မုဒိန်းမှု-၃၇၆ တစ်ရာ ရာခိုင်နူန်း ပေါ် ပေါက်သည့်အခြေအနေမျိုးရှိကြောင်း ဗစ်တိုးရီးယားအမှုမှ မှုခင်းဆရာဝန်ထွက်ဆိုဟု ဆို

မုဒိန်းမှု-၃၇၆ တစ်ရာ ရာခိုင်နူန်း ပေါ် ပေါက်သည့်အခြေအနေမျိုးရှိကြောင်း ဗစ်တိုးရီးယားအမှုမှ  မှုခင်းဆရာဝန်ထွက်ဆိုဟု ဆို

ဗစ်တိုးရီးယားလေးအမှု(၁၁)ကြိမ်မြောက်ရုံးချိန်တွင်မှုခင်းဆရာဝန်တို့အားစစ်ဆေးရာတွင်မှုခင်းဆရာဝန်၏ထွက်ဆိုချက်အရ မုဒိန်းမှု-၃၇၆ တစ်ရာ ရာခိုင်နူန်း ပေါ်ပေါက်သည့်အခြေအနေမျိုး ရှိကြောင်း တရားလွှတ်တော် ရှေ့နေ ဒေါ်ရွက်နုအောင်မှ သတင်းထောက်များအားပြောကြားခဲ့ပါတယ်။

ယနေ့နေပြည်တော်၊ဒက္ခိဏခရိုင်တရားရုံးတွင်စစ်ဆေးနေသည့်ဗစ်တိုးရီးယားအမှု၊(၁၁)ကြိမ်မြောက်စ်ဆေးမှုညနေပိုင်းရုံးချိန်အပြီးတွင်သတင်းထောက်များ၏မေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားရာတွင်ထည့်သွင်းပြောကြားခဲခြင်းဖြစ်ပါတယ်။

“ဆေးစာပါပေါ်ပေါက်ချက်အရပြီးတော့ဆရာဝန်ကဆေးစာကိုဖတ်ကြားတဲ့အခါမှာ ကျမတို့ဥပဒေ အရာရှိ ကမေးတာတွေအကုန်စုံပါတယ်။ အကုန်ပါပါတယ်၊ဒီအမျိုးသားတစ်ယောက်ရဲ့ အခြေအနေ အရွယ် အမျိုးအစား ၊ ပါဝင်နိုင်တဲ့သုတ်ကောင်အရေအတွက် ဒါတွေကအစ အကုန်မေးသွားတာ၊ ကျမတို့ကဒါအကျဉ်းချုပ်ပြီးပြော သွားတာ တကယ်တမ်းတော့မေးတဲ့အချိန်တုံးက သေသေချာချာမေးကြ တာဆိုတော့ အထဲထဲမှာပေါ်ပေါက်မှုတွေ အများကြီးရှိတယ်။

အဲတော့ဒါ-၅၁၁တွဲစရာအကြောင်းမရှိဘူး။ ဆေးစာရဲ့ပေါ်ပေါက်ချက်အရဆိုယင်ဒါ-၃၇၆ပေါ့။ မုဒိမ်းမှု့သေချာ ပေါက်။ ဒက်ရှုးဝါး တစ်ရာ ရာခိုင်နူန်း မြောက်တယ်လို့အခြေအနေမျိုးရှိတယ်။ ဆေးစာမှာလည်းအဲဒီအကြောင်းအရာတွေအားလုံးပေါ်ပေါက်တယ်။ ပေါ်ပေါက်တဲ့အခြေအနေအကုန်လုံးကိုလည်းဆရာဝန်ကိုယ် တိုင်ထွက်ချက်ပေးသွားတယ် ”ဟုတရားလွှတ်တော်ရှေ့နေဒေါ်ရွက်နုအောင် မှပြောပါတယ်။

ယင်းအပြင်ဒေါ်ရွက်နုအောင်မှ “မှုခင်းဆရာဝန်ကတော့ ပြောမယ်ဆိုရင် ဒါ rape case တွေမှာ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ အခြေအနေမျိုးတွေ ဆေးစာ မှာပေါ်နေတာပေါ့ ။ ပေါ်နေတာတွေရှိတယ်လေ။ သုတ်ပိုးတွေ့တာတော့ ဒါမျိုးတွေ အဲ့ဒါတွေကတော့ ဆရာဝန်တွေက ဆေးစာမှာပါတဲ့ အတိုင်း ထွက်ဆိုပေးသွားတာပေါ့။ ဒါပေမဲ့ ဒေါ်စုဒါလီအောင်တို့ ဘက်က အပြန်အလှန် စစ်မေးတဲ့ အခါမှာ ဆေးစာ ပျောက်သွားတဲ့ အတွက် မိတ္တူစာ လျှောက်ခဲ့တယ်ဆိုတဲ့ အခြေအနေ တစ်ခု ကို ဆရာဝန်မကြီး ထွက်ဆိုသွားတာ တစ်ခု ရှိတယ်။

