ်သားတုတ်ဖြင့် ဇော်ဝင်း၏ ဦးခေါင်းအား ရိုက်နှက်ခဲ့ရာ နေအိမ်ပေါ်မှ ပြုတ်ကျသေဆုံးသွားကြောင်း၊ အလောင်းအား လှေပေါ်သို့တင်ဆောင်ပြီး စည်ပင်ကျေးရွာရှိ ငါးကန်ထဲတွင် သွားရောက် စွန့်ပစ် ဖျောက်ဖျက် ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကိုခင်စိုးအား ပြွန်တန်ဆာနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ၊ လူသတ်မှု ဖြင့် အမှုဖွင့်ဆောင်ရွက် လျှက် ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ပြွန်တန်ဆာ၊ သြဂုတ် ၁၃

(  Zawgyi  )

 ပဲခူးတိုင္းေဒသႀကီး၊ႁပြန္တန္ဆာၿမိဳ႕တြင္ ၾသဂုတ္လ ၁၁ ရက္ေန႔က လူသတ္အေလာင္း ေဖ်ာက္သူအား ဖမ္းဆီး ရမိခဲ့တယ္လို႔ တိုင္းရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

 ျဖစ္စဥ္မွာ ၾသဂုတ္လ ၉ ရက္ေန႔က ႁပြန္တန္ဆာၿမိဳ႕၊ စည္ပင္ေက်း႐ြာရွိ ငါးကန္ ထဲတြင္ အမ်ိဳးသား အေလာင္း (၁)ေလာင္း ေတြ႕ရွိေၾကာင္း သတင္းအရ ႁပြန္တန္ဆာနယ္ေျမရဲစခန္းမႉး ႏွင့္အဖြဲ႕မွ သြားေရာက္စစ္ ေဆးခဲ့ပါတယ္။ ထိုသို႔ စစ္ေဆးရာ ကန္၏ ဒိုက္ပင္ေအာက္တြင္ အမ်ိဳးသား (၁)ဦး ေမွာက္လ်က္အေနအထားျဖင့္ ပုပ္ပြေသဆုံး ေနေၾကာင္း ေတြ႕ရွိရတဲ့အတြက္ ႁပြန္တန္ဆာနယ္ေျမရဲစခန္းတြင္ ေသမႈ ေသခင္းဖြင့္ စုံစမ္းခဲ့ရာ ေသဆုံးသူ သည္ ဖဒိုၿမိဳ႕၊ ေတာင္ေပၚစုေက်း႐ြာေန ေဇာ္ဝင္း (၄၀)ႏွစ္ ျဖစ္ေၾကာင္း ၊ ေသဆုံးသူသည္ ၾသဂုတ္ ၇ ရက္ မြန္းတည့္ ၁၂ နာရီအခ်ိန္ခန႔္တြင္ စည္ပင္ေက်း႐ြာေန ကိုခင္ႏိုင္(၄၄)ႏွစ္၏ ေနအိမ္သို႔သြားေရာက္ခဲ့ေၾကာင္း စုံစမ္းသိရွိရတဲ့အတြက္ ကိုခင္ႏိုင္အား ရဲစခန္းသို႔ေခၚယူ စစ္ေဆးခဲ့ပါတယ္။
 
ထိုသို႔ စစ္ေဆးရာ ကိုခင္ႏိုင္ သည္ ေသဆုံးသူ ေဇာ္ဝင္းႏွင့္ ခင္မင္ ရင္းႏွီးသူျဖစ္ေၾကာင္း၊ ၾသဂုတ္လ ၇ ရက္ မြန္းလြဲ ၂ နာရီ အခ်ိန္ခန႔္တြင္ ေဇာ္ဝင္းသည္ ၎၏ေနအိမ္သို႔ ေရာက္ရွိလာသျဖင့္ အရက္အတူ ေသာက္ခဲ့ ေၾကာင္း၊ ေဇာ္ဝင္းမွ ကိုခင္ႏိုင္အား " မင္းမိန္းမ မင္းကို ေပါင္းေတာ့မွာ မဟုတ္ဘူး" ဟု ေျပာသျဖင့္ ကိုခင္ႏိုင္ မွ ဆက္မေျပာရန္တားျမစ္ခဲ့ေသာ္လည္း ဆက္လက္ေျပာဆို ေနသည့္အတြက္ စကားမ်ား ရန္ျဖစ္ၿပီး ကိုခင္ႏိုင္ မွ အနီးရွိ သစ္သားတုတ္ျဖင့္ ေဇာ္ဝင္း၏ ဦးေခါင္းအား ႐ိုက္ႏွက္ခဲ့ရာ ေနအိမ္ေပၚမွ ျပဳတ္က်ေသဆုံးသြားေၾကာင္း၊ အေလာင္းအား ေလွေပၚသို႔တင္ေဆာင္ၿပီး စည္ပင္ေက်း႐ြာရွိ ငါးကန္ထဲတြင္ သြားေရာက္ စြန႔္ပစ္ ေဖ်ာက္ဖ်က္ ခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ ခဲ့ပါတယ္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ကိုခင္စိုးအား ႁပြန္တန္ဆာနယ္ေျမရဲစခန္းတြင္ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ ၊ လူသတ္မႈ ျဖင့္ အမႈဖြင့္ေဆာင္႐ြက္ လွ်က္ ရွိတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ႁပြန္တန္ဆာ၊ ၾသဂုတ္ ၁၃