မူဆယ်၊လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်း ၄ ခုမှ တရုတ်နှင့် ကုန်သွယ်မှု ကန်ဒေါ်လာ ငါးဘီလျံကျော် ရှိလာ

မူဆယ်၊လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်း ၄ ခုမှ တရုတ်နှင့် ကုန်သွယ်မှု ကန်ဒေါ်လာ ငါးဘီလျံကျော် ရှိလာ

မူဆယ်၊လွယ်ဂျယ်၊ချင်းရွှေဟော်၊ကန်ပိုက်တီးစသည့် နယ်စပ်ကုန် သွယ်ရေးစခန်းလေးခုမှ တစ်ဆင့် ယခုဘဏ္ဍာနှစ် ဆယ်လကျော်ကာလတွင်း ကုန်သွယ်မှုမှာကန်ဒေါ်လာ ၅၁၂၈ ဒသမ ၇၁၇ သန်းရှိပြီး ကုန်သွယ် ရေး ဦးစီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရပါတယ်။

“ ဒီဘက်နှစ်ကတော့ လုပ်စားကိုင်စားမလွယ်တဲ့ နှစ်ပါဘဲ။ အခြေအနေက အမျိုးမျိုးပြောင်းနေသလို လမ်းလုံခြုံရေးကလည်း သိတဲ့ အတိုင်းဘဲ။ ဒီဘက်က တင်သွားတဲ့ ကုန်ဟိုရောက်ရင် အဆင်မပြေတာ တွေ ကလည်း ခဏခဏဆိုတော့ ကုန်သမားတွေ ငြီးကြတဲ့နှစ်တွေပါဘဲ။ ကျွန်တော် တို့ ကားသမားတွေအဖို့ ခဏခဏ ကုန်မရတာတွေ ဖြစ်တယ်။ဆန်က အဓိကကုန်ရတာ။ အခုက ရေထွက်ကုန်ဘက်ကိုလှည့်နေရတယ်”လို့ ကုန်ပို့ ဆောင်ရေးလုပ်ကိုင်သူတစ်ဦးက ဆိုပါတယ်။

၂၀၁၉ ခုနှစ် ဇူလိုင် ၁၃ ရက်မှ သြဂုတ် ၂ ရက်အထိ ကုန်သွယ်မှု အထိဆယ်လကျော် ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်း ၄ ခုမှ တရုတ်ဘက်သို့ ကန်ဒေါ်လာ ၂၁၆ ဒသမ ၅၄၄ သန်းတင်ပို့ခဲ့ပြီး တရုတ် ဘက်မှ ကန်ဒေါ်လာ ၁၁၅ ဒသမ ၆၁၆ သန်းပြန်လည် တင်သွင်း ခဲ့ကြောင်း သိရပါတယ်။

၂၀၁၈ခုနှစ် အောက်တိုဘာ မှ ၂၀၁၉ သြဂုတ် ၂  ရက် အထိ ဆယ်လကျော်ကာလအတွင်း မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်  ကန်ဒေါ်လာ၂၇၃၉ ဒသမ ၄၅၃ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ၁၄၉၉ ဒသမ ၀၉၄  သန်း၊ ကန်ပိုက်တီစခန်းမှ ပို့ကုန်  ကန်ဒေါ်လာ၂၅၃ ဒသမ ၂၇၀ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ၂၇ ဒသမ ၀၉၁ သန်း၊ချင်းရွှေဟော်စခန်းမှ ပို့ကုန်  ကန်ဒေါ်လာ၄၀၉ ဒသမ၄၉၃သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ၆၇ ဒသမ၇၃၁ သန်း၊ လွယ်ဂျယ်စခန်း မှ ပို့ကုန်  ကန်ဒေါ်လာ၁၂၀ဒသမ၂၉၀ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၁၆ ဒသမ၂၉၅ သန်း ရောင်းဝယ်ခဲရာ စုစုပေါင်းကုန်သွယ်မှု ကန်ဒေါ်လာ၅၁၂၈ ဒသမ၇၁၇ သန်းဖိုးကုန်သွယ်ခဲ့ကြောင်းသိရပါတယ်။

ဆယ်လကျော်ကာလအတွင်း တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း ၄ ခုမှာပို့ကုန် ကန်ဒေါ် လာ ၃၅၂၁ ဒသမ၅၀၆ သန်း တင်ပို့ခဲ့ကာ သွင်းကုန် ၁၆၀၇ ဒသမ ၂၁၁ သန်းပြန်လည်တင်သွင်းခဲ့သဖြင့် ကုန်သွယ်ရေးပိုငွေ ၁၉၁၄ ဒသမ ၂၉၅သန်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဆယ်လကျော်ကာလအတွင်းတရုတ်နှင့်ထိစပ်နေသည့် နယ်စပ်ကုန် သွယ်ရေး စခန်း ၄ ခုမှ ကုန်သွယ်ခဲ့ရာတွင် ယခင်ကာလတူ ဘဏ္ဍနှစ်ထက် ကုန်သွယ်မူကန်ဒေါ်လာ ၆၀၂၄ ဒသမ၂၈ သန်းထက် သန်းကိုးရာနီးပါး ( ၈၉၅ ဒသမ၅၆၄သန်း) လျော့နည်း ခဲ့ကြောင်းသိရပါတယ်။

PWA
ရန်ကုန်၊ သြဂုတ် ၁၅

(  Zawgyi  )