 နောက်တခု ကတော့ ပလိပ်ပြားပေါ့ ။ အဲ့ဒါကို CID ကနေ အခြား rape case တွေမှာ သိမ်းခဲ့တာ မရှိဘူး။ ဒါပေမယ့် ဒီအမှုမှာ တော့ သိမ်းသွားတာမျိုးရှိတယ်ပေါ့။ အဲ့ဒါ ထွက်သွားတာပေါ့။ ထူးခြားတဲ့ ဟာ ဆရာဝန်ကို စစ်သွားတဲ့ အခါ မှာ ဒေါ်စုဒါလီအောင်တို့ဘက် က အပြန်အလှန်စစ်မေးတဲ့ အခါမှာ ထွက်သွားတာရှိတယ်။ နောက်ပြီးတော့ ကလေး လေး က HIV ဆေးပေးရတယ်ပေါ့နော်။ ကလေး အထူးကုဆေးရုံမှာလည်း ဆေးအွန်သွားတာတွေရှိတယ်ဆိုတာ အဲ့ဒါလေးတွေတော့ ထွက်ဆို သွားပါတယ် ”ဟုလည်းပြောကြားခဲ့ပါတယ်။

ယနေ့စစ်ဆေးချက်အရပထမပိုင်းတွင်မှုခင်းဆရာဝန်အားစစ်ဆေးခဲ့ပြီးဒုတိယအပိုင်းတွင်ဒေါ်ဥမ္မာလှိုင်အားစစ်မေးခဲ့သော်လည်းစစ်မေးမှုမပြီးပြတ်သည့်အတွက်နောက်တစ်ပတ်ရုံးချိန်းတွင်ဒေါ်ဥမ္မာလှိုင်နှင့်အတူဆရာမ(၂)ဦးအား စစ်မေးသွားမည်ဖြစ်ပါကြောင်း၊နောက်တစ်ပတ် ရုံးချိန်အားလာမည့် ဒီဇင်ဘာ(၄)ရက် သို့ချိန်းဆိုထားကြောင်း၊ ယနေ့ဒေါ်ဥမ္မာလှိုင်၏ စစ်မေးချက်များတွင် ထူးခြားသည့် အချက်များမပါသည့်အတွက်ဖြေဆိုရန် ခက်ခဲကြောင်းထည့်သွင်းပြောကြားခဲ့ပါတယ်။

PTG
နေပြည်တော်၊နိုဝင်ဘာ-၂၀

(  Zawgyi  )

 ဗစ္တိုးရီးယားေလးအမႈ(၁၁)ႀကိမ္ေျမာက္႐ုံးခ်ိန္တြင္မႈခင္းဆရာဝန္တို႔အားစစ္ေဆးရာတြင္မႈခင္းဆရာဝန္၏ထြက္ဆိုခ်က္အရ မုဒိန္းမႈ-၃၇၆ တစ္ရာ ရာခိုင္ႏူန္း ေပၚေပါက္သည့္အေျခအေနမ်ိဳး ရွိေၾကာင္း တရားလႊတ္ေတာ္ ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္မွ သတင္းေထာက္မ်ားအားေျပာၾကားခဲ့ပါတယ္။

ယေန႔ေနျပည္ေတာ္၊ဒကၡိဏခ႐ိုင္တရား႐ုံးတြင္စစ္ေဆးေနသည့္ဗစ္တိုးရီးယားအမႈ၊(၁၁)ႀကိမ္ေျမာက္စ္ေဆးမႈညေနပိုင္း႐ုံးခ်ိန္အၿပီးတြင္သတင္းေထာက္မ်ား၏ေမးျမန္းမႈအေပၚျပန္လည္ေျဖၾကားရာတြင္ထည့္သြင္းေျပာၾကားခဲျခင္းျဖစ္ပါတယ္။

“ေဆးစာပါေပၚေပါက္ခ်က္အရၿပီးေတာ့ဆရာဝန္ကေဆးစာကိုဖတ္ၾကားတဲ့အခါမွာ က်မတို႔ဥပေဒ အရာရွိ ကေမးတာေတြအကုန္စုံပါတယ္။ အကုန္ပါပါတယ္၊ဒီအမ်ိဳးသားတစ္ေယာက္ရဲ႕ အေျခအေန အ႐ြယ္ အမ်ိဳးအစား ၊ ပါဝင္ႏိုင္တဲ့သုတ္ေကာင္အေရအတြက္ ဒါေတြကအစ အကုန္ေမးသြားတာ၊ က်မတို႔ကဒါအက်ဥ္းခ်ဳပ္ၿပီးေျပာ သြားတာ တကယ္တမ္းေတာ့ေမးတဲ့အခ်ိန္တုံးက ေသေသခ်ာခ်ာေမးၾက တာဆိုေတာ့ အထဲထဲမွာေပၚေပါက္မႈေတြ အမ်ားႀကီးရွိတယ္။

