မီဒီယာအတိုင်ပင်ခံအဖြစ် လုပ်ကိုင်နေသူ မစ္စတာရော့စ်ဒန်ကလေ အပါ ၇ ဦးကို နှစ်ရှည်ထောင်ဒဏ် ချမှတ်

မီဒီယာအတိုင်ပင်ခံအဖြစ် လုပ်ကိုင်နေသူ မစ္စတာရော့စ်ဒန်ကလေ အပါ ၇ ဦးကို နှစ်ရှည်ထောင်ဒဏ် ချမှတ်

မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ မြန်မာတိုင်းမ် အမှုဆောင်အရာရှိချုပ်ဟောင်းနဲ့ စာတည်းမှူးချုပ်ဟောင်း တာဝန်ကို လုပ်ကိုင်ခဲ့ဖူးသူဖြစ်တဲ့၊ လက်ရှိမှာလည်း အပြည်ပြည်ဆိုင်ရာ မီဒီယာအတိုင်ပင်ခံအဖြစ် လုပ်ကိုင်နေသူ မစ္စတာရော့စ်ဒန်ကလေ အပါ ၇ ဦးကို ပြစ်မှုထင်ရှားတဲ့အတွက် သြဂုတ်လ ၇ ရက်နေ့မှာ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက နှစ်ရှည်ထောင်ဒဏ် အသီးသီးချမှတ်လိုက်ပါတယ်။

သြစတြေးလျနိုင်ငံသားဖြစ်တဲ့ မစ္စတာရော့စ်ဒန်ကလေ နဲ့ Go မီဒီယာ မန်းနေဂျင်းဒါရိုက်တာ ဗြိတိန်နိုင်ငံသား ၂ ဦးတို့ကို မူးယစ်ဆေးဝါးများ ရောင်းချဖို့အတွက် လက်ဝယ်ထားရှိမှု ပုဒ်မ - ၁၉ (က) အရ ပြစ်မှုထင်ရှားတဲ့အတွက် ခရိုင်တရားရုံးက ထောင်ဒဏ် ၁၃ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါတယ်။

မူးယစ်ဆေးဝါး ဖမ်းဆီးစဉ်က နေအိမ်ဝင်းအတွင်း တွေ့ရှိခဲ့တဲ့ မြန်မာနိုင်ငံသား မနှင်းအိခိုင်၊ မသူဇာ၊ မဝင်းဝင်း၊ မဟေမာန်လွင် နဲ့ မဟန်နီစိုး တို့ ၅ ဦးကိုတော့ ပုဒ်မ - ၁၉ (က)/၂၁ အရ ထောင်ဒဏ် ၁၁ နှစ် အသီးသီးကျခံစေရန် အမိန့်ချမှတ်ခဲ့ပါတယ်။

ခရိုင်တရားသူကြီးက ထောင်ဒဏ်အားလုံးကို ချုပ်ရက်ကနေ ထုတ်နုတ်ခံစားခွင့် ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်၊ ဇွန်လဆန်းပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ စမ်းရေတွင်းလမ်းမှာရှိတဲ့ မစ္စတာရော့စ်ဒန်ကလေ နေထိုင်တဲ့အိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာမှာ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိခဲ့တာပါ။WY ဆေးပြား ၇၉၇ ပြား၊ ဘိန်းဆီခဲ ၆ ဂရမ်၊ ဆေးခြောက် ၁၆ ဒသမ ၅ ဂရမ်၊ ဘိန်းဖြူ မှုန့် ၂ ဂရမ်၊ ICE နဲ့ WY ရောကြိတ်ထားတဲ့အမှုန့် ၂ ဂရမ်၊ မူးယစ်ဆေးဝါးလို့ ယူဆရတဲ့ အဖြူရောင် ပုံဆောင်ခဲ ၅ ဂရမ်နဲ့ ခက်ခူ ၁၉ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။ဒါကြောင့် မစ္စတာရော့စ်ဒန်ကလေ၊ ဗြိတိန်နိုင်ငံသား Mr. Johan Stuaet McKenzie တို့နဲ့အတူ နေအိမ်မှာ ရောက်ရှိနေကြတဲ့ မဟန်နီစိုး၊ မဟေမန်လွင် (ခ) နန္ဒာ၊ မသူဇာ၊ မဝင်းဝင်း၊ မနှင်းအိခိုင် (ခ) သော်တာ တို့နဲ့ အိမ်အကူအဖြစ် လုပ်ကိုင်နေတဲ့ ဒေါ်တင်တင်ဝင်း၊ ခြံစောင့်အဖြစ် လုပ်ကိုင်နေသူ တူးတူး (ခ) စောမတ်သူးရှလ တို့ ၉ ဦးကို ရဲက ဖမ်းဆီးခဲ့ပါတယ်။