 မူဆယ္၊လြယ္ဂ်ယ္၊ခ်င္းေ႐ႊေဟာ္၊ကန္ပိုက္တီးစသည့္ နယ္စပ္ကုန္ သြယ္ေရးစခန္းေလးခုမွ တစ္ဆင့္ ယခုဘ႑ာႏွစ္ ဆယ္လေက်ာ္ကာလတြင္း ကုန္သြယ္မႈမွာကန္ေဒၚလာ ၅၁၂၈ ဒသမ ၇၁၇ သန္းရွိၿပီး ကုန္သြယ္ ေရး ဦးစီးဌာနမွ ထုတ္ျပန္သည့္ အခ်က္အလက္မ်ားအရ သိရပါတယ္။

“ ဒီဘက္ႏွစ္ကေတာ့ လုပ္စားကိုင္စားမလြယ္တဲ့ ႏွစ္ပါဘဲ။ အေျခအေနက အမ်ိဳးမ်ိဳးေျပာင္းေနသလို လမ္းလုံၿခဳံေရးကလည္း သိတဲ့ အတိုင္းဘဲ။ ဒီဘက္က တင္သြားတဲ့ ကုန္ဟိုေရာက္ရင္ အဆင္မေျပတာ ေတြ ကလည္း ခဏခဏဆိုေတာ့ ကုန္သမားေတြ ၿငီးၾကတဲ့ႏွစ္ေတြပါဘဲ။ ကြၽန္ေတာ္ တို႔ ကားသမားေတြအဖို႔ ခဏခဏ ကုန္မရတာေတြ ျဖစ္တယ္။ဆန္က အဓိကကုန္ရတာ။ အခုက ေရထြက္ကုန္ဘက္ကိုလွည့္ေနရတယ္”လို႔ ကုန္ပို႔ ေဆာင္ေရးလုပ္ကိုင္သူတစ္ဦးက ဆိုပါတယ္။

၂၀၁၉ ခုႏွစ္ ဇူလိုင္ ၁၃ ရက္မွ ၾသဂုတ္ ၂ ရက္အထိ ကုန္သြယ္မႈ အထိဆယ္လေက်ာ္ ကာလအတြင္း နယ္စပ္ကုန္သြယ္ေရးစခန္း ၄ ခုမွ တ႐ုတ္ဘက္သို႔ ကန္ေဒၚလာ ၂၁၆ ဒသမ ၅၄၄ သန္းတင္ပို႔ခဲ့ၿပီး တ႐ုတ္ ဘက္မွ ကန္ေဒၚလာ ၁၁၅ ဒသမ ၆၁၆ သန္းျပန္လည္ တင္သြင္း ခဲ့ေၾကာင္း သိရပါတယ္။

၂၀၁၈ခုႏွစ္ ေအာက္တိုဘာ မွ ၂၀၁၉ ၾသဂုတ္ ၂  ရက္ အထိ ဆယ္လေက်ာ္ကာလအတြင္း မူဆယ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ ပို႔ကုန္  ကန္ေဒၚလာ၂၇၃၉ ဒသမ ၄၅၃ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ၁၄၉၉ ဒသမ ၀၉၄  သန္း၊ ကန္ပိုက္တီစခန္းမွ ပို႔ကုန္  ကန္ေဒၚလာ၂၅၃ ဒသမ ၂၇၀ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ၂၇ ဒသမ ၀၉၁ သန္း၊ခ်င္းေ႐ႊေဟာ္စခန္းမွ ပို႔ကုန္  ကန္ေဒၚလာ၄၀၉ ဒသမ၄၉၃သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ၆၇ ဒသမ၇၃၁ သန္း၊ လြယ္ဂ်ယ္စခန္း မွ ပို႔ကုန္  ကန္ေဒၚလာ၁၂၀ဒသမ၂၉၀ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၁၆ ဒသမ၂၉၅ သန္း ေရာင္းဝယ္ခဲရာ စုစုေပါင္းကုန္သြယ္မႈ ကန္ေဒၚလာ၅၁၂၈ ဒသမ၇၁၇ သန္းဖိုးကုန္သြယ္ခဲ့ေၾကာင္းသိရပါတယ္။

ဆယ္လေက်ာ္ကာလအတြင္း တ႐ုတ္ႏိုင္ငံႏွင့္ နယ္စပ္ကုန္သြယ္ေရးစခန္း ၄ ခုမွာပို႔ကုန္ ကန္ေဒၚ လာ ၃၅၂၁ ဒသမ၅၀၆ သန္း တင္ပို႔ခဲ့ကာ သြင္းကုန္ ၁၆၀၇ ဒသမ ၂၁၁ သန္းျပန္လည္တင္သြင္းခဲ့သျဖင့္ ကုန္သြယ္ေရးပိုေငြ ၁၉၁၄ ဒသမ ၂၉၅သန္း ျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ဆယ္လေက်ာ္ကာလအတြင္းတ႐ုတ္ႏွင့္ထိစပ္ေနသည့္ နယ္စပ္ကုန္ သြယ္ေရး စခန္း ၄ ခုမွ ကုန္သြယ္ခဲ့ရာတြင္ ယခင္ကာလတူ ဘ႑ႏွစ္ထက္ ကုန္သြယ္မူကန္ေဒၚလာ ၆၀၂၄ ဒသမ၂၈ သန္းထက္ သန္းကိုးရာနီးပါး ( ၈၉၅ ဒသမ၅၆၄သန္း) ေလ်ာ့နည္း ခဲ့ေၾကာင္းသိရပါတယ္။

PWA
ရန္ကုန္၊ ၾသဂုတ္ ၁၅