အဲေတာ့ဒါ-၅၁၁တြဲစရာအေၾကာင္းမရွိဘူး။ ေဆးစာရဲ႕ေပၚေပါက္ခ်က္အရဆိုယင္ဒါ-၃၇၆ေပါ့။ မုဒိမ္းမႈ႕ေသခ်ာ ေပါက္။ ဒက္ရႈးဝါး တစ္ရာ ရာခိုင္ႏူန္း ေျမာက္တယ္လို႔အေျခအေနမ်ိဳးရွိတယ္။ ေဆးစာမွာလည္းအဲဒီအေၾကာင္းအရာေတြအားလုံးေပၚေပါက္တယ္။ ေပၚေပါက္တဲ့အေျခအေနအကုန္လုံးကိုလည္းဆရာဝန္ကိုယ္ တိုင္ထြက္ခ်က္ေပးသြားတယ္ ”ဟုတရားလႊတ္ေတာ္ေရွ႕ေနေဒၚ႐ြက္ႏုေအာင္ မွေျပာပါတယ္။

ယင္းအျပင္ေဒၚ႐ြက္ႏုေအာင္မွ “မႈခင္းဆရာဝန္ကေတာ့ ေျပာမယ္ဆိုရင္ ဒါ rape case ေတြမွာ ျဖစ္ေလ့ ျဖစ္ထ ရွိတဲ့ အေျခအေနမ်ိဳးေတြ ေဆးစာ မွာေပၚေနတာေပါ့ ။ ေပၚေနတာေတြရွိတယ္ေလ။ သုတ္ပိုးေတြ႕တာေတာ့ ဒါမ်ိဳးေတြ အဲ့ဒါေတြကေတာ့ ဆရာဝန္ေတြက ေဆးစာမွာပါတဲ့ အတိုင္း ထြက္ဆိုေပးသြားတာေပါ့။ ဒါေပမဲ့ ေဒၚစုဒါလီေအာင္တို႔ ဘက္က အျပန္အလွန္ စစ္ေမးတဲ့ အခါမွာ ေဆးစာ ေပ်ာက္သြားတဲ့ အတြက္ မိတၱဴစာ ေလွ်ာက္ခဲ့တယ္ဆိုတဲ့ အေျခအေန တစ္ခု ကို ဆရာဝန္မႀကီး ထြက္ဆိုသြားတာ တစ္ခု ရွိတယ္။

 ေနာက္တခု ကေတာ့ ပလိပ္ျပားေပါ့ ။ အဲ့ဒါကို CID ကေန အျခား rape case ေတြမွာ သိမ္းခဲ့တာ မရွိဘူး။ ဒါေပမယ့္ ဒီအမႈမွာ ေတာ့ သိမ္းသြားတာမ်ိဳးရွိတယ္ေပါ့။ အဲ့ဒါ ထြက္သြားတာေပါ့။ ထူးျခားတဲ့ ဟာ ဆရာဝန္ကို စစ္သြားတဲ့ အခါ မွာ ေဒၚစုဒါလီေအာင္တို႔ဘက္ က အျပန္အလွန္စစ္ေမးတဲ့ အခါမွာ ထြက္သြားတာရွိတယ္။ ေနာက္ၿပီးေတာ့ ကေလး ေလး က HIV ေဆးေပးရတယ္ေပါ့ေနာ္။ ကေလး အထူးကုေဆး႐ုံမွာလည္း ေဆးအြန္သြားတာေတြရွိတယ္ဆိုတာ အဲ့ဒါေလးေတြေတာ့ ထြက္ဆို သြားပါတယ္ ”ဟုလည္းေျပာၾကားခဲ့ပါတယ္။

ယေန႔စစ္ေဆးခ်က္အရပထမပိုင္းတြင္မႈခင္းဆရာဝန္အားစစ္ေဆးခဲ့ၿပီးဒုတိယအပိုင္းတြင္ေဒၚဥမၼာလႈိင္အားစစ္ေမးခဲ့ေသာ္လည္းစစ္ေမးမႈမၿပီးျပတ္သည့္အတြက္ေနာက္တစ္ပတ္႐ုံးခ်ိန္းတြင္ေဒၚဥမၼာလႈိင္ႏွင့္အတူဆရာမ(၂)ဦးအား စစ္ေမးသြားမည္ျဖစ္ပါေၾကာင္း၊ေနာက္တစ္ပတ္ ႐ုံးခ်ိန္အားလာမည့္ ဒီဇင္ဘာ(၄)ရက္ သို႔ခ်ိန္းဆိုထားေၾကာင္း၊ ယေန႔ေဒၚဥမၼာလႈိင္၏ စစ္ေမးခ်က္မ်ားတြင္ ထူးျခားသည့္ အခ်က္မ်ားမပါသည့္အတြက္ေျဖဆိုရန္ ခက္ခဲေၾကာင္းထည့္သြင္းေျပာၾကားခဲ့ပါတယ္။

PTG
ေနျပည္ေတာ္၊ႏိုဝင္ဘာ-၂၀