မိုးထဲလေထဲ တောင်ပြုန်းပွဲတော်အစဉ်အလာမပြတ်ကျင်းပလျက်ရှိ

မိုးထဲလေထဲ တောင်ပြုန်းပွဲတော်အစဉ်အလာမပြတ်ကျင်းပလျက်ရှိ

ရိုးရာနတ်ကိုးကွယ်ယုံကြည်သူတွေ အစဉ်အလာမပြတ်ကျင်းပလေ့ရှိတဲ့ တောင်ပြုန်းပွဲတော်ကြီးက ဒီကနေ့မှာလည်း မိုးတွေလေတွေကြားထဲမှာပဲ အစဉ်အလာမပြတ်ဆက်လက်ကျင်းပနေပါတယ်။
ယမန်နေ့ သြဂုတ်လ ၈ ရက် ဝါခေါင်လဆန်း ၈ ရက်နေ့က စတင်ကျင်းပခဲ့တဲ့ တောင်ပြုန်းပွဲတော်ကြီး ဟာ ဒီကနေ့မနက်ပိုင်းနဲ့မွန်းလွဲပိုင်းတို့မှာလည်း မိုးသည်းထန်စွာရွာသွန်းနေတဲ့ကြားကမှ ပွဲတော် လာတွေနဲ့စည်ကားနေတာပါ။

နှစ်စဉ်ကျင်းပနေကျတောင်ပြုန်းပွဲတော်ကို အခုနှစ်မှာလည်း အစဉ်အလာမပြတ်ဆက်လက် ကျင်းပ သွားဖို့ ဒေသအစိုးရခွင့်ပြုမိန့်ရရှိထားပြီးဖြစ်တာကြောင့် ယမန်နေ့ကစပြီး အစီအစဉ်အတိုင်း ကျင်းပနေ တာပါ။

"ဒီနေ့ညနေပိုင်းညီလာခံသဘင်ကျင်းပပြီးရင် တက်ပွဲ(နတ်ဆိုင်းတီးပြီးနတ်ကပွဲ)တွေလုပ်လို့ရပါပြီ မနက်ဖြန်မင်းနှစ်ပါးချိုးရေတော်သုံးပွဲကတော့ တောင်ပြုန်းပွဲရဲ့အဓိကပါပဲ အစည်ကားဆုံးရက်ပေါ့ အဲဒါပြီးရင် အစီအစဉ်အတိုင်းပဲ လပြည့်နေ့အထိကျင်းပသွားမှာပါ" လို့ တောင်ပြုန်းနတ်ပွဲ ကျင်းပရေး တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ပြုန်းကြီးကျေးရွာမှာနှစ်စဉ်ကျင်းပနေကျ တောင်ပြုန်း ပွဲတော်က မြန်မာနိုင်ငံစစ်ကြီးနဲ့ကြုံရတဲ့နှစ်တွေမှာတောင်မပြတ်ကျင်းပခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတော့ နိုင်ငံရဲ့ဒေသကြီးတစ်ချို့မှာ ရာသီတုပ်ကွေး(H1N1)ရောဂါ ဖြစ်ပွားမှုတွေရှိနေလို့ ကျင်းပခွင့်မရခဲ့ပါဘူး။

"ဒီနှစ်ကတော့ တအားကိုစည်ပါတယ် ပွဲရက်မတိုင်ခင်ကတည်းက လာကြတယ် ဈေးလည်းရောင်း ရတယ် ဒီနှစ်အဆင်ပြေမယ်ထင်ပါတယ်" လို့ တောင်ပြုန်းပွဲက ၁၂ ပွဲဈေးသည်ကိုမောင်ညွန့် ကပြော ပါတယ်။

အခုနှစ်တောင်ပြုန်းပွဲတော်ကို ကျန်းမာရေးစောင့်ရှောက်မှုတွေ အရင်နှစ်ကထက် ပိုစီစဉ် ထားပြီး ကျင်းပနေတာလို့လည်းသိရပြီး ပွဲတော်အတွင်း ကျန်းမာရေးစောင့်ရှောက်ရမယ့် အခြေအနေဖြစ် လာပါက ပွဲတော်ကျင်းပရေးကော်မတီနဲ့ အမြန်ဆုံး ဆက်သွယ်ပေး ကြဖို့လည်း တောင်ပြုန်း ဘုရားဂေါပကအဖွဲ့ဥက္ကဌဦးကျော်ကျော်ကပြောပါတယ်။

တောင်ပြုန်းပွဲတော်ကြီးအဓိကပွဲတော်ဖြစ်တဲ့ ချိုးရေတော်သုံးပွဲတော်(နတ်ရေချိုးပွဲ)ကို မနက်ဖြန်မှာ ကျင်းပသွားမှာဖြစ်တာကြောင့် ဒီနေ့မနက်ပိုင်းကတည်းက တောင်ပြုန်းကျေးရွာအနိးဝန်းကျင်မှာ လာရောက်တည်းခိုစောင့်စားနေသူတွေနဲ့ပြည့်နှက်လျက်ရှိပါတယ်။

KT
မန္တလေး၊ သြဂုတ် ၁၀

(  Zawgyi  )

