မုံရွာမြို့တွင် မျက်နှာဖုံးစွပ်ဖြင့် လုယက်ခဲ့သည့် လူငယ် (၇) ဦးအား ဖမ်းဆီးရမိ

မုံရွာမြို့တွင် မျက်နှာဖုံးစွပ်ဖြင့် လုယက်ခဲ့သည့် လူငယ် (၇) ဦးအား ဖမ်းဆီးရမိ

မုံရွာမြို့တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့က မျက်နှာဖုံးစွပ်ဖြင့် လုယက်ခဲ့သည့် လူငယ် (၇) ဦးအား ဖမ်းဆီးရမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၆ ရက် ည ၈ နာရီအချိန်ခန့်တွင် ကျော်ဇင်ခန့်(ခ)ဟိန်းထက် (၂၂) နှစ်သည် မသီတာဖြိုးဝေ၊ မဖြူဖြူသင်း တို့နှင့်အတူ ဆိုင်ကယ်ဖြင့်  မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊ ကမ်းနားလမ်းနှင့် ငုရွှေဝါလမ်း ထိပ်သို့ သွားရောက်ခဲ့ပါတယ်။

အဆိုပါ နေရာတွင် ကျော်ဇင်ခန့်(ခ)ဟိန်းထက် နှင့် မသီတာဖြိုးဝေ တို့သည် တမာပင်အောက်တွင် စကားပြောနေပြီး မဖြူဖြူသင်း မှာ မလှမ်းမကမ်း၌ ဆိုင်ကယ်နှင့်အတူ ရှိနေသည့် ည (၉) နာရီအချိန်ခန့်တွင် မျက်နှာဖုံးများ တပ်ဆင်ထားသည့် အမျိုးသား (၇) ဦး ဆိုင်ကယ် (၃) စီးဖြင့် ရောက်ရှိလာပြီး ကျော်ဇင်ခန့်(ခ)ဟိန်းထက် နှင့် မသီတာဖြိုးဝေ တို့ထံမှ ဖုန်း (၃) လုံးနှင့် ငွေ (၄၅၀၀) ကျပ်တို့အား လုယက်ယူဆောင်သွားခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အမည်မသိ အမျိုးသား (၇) ဦးအား ဥပဒေအရ အရေးယူပေးရန် ကျော်ဇင်ခန့်(ခ)ဟိန်းထက် မှ တရားလိုပြုလုပ် တိုင်ကြားခဲ့တဲ့အတွက် မုံရွာ မမစ (ပ) ၁၈၀၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ (ဓားပြမှု) ဖြင့် အမှုဖွင့် စုံစမ်းခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၂ ရက် နံနက် ၀၀း၀၅ အချိန်ခန့်တွင် မုံရွာ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လှည့်ကင်းဆောင်ရွက်နေစဉ် မုံရွာမြို့၊ ဒေါနခြံရပ်ကွက်၊ ကန်ပတ်လမ်းတွင် လူငယ်များ ရန်ဖြစ်နေကြောင်း သတင်းအရ သွားရောက်ထိန်းသိမ်းခဲ့ရာ လူငယ် (၇) ဦးအား ဆိုင်ကယ် ၃ စီးနှင့်အတူ တွေ့ရှိရတဲ့အတွက်  မြို့မရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။

လူငယ် ၇ ဦး နှင့်အတူ တွေ့ရှိသည့် ဆိုင်ကယ် ၃ စီးအနက် MSX အမျိုးအစား ဆိုင်ကယ်မှာ မုံရွာ မြို့မရဲစခန်း (ပ) ၁၈၀၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ အမှုမှ သက်သေ မသီတာဖြိုးဝေ ထွက်ဆိုသည့် ဆိုင်ကယ်နံပါတ်နဲ့ တူညီနေတဲ့အတွက် ရန်ဖြစ်သည့် လူငယ် (၇) ဦးအား ထပ်မံစစ်ဆေးခဲ့ပါတယ်။

