မီးရှူးမီးပန်းလာရောက်ပစ်ဖောက်နေခြင်းကို ထိရောက်စွာအရေးယူရန် ဗူးဘုရားဂေါပကအဖွဲ့ စီစဉ်နေ

မီးရှူးမီးပန်းလာရောက်ပစ်ဖောက်နေခြင်းကို ထိရောက်စွာအရေးယူရန် ဗူးဘုရားဂေါပကအဖွဲ့ စီစဉ်နေ

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းက ဗူးဘုရားစေတီတော်တစ်ဝိုက်မှာ ညအချိန်မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းများရှိတာကြောင့် ထိရောက်စွာအရေးယူသွားရန် ကြပ်မတ်ထားကြောင်း ဂေါပကအဖွဲ့မှ သိရပါတယ်။

 “ဘုရားဖူးတွေ အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်တဲ့အတွက် တင်းတင်းကြပ်ကြပ်နဲ့ တားမြစ်ထားတာ ဖြစ်ပါတယ်၊ ဒီနေရာက မြစ်ကမ်း လည်းဖြစ်နေေ တာ့ ဒီနားမှာလာပြီးမလွှတ်အောင်လို့ ကြပ်မတ်နေရပါတယ်၊ တားမြစ်တာကို မလိုက်နာရင်တော့ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်နိုင်ဖို့ ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်”လို့ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ အတွင်းရေးမှူး ဦးခင်ရှိန်က ရှင်းပြပါတယ်။
 
ထိုဗူးဘုရားစေတီတော်တစ်ဝိုက်မှာ ဘုရားဖူးလာရောက်သူတွေ များပြားရာနေရာလည်းဖြစ်သလို ဗျောက်အိုးများ၊ မီးရှူးမီးပန်းများ ပစ်လွှတ်ဆော့ ကစား တာတွေကြောင့် အထိတ်တလန့်ဖြစ်သူများလည်းရှိခဲ့ပြီး ယခုလိုတားမြစ်လိုက်တဲ့အကြောင်းကို အများသိရှိစေအောင် အနီရောင် ဗွီနိုင်းများဖြင့် ရေးသားကာ သတိပေး ထားကြောင်း၊ ဂေါပကအဖွဲ့မှလည်း ရင်ပြင်တော်တစ်ဝိုက် လိုက်လံစစ်ဆေးကြည့်ရှုနေရကြောင်းလည်း သိရပါတယ်။

ဇွဲမာန်  
ရန်ကုန်၊ နိုဝင်ဘာ ၁၃

(  Zawgyi  )

 ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမအတြင္းက ဗူးဘုရားေစတီေတာ္တစ္ဝိုက္မွာ ညအခ်ိန္မီးရႉးမီးပန္းမ်ား ပစ္ေဖာက္ျခင္းမ်ားရွိတာေၾကာင့္ ထိေရာက္စြာအေရးယူသြားရန္ ၾကပ္မတ္ထားေၾကာင္း ေဂါပကအဖြဲ႕မွ သိရပါတယ္။

 “ဘုရားဖူးေတြ အေႏွာင့္အယွက္ျဖစ္မွာ စိုးရိမ္တဲ့အတြက္ တင္းတင္းၾကပ္ၾကပ္နဲ႔ တားျမစ္ထားတာ ျဖစ္ပါတယ္၊ ဒီေနရာက ျမစ္ကမ္း လည္းျဖစ္ေနေ တာ့ ဒီနားမွာလာၿပီးမလႊတ္ေအာင္လို႔ ၾကပ္မတ္ေနရပါတယ္၊ တားျမစ္တာကို မလိုက္နာရင္ေတာ့ ထိေရာက္တဲ့ အေရးယူမႈေတြ လုပ္ေဆာင္ႏိုင္ဖို႔ ဆက္လက္ေဆာင္႐ြက္ သြားမွာျဖစ္ပါတယ္”လို႔ ဘ႑ာေတာ္ထိန္း ေဂါပကအဖြဲ႕မွ အတြင္းေရးမႉး ဦးခင္ရွိန္က ရွင္းျပပါတယ္။
 
ထိုဗူးဘုရားေစတီေတာ္တစ္ဝိုက္မွာ ဘုရားဖူးလာေရာက္သူေတြ မ်ားျပားရာေနရာလည္းျဖစ္သလို ေဗ်ာက္အိုးမ်ား၊ မီးရႉးမီးပန္းမ်ား ပစ္လႊတ္ေဆာ့ ကစား တာေတြေၾကာင့္ အထိတ္တလန႔္ျဖစ္သူမ်ားလည္းရွိခဲ့ၿပီး ယခုလိုတားျမစ္လိုက္တဲ့အေၾကာင္းကို အမ်ားသိရွိေစေအာင္ အနီေရာင္ ဗြီႏိုင္းမ်ားျဖင့္ ေရးသားကာ သတိေပး ထားေၾကာင္း၊ ေဂါပကအဖြဲ႕မွလည္း ရင္ျပင္ေတာ္တစ္ဝိုက္ လိုက္လံစစ္ေဆးၾကည့္ရႈေနရေၾကာင္းလည္း သိရပါတယ္။

ဇြဲမာန္  
ရန္ကုန္၊ ႏိုဝင္ဘာ ၁၃