မျိုးကောင်းမျိုးသန့် ပေါ်ထွန်းလာစေရန်ရည်ရွယ်ပြီး မန္တလေးတွင် မြန်မာနွားသိုးအလှ နို့စားနွားနှင့်ဆိတ်ပြပွဲပြိုင်ပွဲ ကျင်းပ၊

မျိုးကောင်းမျိုးသန့် ပေါ်ထွန်းလာစေရန်ရည်ရွယ်ပြီး မန္တလေးတွင် မြန်မာနွားသိုးအလှ နို့စားနွားနှင့်ဆိတ်ပြပွဲပြိုင်ပွဲ ကျင်းပ၊

နွားမျိုးကောင်းမျိုးသန့်နဲ့ဆိတ်မျိုးကောင်းမျိုးသန့်တွေ ဒေသအတွင်းမှာစဉ်ဆက်မပြတ်ပေါ်ထွန်းလာစေဖို့အတွက်ရည်ရွယ်တဲ့ မြန်မာနွားသိုး အလှ၊ နို့စားနွားများနှင့်ဆိတ်ပြပွဲပြိုင်ပွဲကြီးကို မန္တလေးမြို့မှာ ဒီကနေ့မနက်ပိုင်းကစလို့ကျင်းပပြုလုပ်နေပါတယ်။ မန္တလေး ပြည်ကြီးတံခွန်မြို့နယ် မန္တလေးတိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးဝင်းအတွင်း တိုင်းဒေသကြီးအဆင့်ကျင်းပ ပြုလုပ်နေတာပဲဖြစ်ပြီး မွေးမြူရေးလုပ်ငန်း တွေဖွံ့ဖြိုးတိုးတက်မှုအတွက်အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ချက်လည်းရှိတယ်လို့သိရပါ တယ်။

"ဒေသတွင်းမှာရှိတဲ့မျိုးကောင်းမျိုးသန့်တွေပေါ်ထွက်လာစေဖို့နဲ့ ထွက်ပေါ်လာတဲ့မျိုးကောင်းမျိုးသန့်တွေကို ဆက်လက် မျိုးပြန့်ပွားစေရေး အတွက်ထိန်းသိမ်းထားနိုင်ဖို့၊ ဒီလိုပြိုင်ပွဲကျင်းပခြင်းအားဖြင့် မွေးမြူရေးပညာဗဟုသုတတွေရရှိစေမယ်ပေါ့ဗျာ၊ နောက်တစ်ခုက မွေးမြူရေး သမားအချင်းချင်းချိတ်ဆက်ဆောင်ရွက်နိုင်ဖို့အတွက်လည်း စီစဉ်ပေးတာပါ" လို့ မန္တလေးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးဒေါက်တာမောင်မောင်ကပြောပါတယ်။

မြန်မာနိုင်ငံမှာ နွားနဲ့ဆိတ်မျိုးကောင်းမျိုးသန့်ပေါ်ထွန်းလာပြီး မွေးမြူရေးလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်မှုအထောက်အကူဖြစ်စေဖို့အတွက် ရည်ရွယ်ကျင်းပပြုလုပ်တဲ့ ဒီပြပွဲနဲ့ပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက တိုင်းဒေသကြီးအဆင့်နဲ့စီစဉ်ကျင်းပပြုလုပ်တာဖြစ်တယ်လို့လည်းသိရပြီး ဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီးဒေါက်တာစိုးသန်းနဲ့ တာဝန်ရှိသူတွေက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့တာပါ။

ဒီပြပွဲနဲ့ပြိုင်ပွဲကိုတော့ ဒီကနေ့ဖေဖော်ဝါရီလ ၁၁ ရက်နေ့နဲ့ မနက်ဖြန်ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နှစ်ရက်ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး မနက် ဖြန်မှာ ဆုပေးပွဲလည်းတစ်ခါတည်းကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။"လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ လောက်ကတော့ ဒေသအတွင်းမှာ နွားနဲ့ဆိတ်မျိုးကောင်းမျိုးသန့်တွေအများအပြားရှိခဲ့ပြီး ထိန်းသိမ်းနိုင်မှုအားနည်း လာတာနဲ့အမျှ မျိုးကောင်း မျိုးသန့်တွေပျောက်ကွယ်သွားကုန်လို့ အခုလိုပြပွဲပြိုင်ပွဲတွေကနေ ပြန်လည်ဖော်ထုတ်ရတာဖြစ်တယ်" လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီးဒေါက်တာစိုးသန်းကပြောပါတယ်။