ထိုသို့ စစ်ဆေးရာ စည်သူစိုး (၁၇) နှစ်၊ အောင်မျိုးမင်း(ခ)ပါးဖောင်း၊ ၁၆ နှစ်၊ ကျော်ကျော်တိုး(ခ)တိုးတိုး၊ ၁၆ နှစ်၊ မင်းချစ်ဇော်(ခ)ကိုကိုချစ်၊ ၁၇ နှစ်တို့ ဓားပြတိုက် လုယက်မှုတွင် ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆက်လက်စစ်ဆေးရာ ပြည့်ဖြိုးမောင်(ခ)ဒွေးပေါက်စ၊ ၁၈ နှစ်၊ ခိုင်ဇော်ထွန်း၊ ၁၆ နှစ်၊ ကောင်းခန့်ဟိန်း၊ ၁၃ နှစ်တို့လည်း ပါဝင်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

စစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည်ဟုဆိုသော လူငယ် ၃ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် MSX ဆိုင်ကယ် (၁) စီး၊ CZI ဆိုင်ကယ် (၁) စီး၊ ရုပ်ဆိုး 125 ဆိုင်ကယ် (၁) စီးနှင့်အတူ ပြစ်မှုကျူးလွန်စဉ် ယူဆောင်သွားခဲ့သည့် ပစ္စည်းများအနက် SAMSAUNG J 2 ဖုန်း (၁) လုံး၊ MI NOTE 5 ဖုန်း (၁) လုံးနဲ့ ဆင်းကဒ် (၁) ခုတို့ သိမ်းဆည်းရမိခဲ့ပြီး ကျန်သက်သေခံ ပစ္စည်းများ သိမ်းဆည်းရမိရေးအတွက်လည်း ဆက်လက်ဆောင်ရွက်လျှက် ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
မုံရွာ၊ ဒီဇင်ဘာလ - ၁၄

( Zawgyi )

မုံ႐ြာၿမိဳ႕တြင္ ဒီဇင္ဘာလ ၁၂ ရက္ေန႔က မ်က္ႏွာဖုံးစြပ္ျဖင့္ လုယက္ခဲ့သည့္ လူငယ္ (၇) ဦးအား ဖမ္းဆီးရမိခဲ့တယ္လို႔ တိုင္းရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ဒီဇင္ဘာလ ၆ ရက္ ည ၈ နာရီအခ်ိန္ခန႔္တြင္ ေက်ာ္ဇင္ခန႔္(ခ)ဟိန္းထက္ (၂၂) ႏွစ္သည္ မသီတာၿဖိဳးေဝ၊ မျဖဴျဖဴသင္း တို႔ႏွင့္အတူ ဆိုင္ကယ္ျဖင့္  မုံ႐ြာၿမိဳ႕၊ အိုးဘိုေတာင္ရပ္ကြက္၊ ကမ္းနားလမ္းႏွင့္ ငုေ႐ႊဝါလမ္း ထိပ္သို႔ သြားေရာက္ခဲ့ပါတယ္။

အဆိုပါ ေနရာတြင္ ေက်ာ္ဇင္ခန႔္(ခ)ဟိန္းထက္ ႏွင့္ မသီတာၿဖိဳးေဝ တို႔သည္ တမာပင္ေအာက္တြင္ စကားေျပာေနၿပီး မျဖဴျဖဴသင္း မွာ မလွမ္းမကမ္း၌ ဆိုင္ကယ္ႏွင့္အတူ ရွိေနသည့္ ည (၉) နာရီအခ်ိန္ခန႔္တြင္ မ်က္ႏွာဖုံးမ်ား တပ္ဆင္ထားသည့္ အမ်ိဳးသား (၇) ဦး ဆိုင္ကယ္ (၃) စီးျဖင့္ ေရာက္ရွိလာၿပီး ေက်ာ္ဇင္ခန႔္(ခ)ဟိန္းထက္ ႏွင့္ မသီတာၿဖိဳးေဝ တို႔ထံမွ ဖုန္း (၃) လုံးႏွင့္ ေငြ (၄၅၀၀) က်ပ္တို႔အား လုယက္ယူေဆာင္သြားခဲ့ပါတယ္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ အမည္မသိ အမ်ိဳးသား (၇) ဦးအား ဥပေဒအရ အေရးယူေပးရန္ ေက်ာ္ဇင္ခန႔္(ခ)ဟိန္းထက္ မွ တရားလိုျပဳလုပ္ တိုင္ၾကားခဲ့တဲ့အတြက္ မုံ႐ြာ မမစ (ပ) ၁၈၀၅/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၉၅ (ဓားျပမႈ) ျဖင့္ အမႈဖြင့္ စုံစမ္းခဲ့ပါတယ္။