သူတို့ကို ဗဟန်းမြို့နယ် ရဲစခန်းမှာ မယ (ပ) ၄၂/ ၂ဝ၁၈၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ - ၁၉ (က)၊ ပုဒ်မ ၂ဝ (က)/၂၁ အမှုဖွင့် စစ်ဆေးခဲ့တာဖြစ်ပြီး ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး ကို ၂ဝ၁၈ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့မှာ တရားစွဲတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ခရိုင်တရားရုံးကို တရားစွဲတင်ပို့တဲ့ နေ့မှာပဲ ဖမ်းဆီးတရားစွဲထားသူ ၉ ဦးထဲက မစ္စတာရော့စ်ဒန်ကလေ နေထိုင်တဲ့နေအိမ်မှာ အိမ်အကူအဖြစ် လုပ်ကိုင်သူ ဒေါ်တင်တင်ဝင်း နဲ့ ခြံစောင့်အဖြစ် လုပ်ကိုင်သူ တူးတူး (ခ) စောမတ်သူးရှလ တို့ ၂ ဦးကို သက်သေမခိုင်လုံတဲ့အတွက် အဲ့ဒီအချိန်ကတည်းက အမှုမှ အပြီးအပြတ်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုအတွက် သက်သေအားလုံးပေါင်း ၂၅ ဦးကို ရုံးချိန်းပေါင်း ၅ဝ ကျော်အတွင်း ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် စစ်ဆေးမှု တစ်နှစ်ကျော်အကြာမှာ အခုလို အပြီးသတ်အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ သြဂုတ် - ၇

( Zawgyi )

မူးယစ္ေဆးဝါးအမႈနဲ႔ ဖမ္းဆီးစစ္ေဆးခံေနရတဲ့ ျမန္မာတိုင္းမ္ အမႈေဆာင္အရာရွိခ်ဳပ္ေဟာင္းနဲ႔ စာတည္းမႉးခ်ဳပ္ေဟာင္း တာဝန္ကို လုပ္ကိုင္ခဲ့ဖူးသူျဖစ္တဲ့၊ လက္ရွိမွာလည္း အျပည္ျပည္ဆိုင္ရာ မီဒီယာအတိုင္ပင္ခံအျဖစ္ လုပ္ကိုင္ေနသူ မစၥတာေရာ့စ္ဒန္ကေလ အပါ ၇ ဦးကို ျပစ္မႈထင္ရွားတဲ့အတြက္ ၾသဂုတ္လ ၇ ရက္ေန႔မွာ ရန္ကုန္အေနာက္ပိုင္းခ႐ိုင္တရား႐ုံးက ႏွစ္ရွည္ေထာင္ဒဏ္ အသီးသီးခ်မွတ္လိုက္ပါတယ္။

ၾသစေၾတးလ်ႏိုင္ငံသားျဖစ္တဲ့ မစၥတာေရာ့စ္ဒန္ကေလ နဲ႔ Go မီဒီယာ မန္းေနဂ်င္းဒါ႐ိုက္တာ ၿဗိတိန္ႏိုင္ငံသား ၂ ဦးတို႔ကို မူးယစ္ေဆးဝါးမ်ား ေရာင္းခ်ဖို႔အတြက္ လက္ဝယ္ထားရွိမႈ ပုဒ္မ - ၁၉ (က) အရ ျပစ္မႈထင္ရွားတဲ့အတြက္ ခ႐ိုင္တရား႐ုံးက ေထာင္ဒဏ္ ၁၃ ႏွစ္ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ပါတယ္။

မူးယစ္ေဆးဝါး ဖမ္းဆီးစဥ္က ေနအိမ္ဝင္းအတြင္း ေတြ႕ရွိခဲ့တဲ့ ျမန္မာႏိုင္ငံသား မႏွင္းအိခိုင္၊ မသူဇာ၊ မဝင္းဝင္း၊ မေဟမာန္လြင္ နဲ႔ မဟန္နီစိုး တို႔ ၅ ဦးကိုေတာ့ ပုဒ္မ - ၁၉ (က)/၂၁ အရ ေထာင္ဒဏ္ ၁၁ ႏွစ္ အသီးသီးက်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ပါတယ္။

