မီးပွိုင့်မိ၍ ရပ်နေသည့် ဆိုင်ကယ်အား ဝင်တိုက်ကာ လူ ၂ ဦးသေဆုံးစေခဲ့သည့် ပြိုင်ကားမောင်းသူကို ထောင်ဒဏ် ၉ နှစ်ချမှတ်

မီးပွိုင့်မိ၍ ရပ်နေသည့် ဆိုင်ကယ်အား ဝင်တိုက်ကာ လူ ၂ ဦးသေဆုံးစေခဲ့သည့် ပြိုင်ကားမောင်းသူကို ထောင်ဒဏ် ၉ နှစ်ချမှတ်

မီးပွိုင့်မိ၍ ရပ်နေသည့် ဆိုင်ကယ်အား ဝင်တိုက်ကာ လူ ၂ ဦးသေဆုံးစေခဲ့သည့် ပြိုင်ကားမောင်းသူကို ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် အောင်မြေသာစံမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၉ နှစ်ချမှတ်ခဲ့ပါတယ်။ပြိုင်ကားမောင်းနှင်သူ သန်းထက်အောင် အား ပေါ့လျော့မှုကြောင့် လူသေစေမှု ၃၀၄(က) ဖြင့် ထောင်ဒဏ် ၇ နှစ်၊ အများပြည်သူဆိုင်ရာလမ်းပေါ်မှာ မဆင်မခြင်မောင်းနှင်မှု ပုဒ်မ ၂၇၉ ဖြင့် ထောင်ဒဏ် ၂ နှစ် သီးခြား စီကျခံစေ ရန် တရားရုံးမှ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် တရားရုံး ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်က သန်းထက်အောင်(အသက် ၂၆ နှစ်) မောင်းနှင်လာ တဲ့ Toyota Lexus Sallon အနီရောင် ပြိုင်ကားဟာ ၇၈ လမ်းအတိုင်း တောင်ဘက်မှ မြောက်သို့ မောင်းနှင်လာစဉ် ၂၆ လမ်းမီးပွိုင့်အရောက်အရှိန်မထိန်းနိုင်ဘဲ လားရာ တူရှေ့တွင် မီးနီရပ်စောင့်နေ တဲ့ မောင်လွင်မင်းသန့် (အသက် ၂၃ နှစ်၊ ရတနာပုံတက္ကသိုလ် ဥပဒေပညာနောက်ဆုံးနှစ်ကျောင်းသား)  နဲ့ မောင်ကျော်ဇင်သက် (အသက် ၂၆ နှစ်၊ နိုင်ငံခြားသင်္ဘောအင်ဂျင်နီယာ) တို့နှစ်ဦးရဲ့ဆိုင်ကယ်နောက်ပိုင်းကို ဝင်ရောက်တိုက်မိ မှုကြောင့် ဆိုင်ကယ်နဲ့လူနှစ်ဦးစလုံး ပြိုင်ကားနဲ့အတူချိတ်ပါသွားပြီး ယာဉ်ထိန်းရဲမီးပွိုင့်အဆောက်အဦကိုပါ ထပ်မံတိုက်မိခဲ့တာကြောင့် လူနှစ်ဦးစလုံးသေဆုံးသွားပါတယ်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲအုပ် သန်းဇော်ဦးက တရားလိုပြုလုပ် အမှုဖွင့်လှစ်ခဲ့ပြီး ရာကြီးမှုအမှတ် ၁၆၉၅/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က ဖြင့် လည်းကောင်း၊ ရဲအုပ်စိုးဝင်းသန်းက ရာကြီးမှုအမှတ် ၁၆၉၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၇၉ တို့ဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

KT
မန္တလေး ၊ အောက်တိုဘာ ၃၁

(  Zawgyi  )