ဒီဇင္ဘာလ ၁၂ ရက္ နံနက္ ၀၀း၀၅ အခ်ိန္ခန႔္တြင္ မုံ႐ြာ ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ လွည့္ကင္းေဆာင္႐ြက္ေနစဥ္ မုံ႐ြာၿမိဳ႕၊ ေဒါနၿခံရပ္ကြက္၊ ကန္ပတ္လမ္းတြင္ လူငယ္မ်ား ရန္ျဖစ္ေနေၾကာင္း သတင္းအရ သြားေရာက္ထိန္းသိမ္းခဲ့ရာ လူငယ္ (၇) ဦးအား ဆိုင္ကယ္ ၃ စီးႏွင့္အတူ ေတြ႕ရွိရတဲ့အတြက္  ၿမိဳ႕မရဲစခန္းသို႔ ေခၚယူစစ္ေဆးခဲ့ပါတယ္။

လူငယ္ ၇ ဦး ႏွင့္အတူ ေတြ႕ရွိသည့္ ဆိုင္ကယ္ ၃ စီးအနက္ MSX အမ်ိဳးအစား ဆိုင္ကယ္မွာ မုံ႐ြာ ၿမိဳ႕မရဲစခန္း (ပ) ၁၈၀၅/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၉၅ အမႈမွ သက္ေသ မသီတာၿဖိဳးေဝ ထြက္ဆိုသည့္ ဆိုင္ကယ္နံပါတ္နဲ႔ တူညီေနတဲ့အတြက္ ရန္ျဖစ္သည့္ လူငယ္ (၇) ဦးအား ထပ္မံစစ္ေဆးခဲ့ပါတယ္။

ထိုသို႔ စစ္ေဆးရာ စည္သူစိုး (၁၇) ႏွစ္၊ ေအာင္မ်ိဳးမင္း(ခ)ပါးေဖာင္း၊ ၁၆ ႏွစ္၊ ေက်ာ္ေက်ာ္တိုး(ခ)တိုးတိုး၊ ၁၆ ႏွစ္၊ မင္းခ်စ္ေဇာ္(ခ)ကိုကိုခ်စ္၊ ၁၇ ႏွစ္တို႔ ဓားျပတိုက္ လုယက္မႈတြင္ ပါဝင္ေၾကာင္း စစ္ေဆးေတြ႕ရွိရၿပီး ဆက္လက္စစ္ေဆးရာ ျပည့္ၿဖိဳးေမာင္(ခ)ေဒြးေပါက္စ၊ ၁၈ ႏွစ္၊ ခိုင္ေဇာ္ထြန္း၊ ၁၆ ႏွစ္၊ ေကာင္းခန႔္ဟိန္း၊ ၁၃ ႏွစ္တို႔လည္း ပါဝင္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ပါတယ္။

စစ္ေဆးေပၚေပါက္ခ်က္အရ ျပစ္မႈက်ဴးလြန္ရာတြင္ ပါဝင္သည္ဟုဆိုေသာ လူငယ္ ၃ ဦးအား ထပ္မံဖမ္းဆီးရမိခဲ့ပါတယ္။

ျပစ္မႈက်ဴးလြန္ရာတြင္ အသုံးျပဳခဲ့သည့္ MSX ဆိုင္ကယ္ (၁) စီး၊ CZI ဆိုင္ကယ္ (၁) စီး၊ ႐ုပ္ဆိုး 125 ဆိုင္ကယ္ (၁) စီးႏွင့္အတူ ျပစ္မႈက်ဴးလြန္စဥ္ ယူေဆာင္သြားခဲ့သည့္ ပစၥည္းမ်ားအနက္ SAMSAUNG J 2 ဖုန္း (၁) လုံး၊ MI NOTE 5 ဖုန္း (၁) လုံးနဲ႔ ဆင္းကဒ္ (၁) ခုတို႔ သိမ္းဆည္းရမိခဲ့ၿပီး က်န္သက္ေသခံ ပစၥည္းမ်ား သိမ္းဆည္းရမိေရးအတြက္လည္း ဆက္လက္ေဆာင္႐ြက္လွ်က္ ရွိတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
မုံ႐ြာ၊ ဒီဇင္ဘာလ - ၁၄