 ႐ိုးရာနတ္ကိုးကြယ္ယုံၾကည္သူေတြ အစဥ္အလာမျပတ္က်င္းပေလ့ရွိတဲ့ ေတာင္ျပဳန္းပြဲေတာ္ႀကီးက ဒီကေန႔မွာလည္း မိုးေတြေလေတြၾကားထဲမွာပဲ အစဥ္အလာမျပတ္ဆက္လက္က်င္းပေနပါတယ္။
ယမန္ေန႔ ၾသဂုတ္လ ၈ ရက္ ဝါေခါင္လဆန္း ၈ ရက္ေန႔က စတင္က်င္းပခဲ့တဲ့ ေတာင္ျပဳန္းပြဲေတာ္ႀကီး ဟာ ဒီကေန႔မနက္ပိုင္းနဲ႔မြန္းလြဲပိုင္းတို႔မွာလည္း မိုးသည္းထန္စြာ႐ြာသြန္းေနတဲ့ၾကားကမွ ပြဲေတာ္ လာေတြနဲ႔စည္ကားေနတာပါ။

ႏွစ္စဥ္က်င္းပေနက်ေတာင္ျပဳန္းပြဲေတာ္ကို အခုႏွစ္မွာလည္း အစဥ္အလာမျပတ္ဆက္လက္ က်င္းပ သြားဖို႔ ေဒသအစိုးရခြင့္ျပဳမိန႔္ရရွိထားၿပီးျဖစ္တာေၾကာင့္ ယမန္ေန႔ကစၿပီး အစီအစဥ္အတိုင္း က်င္းပေန တာပါ။

"ဒီေန႔ညေနပိုင္းညီလာခံသဘင္က်င္းပၿပီးရင္ တက္ပြဲ(နတ္ဆိုင္းတီးၿပီးနတ္ကပြဲ)ေတြလုပ္လို႔ရပါၿပီ မနက္ျဖန္မင္းႏွစ္ပါးခ်ိဳးေရေတာ္သုံးပြဲကေတာ့ ေတာင္ျပဳန္းပြဲရဲ႕အဓိကပါပဲ အစည္ကားဆုံးရက္ေပါ့ အဲဒါၿပီးရင္ အစီအစဥ္အတိုင္းပဲ လျပည့္ေန႔အထိက်င္းပသြားမွာပါ" လို႔ ေတာင္ျပဳန္းနတ္ပြဲ က်င္းပေရး တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

မႏၲေလးတိုင္းေဒသႀကီး မတၱရာၿမိဳ႕နယ္ ေတာင္ျပဳန္းႀကီးေက်း႐ြာမွာႏွစ္စဥ္က်င္းပေနက် ေတာင္ျပဳန္း ပြဲေတာ္က ျမန္မာႏိုင္ငံစစ္ႀကီးနဲ႔ႀကဳံရတဲ့ႏွစ္ေတြမွာေတာင္မျပတ္က်င္းပခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ကေတာ့ ႏိုင္ငံရဲ႕ေဒသႀကီးတစ္ခ်ိဳ႕မွာ ရာသီတုပ္ေကြး(H1N1)ေရာဂါ ျဖစ္ပြားမႈေတြရွိေနလို႔ က်င္းပခြင့္မရခဲ့ပါဘူး။

"ဒီႏွစ္ကေတာ့ တအားကိုစည္ပါတယ္ ပြဲရက္မတိုင္ခင္ကတည္းက လာၾကတယ္ ေဈးလည္းေရာင္း ရတယ္ ဒီႏွစ္အဆင္ေျပမယ္ထင္ပါတယ္" လို႔ ေတာင္ျပဳန္းပြဲက ၁၂ ပြဲေဈးသည္ကိုေမာင္ၫြန႔္ ကေျပာ ပါတယ္။

အခုႏွစ္ေတာင္ျပဳန္းပြဲေတာ္ကို က်န္းမာေရးေစာင့္ေရွာက္မႈေတြ အရင္ႏွစ္ကထက္ ပိုစီစဥ္ ထားၿပီး က်င္းပေနတာလို႔လည္းသိရၿပီး ပြဲေတာ္အတြင္း က်န္းမာေရးေစာင့္ေရွာက္ရမယ့္ အေျခအေနျဖစ္ လာပါက ပြဲေတာ္က်င္းပေရးေကာ္မတီ နဲ႔အျမန္ဆုံး ဆက္သြယ္ေပးၾကဖို႔လည္း ေတာင္ျပဳန္း ဘုရားေဂါပကအဖြဲ႕ဥကၠဌဦးေက်ာ္ေက်ာ္ကေျပာပါတယ္။

ေတာင္ျပဳန္းပြဲေတာ္ႀကီးအဓိကပြဲေတာ္ျဖစ္တဲ့ ခ်ိဳးေရေတာ္သုံးပြဲေတာ္(နတ္ေရခ်ိဳးပြဲ)ကို မနက္ျဖန္မွာ က်င္းပသြားမွာျဖစ္တာေၾကာင့္ ဒီေန႔မနက္ပိုင္းကတည္းက ေတာင္ျပဳန္းေက်း႐ြာအနိးဝန္းက်င္မွာ လာေရာက္တည္းခိုေစာင့္စားေနသူေတြနဲ႔ျပည့္ႏွက္လ်က္ရွိပါတယ္။

KT
မႏၲေလး၊ ၾသဂုတ္ ၁၀