မေလအတွင်း နိုင်ငံပေါင်း ခုနှစ်နိုင်ငံမှ လာရောက်ရင်းနှီးမြုပ်နှံခဲ့ရာ တရုတ်နှင့် စင်ကာပူ အများဆုံးလာရောက်ရင်းနှီးမြုပ်နှံ

မေလအတွင်း နိုင်ငံပေါင်း ခုနှစ်နိုင်ငံမှ လာရောက်ရင်းနှီးမြုပ်နှံခဲ့ရာ တရုတ်နှင့် စင်ကာပူ အများဆုံးလာရောက်ရင်းနှီးမြုပ်နှံ

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က မေလအတွက် ထုတ်ပြန်တဲ့ Yearly Approved amount of Foreign investment (By Country) စာရင်းအရ  ပြီးခဲ့သည့် မေလအတွင်း နိုင်ငံပေါင်း ၁၇ နိုင်ငံမှာ မြန်မာနိုင်ငံသို့ ကန်ဒေါ်လာ ၈၆ ဒသမ ၁၂၈ သန်း လာရောက်ရင်းနှီးမြုပ်နှံခဲ့ရာမှာ တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံက အများဆုံး လာရောက်ရင်းနှီးမြုပ်နှံခဲ့တယ်လို့ သိရပါတယ်။

ယခုထုတ်ပြန်သည့် အချက်အလက် စာရင်းများအရ မေလအတွင်း တရုတ်နိုင်ငံမှ ကန်ဒေါ်လာ ၂၇ ဒသမ ၅၈၈  သန်း၊ ဟောင်ကောင်မှ ကန်ဒေါ်လာ ၆ ဒသမ ၁၃၈ သန်း၊ ဂျပန်နိုင်ငံမှ ကန်ဒေါ်လာ ၈ ဒသမ  ၆ သန်း၊ တောင်ကိုရီးယားနိုင်ငံမှ ကန်ဒေါ်လာ ၂ ဒသမ ၄၁၉ သန်း၊ စင်ကာပူနိုင်ငံမှ ကန်ဒေါ်လာ ၂၈  ဒသမ  ၆၂ သန်း၊ ထိုင်ဝမ်မှ ကန်ဒေါ်လာ ၇ ဒသမ ၇ သန်း၊ ဆေးရှဲလ်ကျွန်းစုနိုင်ငံမှ ကန်ဒေါ်လာ ၁ ဒသမ ၅၇၃ သန်း အသီးသီးလာရောက်ရင်းနှီးမြုပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့သည့် ဧပြီလက မြန်မာနိုင်ငံသို့ နိုင်ငံပေါင်း ၁၀ နိုင်ငံမှ အမေရိကန်ဒေါ်လာ ၅၄၅ ဒသမ ၆၈၃ သန်း လာရောက်ရင်းနှီးမြုပ်နှံခဲ့ပြီး မေလတွင် နိုင်ငံပေါင်း ၇ နိုင်ငံမှ ကန်ဒေါ်လာ ၈၆ ဒသမ ၁၂၈ သန်းသာ လာရောက်ရင်းနှီးမြုပ်နှံခဲ့သဖြင် မေလအတွင်း နိုင်ငံနှင့် ရင်းနှီးမြုပ်နှံမှုပမာဏပါ ထိုးကျခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြုပ်နှံ လုပ်ကိုင်သည့် နိုင်ငံပေါင်း ၄၉ နိုင်ငံအထိရှိရာ စုစုပေါင်း ရင်းနှီးမြုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၈၀၂၃၄ ဒသမ ၄၁၇ သန်း (ဘီလျံ ၈၀ ကျော်) ရှိပြီး စင်ကာပူ၊ တရုတ်၊ ထိုင်းနှင့် ဟောင်ကောင်တို့က အစဉ်လိုက် အများဆုံးရင်းနှီးမြုပ်နှံထားပါတယ်။

တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြုပ်နှံမှုမှာ ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကန်ဒေါ်လာ ၁၃၉၅ ဒသမ ၂၁၉ သန်းထိ လာရောက်ရင်းနှီးမြုပ်နှံခဲ့သော်လည်း ၂၀၁၈ ကာလတိုနှင့် ယခုဘဏ္ဍာနှစ် ဧပြီလအထိ စုစုပေါင်း ကန်ဒေါ်လာ ၆၂၇ သန်းကျော်သာ ရှိသဖြင့် သိသိသာသာထိုးကျခဲ့ကာ အများဆုံး လာရောက်ရင်းနှီးမြုပ်နှံသည့် စင်ကာပူနိုင်ငံမှာ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ၂၁၆၃ ဒသမ ၉၆၃ သန်း လာရောက်ရင်းနှီးမြုပ်နှံခဲ့ပြီး ၂၀၁၈ ကာလတိုနှင့် ယခုဘဏ္ဍာနှစ် ဧပြီလအထိ ကန်ဒေါ်လာ ၂၃၂၄ သန်းကျော်ထိ လာရောက်ရင်းနှီးမြုပ်နှံခဲ့သဖြင့် ယခင်ဘဏ္ဍာနှစ်ထက် သန်း ၁၅၀ နီးပါး ပိုမိုရင်းနှီးမြုပ်နှံခဲ့ကြောင်း သိရပါတယ်။

PWA
ရန်ကုန်၊ ဇွန် - ၂၆

( Zawgyi )

ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ၫႊန္ၾကားမႈဦးစီးဌာန (DICA) က ေမလအတြက္ ထုတ္ျပန္တဲ့ Yearly Approved amount of Foreign investment (By Country) စာရင္းအရ  ၿပီးခဲ့သည့္ ေမလအတြင္း ႏိုင္ငံေပါင္း ၁၇ ႏိုင္ငံမွာ ျမန္မာႏိုင္ငံသို႔ ကန္ေဒၚလာ ၈၆ ဒသမ ၁၂၈ သန္း လာေရာက္ရင္းႏွီးျမဳပ္ႏွံခဲ့ရာမွာ တ႐ုတ္ႏိုင္ငံႏွင့္ စင္ကာပူႏိုင္ငံက အမ်ားဆုံး လာေရာက္ရင္းႏွီးျမဳပ္ႏွံခဲ့တယ္လို႔ သိရပါတယ္။

ယခုထုတ္ျပန္သည့္ အခ်က္အလက္ စာရင္းမ်ားအရ ေမလအတြင္း တ႐ုတ္ႏိုင္ငံမွ ကန္ေဒၚလာ ၂၇ ဒသမ ၅၈၈  သန္း၊ ေဟာင္ေကာင္မွ ကန္ေဒၚလာ ၆ ဒသမ ၁၃၈ သန္း၊ ဂ်ပန္ႏိုင္ငံမွ ကန္ေဒၚလာ ၈ ဒသမ  ၆ သန္း၊ ေတာင္ကိုရီးယားႏိုင္ငံမွ ကန္ေဒၚလာ ၂ ဒသမ ၄၁၉ သန္း၊ စင္ကာပူႏိုင္ငံမွ ကန္ေဒၚလာ ၂၈  ဒသမ  ၆၂ သန္း၊ ထိုင္ဝမ္မွ ကန္ေဒၚလာ ၇ ဒသမ ၇ သန္း၊ ေဆးရွဲလ္ကြၽန္းစုႏိုင္ငံမွ ကန္ေဒၚလာ ၁ ဒသမ ၅၇၃ သန္း အသီးသီးလာေရာက္ရင္းႏွီးျမဳပ္ႏွံခဲ့တယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့သည့္ ဧၿပီလက ျမန္မာႏိုင္ငံသို႔ ႏိုင္ငံေပါင္း ၁၀ ႏိုင္ငံမွ အေမရိကန္ေဒၚလာ ၅၄၅ ဒသမ ၆၈၃ သန္း လာေရာက္ရင္းႏွီးျမဳပ္ႏွံခဲ့ၿပီး ေမလတြင္ ႏိုင္ငံေပါင္း ၇ ႏိုင္ငံမွ ကန္ေဒၚလာ ၈၆ ဒသမ ၁၂၈ သန္းသာ လာေရာက္ရင္းႏွီးျမဳပ္ႏွံခဲ့သျဖင္ ေမလအတြင္း ႏိုင္ငံႏွင့္ ရင္းႏွီးျမဳပ္ႏွံမႈပမာဏပါ ထိုးက်ခဲ့ေၾကာင္း သိရပါတယ္။

ျမန္မာႏိုင္ငံအတြင္း လာေရာက္ရင္းႏွီးျမဳပ္ႏွံ လုပ္ကိုင္သည့္ ႏိုင္ငံေပါင္း ၄၉ ႏိုင္ငံအထိရွိရာ စုစုေပါင္း ရင္းႏွီးျမဳပ္ႏွံမႈပမာဏမွာ အေမရိကန္ေဒၚလာ ၈၀၂၃၄ ဒသမ ၄၁၇ သန္း (ဘီလ်ံ ၈၀ ေက်ာ္) ရွိၿပီး စင္ကာပူ၊ တ႐ုတ္၊ ထိုင္းႏွင့္ ေဟာင္ေကာင္တို႔က အစဥ္လိုက္ အမ်ားဆုံးရင္းႏွီးျမဳပ္ႏွံထားပါတယ္။

တ႐ုတ္ႏိုင္ငံမွ လာေရာက္ရင္းႏွီးျမဳပ္ႏွံမႈမွာ ၿပီးခဲ့သည့္ ၂၀၁၇-၂၀၁၈ ခုႏွစ္တြင္ ကန္ေဒၚလာ ၁၃၉၅ ဒသမ ၂၁၉ သန္းထိ လာေရာက္ရင္းႏွီးျမဳပ္ႏွံခဲ့ေသာ္လည္း ၂၀၁၈ ကာလတိုႏွင့္ ယခုဘ႑ာႏွစ္ ဧၿပီလအထိ စုစုေပါင္း ကန္ေဒၚလာ ၆၂၇ သန္းေက်ာ္သာ ရွိသျဖင့္ သိသိသာသာထိုးက်ခဲ့ကာ အမ်ားဆုံး လာေရာက္ရင္းႏွီးျမဳပ္ႏွံသည့္ စင္ကာပူႏိုင္ငံမွာ ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္တြင္ ၂၁၆၃ ဒသမ ၉၆၃ သန္း လာေရာက္ရင္းႏွီးျမဳပ္ႏွံခဲ့ၿပီး ၂၀၁၈ ကာလတိုႏွင့္ ယခုဘ႑ာႏွစ္ ဧၿပီလအထိ ကန္ေဒၚလာ ၂၃၂၄ သန္းေက်ာ္ထိ လာေရာက္ရင္းႏွီးျမဳပ္ႏွံခဲ့သျဖင့္ ယခင္ဘ႑ာႏွစ္ထက္ သန္း ၁၅၀ နီးပါး ပိုမိုရင္းႏွီးျမဳပ္ႏွံခဲ့ေၾကာင္း သိရပါတယ္။

PWA
ရန္ကုန္၊ ဇြန္ - ၂၆