မူဆယ်တွင် ဓါတုဆေးရည် ၃၂ဝဝ လီတာခန့် သိမ်းဆည်းရမိမှုအား အမှုဖွင့်စုံစမ်းနေ

မူဆယ်တွင် ဓါတုဆေးရည် ၃၂ဝဝ လီတာခန့် သိမ်းဆည်းရမိမှုအား အမှုဖွင့်စုံစမ်းနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ တိန်းလုံကျေးရွာ၊ ကူးတို့ဆိပ်လမ်းဘေးဝါးရုံတောအတွင်းကနေ ပလတ်စတစ်ပုံးပေါင်း ၂ဝဝ နဲ့ ထည့်ထားတဲ့ ဓါတုဆေးရည် ၃၂ဝဝ လီတာခန့်ကို ပူးပေါင်းရဲတပ်ဖွဲ့က သိမ်း ဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ  သိရပါတယ်။

ဒီ ဓာတုဆေးရည်တွေကို သြဂုတ်လ ၇ ရက်၊ မနက် ၁၁ နာရီလောက်မှာ မူးယစ်တပ်ဖွဲ့စု (၂၂) မူဆယ်မှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က တွေ့ရှိ သိမ်းဆည်းရမိခဲ့တာဖြစ်ကြောင်း ပြည်ထဲရေးက သြဂုတ်လ ၈ ရက်နေ့ မွန်းလွဲပိုင်းမှာ သတင်းထုတ်ပြန်ထားတာပါ။လက်ရှိ မှာ ဓါတုဆေးရည်တွေအမျိုးအမည်နဲ့ ပိုင်ရှင်ကိုတော့ စိစစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

အခုလို ဓါတုဆေးရည် လီတာထောင်နဲ့ချီ သိမ်းဆည်းရမိခဲ့တာနဲ့ ပတ်သက်ပြီး ပိုင်ရှင်(စိစစ်ဆဲ)ကိုတော့ ရဲတပ်ဖွဲ့က မူးဆယ်မြို့မရဲစခန်းမှာ မယ(ပ)၆၈၄/၂၀၁၉၊ ဓါတုပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ် ရေးဥပဒေပုဒ်မ ၃၇/၃၈ နဲ့ အမှုဖွင့် စုံစမ်းနေကြောင်း သိရပါတယ်။

ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ သြဂုတ် ၈
ဓာတ်ပုံ- ပြည်ထဲရေး

(  Zawgyi  )

 ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕နယ္၊ တိန္းလုံေက်း႐ြာ၊ ကူးတို႔ဆိပ္လမ္းေဘးဝါး႐ုံေတာအတြင္းကေန ပလတ္စတစ္ပုံးေပါင္း ၂ဝဝ နဲ႔ ထည့္ထားတဲ့ ဓါတုေဆးရည္ ၃၂ဝဝ လီတာခန႔္ကို ပူးေပါင္းရဲတပ္ဖြဲ႕က သိမ္း ဆည္းရမိခဲ့တယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္အရ  သိရပါတယ္။

ဒီ ဓာတုေဆးရည္ေတြကို ၾသဂုတ္လ ၇ ရက္၊ မနက္ ၁၁ နာရီေလာက္မွာ မူးယစ္တပ္ဖြဲ႕စု (၂၂) မူဆယ္မွ တပ္ဖြဲ႕ဝင္ေတြပါဝင္တဲ့ ပူးေပါင္းအဖြဲ႕က ေတြ႕ရွိ သိမ္းဆည္းရမိခဲ့တာျဖစ္ေၾကာင္း ျပည္ထဲေရးက ၾသဂုတ္လ ၈ ရက္ေန႔ မြန္းလြဲပိုင္းမွာ သတင္းထုတ္ျပန္ထားတာပါ။လက္ရွိ မွာ ဓါတုေဆးရည္ေတြအမ်ိဳးအမည္နဲ႔ ပိုင္ရွင္ကိုေတာ့ စိစစ္ေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

အခုလို ဓါတုေဆးရည္ လီတာေထာင္နဲ႔ခ်ီ သိမ္းဆည္းရမိခဲ့တာနဲ႔ ပတ္သက္ၿပီး ပိုင္ရွင္(စိစစ္ဆဲ)ကိုေတာ့ ရဲတပ္ဖြဲ႕က မူးဆယ္ၿမိဳ႕မရဲစခန္းမွာ မယ(ပ)၆၈၄/၂၀၁၉၊ ဓါတုပစၥည္းနဲ႔ ဆက္စပ္ပစၥည္းမ်ားအႏၲရာယ္မွ တားဆီးကာကြယ္ ေရးဥပေဒပုဒ္မ ၃၇/၃၈ နဲ႔ အမႈဖြင့္ စုံစမ္းေနေၾကာင္း သိရပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ ၾသဂုတ္ ၈
ဓာတ္ပုံ- ျပည္ထဲေရး