မိုးကုတ်မြို့အနောက်ပိုင်းတွင် မျှတသည့်သယံဇာတခွဲဝေမှုရရှိရန် ဒေသခံအင်အားငါးရာခန့် ဆန္ဒပြတောင်းဆို

မိုးကုတ်မြို့အနောက်ပိုင်းတွင် မျှတသည့်သယံဇာတခွဲဝေမှုရရှိရန် ဒေသခံအင်အားငါးရာခန့် ဆန္ဒပြတောင်းဆို

ကျောက်မထွက်တဲ့နေရာတွေမှာ လက်လုပ်လက်စားဒေသခံတွေကိုကျောက်တူးခွင့် ချထားပေးတဲ့ အပေါ် ကျေနပ်မှုမရှိကြတဲ့ရာနဲ့ချီရှိတဲ့ဒေသခံတွေဟာ ဒီကနေ့မနက်ပိုင်းက မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရပ်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

" လက်လုပ်လက်စားတွေကိုချထားပေးမယ်ဆိုတဲ့နေရာတွေက ကျောက်မထွက်ဘူး၊ ကျောက်မထွက် တဲ့နေရာမှာကျောက်တူးခွင့်ပေးတယ်ဆိုတာရယ်စ ရာဖြစ်နေပြီ ဘယ်သူမှအဆင်မပြေဘူး၊ နောက် တစ်ခု က အဲဒီနေရာတွေက အတော်အလှမ်းဝေးလွန်းတယ်၊ ဒေသခံတွေက ကိုယ့်ဒေသမှာ အလုပ် မလုပ် ရဘဲ တစ်ခြားမှာသွားလုပ်နေရတာက ဖြစ်သင့်တာလားမဖြစ်သင့်တာလား စဉ်းစားကြည့်ပေါ့ " လို့ မိုးကုတ်ထာပွဲက ကျောက်ကုန်သည်ပွဲစားများအသင်းအတွင်းရေးမှူးဦးဇော်ဝင်းကပြောပါတယ်။

"တရားမျှတတဲ့သယံဇာတခွဲဝေပေးဖို့ အစိုးရဆီဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြတာလို့လည်းသိရပြီး ဒီဆန္ဒထုတ်ဖော်ပွဲမှာ ဒေသခံအင်အားငါးရာခန့် ပူးပေါင်းပါဝင်ခဲ့တယ်"လို့ ၎င်းကဆိုပါတယ်။"အလတ် စားအသေးစားလုပ်ကွက်တွေကိုတော့ သယံဇာတထွတ်တဲ့နေရာတွေမှာချပေးတယ်၊ လက်လုပ် လက်စားတွေ ကိုကျတော့ သယံဇာတထွက်မှု နည်းတဲ့နေရာတွေမှာချပေးတယ်ဆိုတော့ ဘယ်ဒေသ ခံ ကကျေနပ်မှာလဲ၊ ကိုယ့်ဒေသမှာကျောက်ထွက်ပြီး ကျောက်တူးခွင့်မရလို့ ဒါကိုအစိုးရသိအောင် ဆန္ဒထုတ်ဖော်ကြတာပါဒီအတိုင်းဆက်သွားရင်ဒေသခံတွေအတွက်ရပ်တည်နိုင်ဖို့မလွယ်တော့ဘူးလေ" လို့ ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးဖြစ်တဲ့ဦးဇော်ဝင်း ကပြောပါတယ်။

မိုးကုတ်မြို့ရဲ့စီးပွားရေးအခြေအနေက ကျောက်မျက်လုပ်ငန်းအပေါ်မှာမှီခိုနေရတာဖြစ်ပြီး ဒေသခံတွေ ကျောက်မျက်လုပ်ကိုင်ခွင့်ရမှသာ အဆင်ပြေမှာ ဖြစ်တာကြောင့် ကျောက်ထွက်တဲ့ဒေသတွေဖြစ်တဲ့ အလတ်စားအသေးစားလုပ်ကွက်နေရာတွေမှာသာ လုပ်ကိုင်လိုကြတယ်လို့လည်း ဆန္ဒထုတ်ဖော် ပွဲ ပါဝင်သူတွေကဆိုပါတယ်။

ဆန္ဒထုတ်ဖော်ပွဲမှာ တရားမျှတမှုရှိသည့် သယံဇာတစီမံခန့်ခွဲမှုဖြစ်ပေါ်ရေး၊ ယခင်သတ်မှတ်လုပ်ကွက် ဧရိယာအတွင်း လက်လုပ်လက်စားလုပ်ကွက်များသတ်မှတ်ပေးရေး၊ လက်ဝါးကြီးအုပ်စီးပွားရေး စနစ် အလိုမရှိ အစရှိတဲ့တောင်းဆိုမှုတွေကို တောင်းဆိုခဲ့ကြတာပါ။မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကို အခုနှစ်ဇန်နဝါရီလကအတည်ပြုထုတ်ပြန်ခဲ့တာဖြစ်ပြီး နည်းဥပဒေထွက်ပေါ်လာတဲ့အခါမှာအလတ်စား နဲ့ အသေးစား ကျောက်မျက် လုပ်ကွက်တွေချထားပေးမှာဖြစ်တယ်လို့သိရပါတယ်။

KT
မိုးကုတ် ၊ အောက်တိုဘာ ၂၇

(   Zawgyi  )