 မီးပြိဳင့္မိ၍ ရပ္ေနသည့္ ဆိုင္ကယ္အား ဝင္တိုက္ကာ လူ ၂ ဦးေသဆုံးေစခဲ့သည့္ ၿပိဳင္ကားေမာင္းသူကို ယေန႔ ေအာက္တိုဘာလ ၃၁ ရက္ေန႔တြင္ ေအာင္ေျမသာစံၿမိဳ႕နယ္ တရား႐ုံးမွ ေထာင္ဒဏ္ ၉ ႏွစ္ခ်မွတ္ခဲ့ပါတယ္။ၿပိဳင္ကားေမာင္းႏွင္သူ သန္းထက္ေအာင္ အား ေပါ့ေလ်ာ့မႈေၾကာင့္ လူေသေစမႈ ၃၀၄(က) ျဖင့္ ေထာင္ဒဏ္ ၇ ႏွစ္၊ အမ်ားျပည္သူဆိုင္ရာလမ္းေပၚမွာ မဆင္မျခင္ေမာင္းႏွင္မႈ ပုဒ္မ ၂၇၉ ျဖင့္ ေထာင္ဒဏ္ ၂ ႏွစ္ သီးျခား စီက်ခံေစ ရန္ တရား႐ုံးမွ အမိန႔္ခ်မွတ္ခဲ့ျခင္းျဖစ္တယ္လို႔ မႏၲေလးတိုင္းေဒသႀကီး၊ ေအာင္ေျမသာစံၿမိဳ႕နယ္ တရား႐ုံး ျပန္ၾကားေရး တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ ၈ ရက္ေန႔ ည ၁၂ နာရီအခ်ိန္ခန႔္က သန္းထက္ေအာင္(အသက္ ၂၆ ႏွစ္) ေမာင္းႏွင္လာ တဲ့ Toyota Lexus Sallon အနီေရာင္ ၿပိဳင္ကားဟာ ၇၈ လမ္းအတိုင္း ေတာင္ဘက္မွ ေျမာက္သို႔ ေမာင္းႏွင္လာစဥ္ ၂၆ လမ္းမီးပြိဳင့္အေရာက္အရွိန္မထိန္းႏိုင္ဘဲ လားရာ တူေရွ႕တြင္ မီးနီရပ္ေစာင့္ေန တဲ့ ေမာင္လြင္မင္းသန႔္ (အသက္ ၂၃ ႏွစ္၊ ရတနာပုံတကၠသိုလ္ ဥပေဒပညာေနာက္ဆုံးႏွစ္ေက်ာင္းသား)  နဲ႔ ေမာင္ေက်ာ္ဇင္သက္ (အသက္ ၂၆ ႏွစ္၊ ႏိုင္ငံျခားသေဘၤာအင္ဂ်င္နီယာ) တို႔ႏွစ္ဦးရဲ႕ဆိုင္ကယ္ေနာက္ပိုင္းကို ဝင္ေရာက္တိုက္မိ မႈေၾကာင့္ ဆိုင္ကယ္နဲ႔လူႏွစ္ဦးစလုံး ၿပိဳင္ကားနဲ႔အတူခ်ိတ္ပါသြားၿပီး ယာဥ္ထိန္းရဲမီးပြိဳင့္အေဆာက္အဦကိုပါ ထပ္မံတိုက္မိခဲ့တာေၾကာင့္ လူႏွစ္ဦးစလုံးေသဆုံးသြားပါတယ္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ရဲအုပ္ သန္းေဇာ္ဦးက တရားလိုျပဳလုပ္ အမႈဖြင့္လွစ္ခဲ့ၿပီး ရာႀကီးမႈအမွတ္ ၁၆၉၅/၂၀၁၈ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၄-က ျဖင့္ လည္းေကာင္း၊ ရဲအုပ္စိုးဝင္းသန္းက ရာႀကီးမႈအမွတ္ ၁၆၉၆/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၂၇၉ တို႔ျဖင့္ တရားစြဲဆိုခဲ့တာျဖစ္ပါတယ္။

KT
မႏၲေလး ၊ ေအာက္တိုဘာ ၃၁