ခ႐ိုင္တရားသူႀကီးက ေထာင္ဒဏ္အားလုံးကို ခ်ဳပ္ရက္ကေန ထုတ္ႏုတ္ခံစားခြင့္ ေပးခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂ဝ၁၈ ခုႏွစ္၊ ဇြန္လဆန္းပိုင္းက ရန္ကုန္ၿမိဳ႕၊ ဗဟန္းၿမိဳ႕နယ္၊ သာသနာ့ရိပ္သာရပ္ကြက္၊ စမ္းေရတြင္းလမ္းမွာရွိတဲ့ မစၥတာေရာ့စ္ဒန္ကေလ ေနထိုင္တဲ့အိမ္ကို ရဲတပ္ဖြဲ႕က ဝင္ေရာက္ရွာေဖြခဲ့ရာမွာ မူးယစ္ေဆးဝါးေတြ သိမ္းဆည္းရမိခဲ့တာပါ။WY ေဆးျပား ၇၉၇ ျပား၊ ဘိန္းဆီခဲ ၆ ဂရမ္၊ ေဆးေျခာက္ ၁၆ ဒသမ ၅ ဂရမ္၊ ဘိန္းျဖဴ မႈန႔္ ၂ ဂရမ္၊ ICE နဲ႔ WY ေရာႀကိတ္ထားတဲ့အမႈန႔္ ၂ ဂရမ္၊ မူးယစ္ေဆးဝါးလို႔ ယူဆရတဲ့ အျဖဴေရာင္ ပုံေဆာင္ခဲ ၅ ဂရမ္နဲ႔ ခက္ခူ ၁၉ ဂရမ္တို႔ကို သိမ္းဆည္းရမိခဲ့တာ ျဖစ္ပါတယ္။ဒါေၾကာင့္ မစၥတာေရာ့စ္ဒန္ကေလ၊ ၿဗိတိန္ႏိုင္ငံသား Mr. Johan Stuaet McKenzie တို႔နဲ႔အတူ ေနအိမ္မွာ ေရာက္ရွိေနၾကတဲ့ မဟန္နီစိုး၊ မေဟမန္လြင္ (ခ) နႏၵာ၊ မသူဇာ၊ မဝင္းဝင္း၊ မႏွင္းအိခိုင္ (ခ) ေသာ္တာ တို႔နဲ႔ အိမ္အကူအျဖစ္ လုပ္ကိုင္ေနတဲ့ ေဒၚတင္တင္ဝင္း၊ ၿခံေစာင့္အျဖစ္ လုပ္ကိုင္ေနသူ တူးတူး (ခ) ေစာမတ္သူးရွလ တို႔ ၉ ဦးကို ရဲက ဖမ္းဆီးခဲ့ပါတယ္။

သူတို႔ကို ဗဟန္းၿမိဳ႕နယ္ ရဲစခန္းမွာ မယ (ပ) ၄၂/ ၂ဝ၁၈၊ မူးယစ္ေဆးဝါးနဲ႔ စိတ္ကိုေျပာင္းလဲေစတဲ့ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ - ၁၉ (က)၊ ပုဒ္မ ၂ဝ (က)/၂၁ အမႈဖြင့္ စစ္ေဆးခဲ့တာျဖစ္ၿပီး ရန္ကုန္အေနာက္ပိုင္းခ႐ိုင္တရား႐ုံး ကို ၂ဝ၁၈ ခုႏွစ္၊ ဇူလိုင္လ ၆ ရက္ေန႔မွာ တရားစြဲတင္ပို႔ခဲ့တာ ျဖစ္ပါတယ္။ခ႐ိုင္တရား႐ုံးကို တရားစြဲတင္ပို႔တဲ့ ေန႔မွာပဲ ဖမ္းဆီးတရားစြဲထားသူ ၉ ဦးထဲက မစၥတာေရာ့စ္ဒန္ကေလ ေနထိုင္တဲ့ေနအိမ္မွာ အိမ္အကူအျဖစ္ လုပ္ကိုင္သူ ေဒၚတင္တင္ဝင္း နဲ႔ ၿခံေစာင့္အျဖစ္ လုပ္ကိုင္သူ တူးတူး (ခ) ေစာမတ္သူးရွလ တို႔ ၂ ဦးကို သက္ေသမခိုင္လုံတဲ့အတြက္ အဲ့ဒီအခ်ိန္ကတည္းက အမႈမွ အၿပီးအျပတ္လႊတ္ေပးခဲ့တာ ျဖစ္ပါတယ္။

ဒီအမႈအတြက္ သက္ေသအားလုံးေပါင္း ၂၅ ဦးကို ႐ုံးခ်ိန္းေပါင္း ၅ဝ ေက်ာ္အတြင္း ေခၚယူစစ္ေဆးခဲ့ၿပီးေနာက္ စစ္ေဆးမႈ တစ္ႏွစ္ေက်ာ္အၾကာမွာ အခုလို အၿပီးသတ္အမိန႔္ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ ၾသဂုတ္ - ၇