 ေက်ာက္မထြက္တဲ့ေနရာေတြမွာ လက္လုပ္လက္စားေဒသခံေတြကိုေက်ာက္တူးခြင့္ ခ်ထားေပးတဲ့ အေပၚ ေက်နပ္မႈမရွိၾကတဲ့ရာနဲ႔ခ်ီရွိတဲ့ေဒသခံေတြဟာ ဒီကေန႔မနက္ပိုင္းက မိုးကုတ္ၿမိဳ႕အေနာက္ပိုင္း က်ပ္ျပင္ရပ္မွာ ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။

" လက္လုပ္လက္စားေတြကိုခ်ထားေပးမယ္ဆိုတဲ့ေနရာေတြက ေက်ာက္မထြက္ဘူး၊ ေက်ာက္မထြက္ တဲ့ေနရာမွာေက်ာက္တူးခြင့္ေပးတယ္ဆိုတာရယ္စ ရာျဖစ္ေနၿပီ ဘယ္သူမွအဆင္မေျပဘူး၊ ေနာက္ တစ္ခု က အဲဒီေနရာေတြက အေတာ္အလွမ္းေဝးလြန္းတယ္၊ ေဒသခံေတြက ကိုယ့္ေဒသမွာ အလုပ္ မလုပ္ ရဘဲ တစ္ျခားမွာသြားလုပ္ေနရတာက ျဖစ္သင့္တာလားမျဖစ္သင့္တာလား စဥ္းစားၾကည့္ေပါ့ " လို႔ မိုးကုတ္ထာပြဲက ေက်ာက္ကုန္သည္ပြဲစားမ်ားအသင္းအတြင္းေရးမႉးဦးေဇာ္ဝင္းကေျပာပါတယ္။

"တရားမွ်တတဲ့သယံဇာတခြဲေဝေပးဖို႔ အစိုးရဆီဆႏၵထုတ္ေဖာ္ေတာင္းဆိုခဲ့ၾကတာလို႔လည္းသိရၿပီး ဒီဆႏၵထုတ္ေဖာ္ပြဲမွာ ေဒသခံအင္အားငါးရာခန႔္ ပူးေပါင္းပါဝင္ခဲ့တယ္"လို႔ ၎ကဆိုပါတယ္။"အလတ္ စားအေသးစားလုပ္ကြက္ေတြကိုေတာ့ သယံဇာတထြတ္တဲ့ေနရာေတြမွာခ်ေပးတယ္၊ လက္လုပ္ လက္စားေတြ ကိုက်ေတာ့ သယံဇာတထြက္မႈ နည္းတဲ့ေနရာေတြမွာခ်ေပးတယ္ဆိုေတာ့ ဘယ္ေဒသ ခံ ကေက်နပ္မွာလဲ၊ ကိုယ့္ေဒသမွာေက်ာက္ထြက္ၿပီး ေက်ာက္တူးခြင့္မရလို႔ ဒါကိုအစိုးရသိေအာင္ ဆႏၵထုတ္ေဖာ္ၾကတာပါဒီအတိုင္းဆက္သြားရင္ေဒသခံေတြအတြက္ရပ္တည္ႏိုင္ဖို႔မလြယ္ေတာ့ဘူးေလ" လို႔ ဆႏၵျပပြဲဦးေဆာင္သူတစ္ဦးျဖစ္တဲ့ဦးေဇာ္ဝင္း ကေျပာပါတယ္။

မိုးကုတ္ၿမိဳ႕ရဲ႕စီးပြားေရးအေျခအေနက ေက်ာက္မ်က္လုပ္ငန္းအေပၚမွာမွီခိုေနရတာျဖစ္ၿပီး ေဒသခံေတြ ေက်ာက္မ်က္လုပ္ကိုင္ခြင့္ရမွသာ အဆင္ေျပမွာ ျဖစ္တာေၾကာင့္ ေက်ာက္ထြက္တဲ့ေဒသေတြျဖစ္တဲ့ အလတ္စားအေသးစားလုပ္ကြက္ေနရာေတြမွာသာ လုပ္ကိုင္လိုၾကတယ္လို႔လည္း ဆႏၵထုတ္ေဖာ္ ပြဲ ပါဝင္သူေတြကဆိုပါတယ္။

ဆႏၵထုတ္ေဖာ္ပြဲမွာ တရားမွ်တမႈရွိသည့္ သယံဇာတစီမံခန႔္ခြဲမႈျဖစ္ေပၚေရး၊ ယခင္သတ္မွတ္လုပ္ကြက္ ဧရိယာအတြင္း လက္လုပ္လက္စားလုပ္ကြက္မ်ားသတ္မွတ္ေပးေရး၊ လက္ဝါးႀကီးအုပ္စီးပြားေရး စနစ္ အလိုမရွိ အစရွိတဲ့ေတာင္းဆိုမႈေတြကို ေတာင္းဆိုခဲ့ၾကတာပါ။ျမန္မာ့ေက်ာက္မ်က္ရတနာ ဥပေဒကို အခုႏွစ္ဇန္နဝါရီလကအတည္ျပဳထုတ္ျပန္ခဲ့တာျဖစ္ၿပီး နည္းဥပေဒထြက္ေပၚလာတဲ့အခါမွာအလတ္စား နဲ႔ အေသးစား ေက်ာက္မ်က္ လုပ္ကြက္ေတြခ်ထားေပးမွာျဖစ္တယ္လို႔သိရပါတယ္။

KT
မိုးကုတ္ ၊ ေအာက္တိုဘာ ၂၇