မုတ်သုံလေသည် မြန်မာနိုင်ငံသို့ မေလ ၂၁ ရက်နေ့တွင် စတင်ဝင်ရောက်လာနိုင်

မုတ်သုံလေသည် မြန်မာနိုင်ငံသို့ မေလ ၂၁ ရက်နေ့တွင် စတင်ဝင်ရောက်လာနိုင်

မုတ်သုံလေသည် မြန်မာနိုင်ငံသို့ မေလ ၂၁ ရက်နေ့မှ စတင်ကာ ဝင်ရောက်လာနိုင်တယ်လို့ မိုး/ဇလ မှ ယနေ့ မေလ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။

မေလ ၂၁ ရက် နေ့မှ ၂၃ ရက်နေ့အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ၊မေလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့ အတွင်း မြစ်ဝကျွန်းပေါ်ဒေသများ၊မေလ ၂၉ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့ အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ များသို့ မုတ်သုံလေ ဝင်ရောက်လာနိုင်ပြီး ယင်းကာလများတွင် မုတ်သုံလေသည် အားအသင့်တင့် ရှိနိုင်တယ်လို့ ဆိုပါတယ်။

မေလ ၂၁ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ် နိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်တယ်လို့ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည် နယ်၊ ရခိုင်ပြည် နယ်၊ ကယား ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးရွာသွန်းနိုင်တယ်လို့ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် မေလပုံမှန် အပူချိန်ထက် (၁.၅)ဒီဂရီ စင်တီဂရိတ်နှင့်အထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ကရင်နှင့် မွန်ပြည်နယ်တို့တွင် မေလ၏ ပုံမှန် အပူချိန်ခန့်သာ ရှိနိုင်တယ်လို့ ဆိုပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ မေ ၁၈

(   Zawgyi   )

 မုတ္သုံေလသည္ ျမန္မာႏိုင္ငံသို႔ ေမလ ၂၁ ရက္ေန႔မွ စတင္ကာ ဝင္ေရာက္လာႏိုင္တယ္လို႔ မိုး/ဇလ မွ ယေန႔ ေမလ ၁၈ ရက္ေန႔တြင္ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ေမလ ၂၁ ရက္ ေန႔မွ ၂၃ ရက္ေန႔အတြင္း ျမန္မာႏိုင္ငံ ေတာင္ပိုင္းေဒသမ်ား၊ေမလ ၂၄ ရက္ေန႔မွ ၂၈ ရက္ေန႔ အတြင္း ျမစ္ဝကြၽန္းေပၚေဒသမ်ား၊ေမလ ၂၉ ရက္ေန႔မွ ဇြန္လ ၃ ရက္ေန႔ အတြင္း ျမန္မာႏိုင္ငံ အလယ္ပိုင္းေဒသ မ်ားသို႔ မုတ္သုံေလ ဝင္ေရာက္လာႏိုင္ၿပီး ယင္းကာလမ်ားတြင္ မုတ္သုံေလသည္ အားအသင့္တင့္ ရွိႏိုင္တယ္လို႔ ဆိုပါတယ္။

ေမလ ၂၁ ရက္ေန႔မွ ၃၀ ရက္ေန႔အတြင္း ဘဂၤလားပင္လယ္ျပင္တြင္ ေလဖိအားနည္းရပ္ဝန္း တစ္ႀကိမ္ ျဖစ္ေပၚ ႏိုင္ၿပီး စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ တနသၤာရီတိုင္း ေဒသႀကီး၊ ကခ်င္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ႐ြာသြန္းၿမဲထက္ပိုႏိုင္တယ္လို႔ဆိုပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီး ေအာက္ပိုင္း၊ မႏၲေလးတိုင္း ေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္း ေဒသႀကီး၊ ရန္ကုန္ တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္ နယ္၊ ရခိုင္ျပည္ နယ္၊ ကယား ျပည္နယ္ႏွင့္ ကရင္ျပည္နယ္တို႔တြင္ ႐ြာသြန္းၿမဲခန႔္ မိုး႐ြာသြန္းႏိုင္တယ္လို႔ဆိုပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလး၊ မေကြး၊ ပဲခူး ႏွင့္ ရန္ကုန္တိုင္းေဒသႀကီးတို႔တြင္ ေမလပုံမွန္ အပူခ်ိန္ထက္ (၁.၅)ဒီဂရီ စင္တီဂရိတ္ႏွင့္အထက္ ပိုႏိုင္ၿပီး၊ စစ္ကိုင္းတိုင္းေဒသႀကီး အထက္ပိုင္း၊ ဧရာဝတီ၊ တနသၤာရီ၊ ကခ်င္၊ ရွမ္း၊ ခ်င္း၊ ရခိုင္၊ ကယား၊ကရင္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေမလ၏ ပုံမွန္ အပူခ်ိန္ခန႔္သာ ရွိႏိုင္တယ္လို႔ ဆိုပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ေမ ၁၈