နှစ်ရက်တာကျင်းပပြုလုပ်သွားမယ့်ပြပွဲနဲ့ပြိုင်ပွဲမှာ ဒေသတွင်းမြို့နယ်အသီးသီးက မြန်မာ့နွားသိုး ၅၁ ကောင်၊ နို့စားနွား ၃၇ ကောင်နဲ့ ဆိတ်ထီးဆိတ်မ ၆၃ ကောင် ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့သိရပါတယ်။

KT                                                               
မန္တလေး ၊ ဖေဖော်ဝါရီ ၁၁

(  Zawgyi  )

 ႏြားမ်ိဳးေကာင္းမ်ိဳးသန႔္နဲ႔ဆိတ္မ်ိဳးေကာင္းမ်ိဳးသန႔္ေတြ ေဒသအတြင္းမွာစဥ္ဆက္မျပတ္ေပၚထြန္းလာေစဖို႔အတြက္ရည္႐ြယ္တဲ့ ျမန္မာႏြားသိုး အလွ၊ ႏို႔စားႏြားမ်ားႏွင့္ဆိတ္ျပပြဲၿပိဳင္ပြဲႀကီးကို မႏၲေလးၿမိဳ႕မွာ ဒီကေန႔မနက္ပိုင္းကစလို႔က်င္းပျပဳလုပ္ေနပါတယ္။ မႏၲေလး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ မႏၲေလးတိုင္းေဒသႀကီးေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန႐ုံးဝင္းအတြင္း တိုင္းေဒသႀကီးအဆင့္က်င္းပ ျပဳလုပ္ေနတာပဲျဖစ္ၿပီး ေမြးျမဴေရးလုပ္ငန္း ေတြဖြံ႕ၿဖိဳးတိုးတက္မႈအတြက္အေထာက္အကူျဖစ္ေစဖို႔ ရည္႐ြယ္ခ်က္လည္းရွိတယ္လို႔သိရပါ တယ္။

"ေဒသတြင္းမွာရွိတဲ့မ်ိဳးေကာင္းမ်ိဳးသန႔္ေတြေပၚထြက္လာေစဖို႔နဲ႔ ထြက္ေပၚလာတဲ့မ်ိဳးေကာင္းမ်ိဳးသန႔္ေတြကို ဆက္လက္ မ်ိဳးျပန႔္ပြားေစေရး အတြက္ထိန္းသိမ္းထားႏိုင္ဖို႔၊ ဒီလိုၿပိဳင္ပြဲက်င္းပျခင္းအားျဖင့္ ေမြးျမဴေရးပညာဗဟုသုတေတြရရွိေစမယ္ေပါ့ဗ်ာ၊ ေနာက္တစ္ခုက ေမြးျမဴေရး သမားအခ်င္းခ်င္းခ်ိတ္ဆက္ေဆာင္႐ြက္ႏိုင္ဖို႔အတြက္လည္း စီစဥ္ေပးတာပါ" လို႔ မႏၲေလးတိုင္းေဒသႀကီး ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန တိုင္းေဒသႀကီးဦးစီးမႉးေဒါက္တာေမာင္ေမာင္ကေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ႏြားနဲ႔ဆိတ္မ်ိဳးေကာင္းမ်ိဳးသန႔္ေပၚထြန္းလာၿပီး ေမြးျမဴေရးလုပ္ငန္းေတြဖြံ႕ၿဖိဳးတိုးတက္မႈအေထာက္အကူျဖစ္ေစဖို႔အတြက္ ရည္႐ြယ္က်င္းပျပဳလုပ္တဲ့ ဒီျပပြဲနဲ႔ၿပိဳင္ပြဲကို မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ စိုက္ပ်ိဳးေရးေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနက တိုင္းေဒသႀကီးအဆင့္နဲ႔စီစဥ္က်င္းပျပဳလုပ္တာျဖစ္တယ္လို႔လည္းသိရၿပီး ဖြင့္ပြဲအခမ္းအနားကို မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ စိုက္ပ်ိဳးေရး ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနဝန္ႀကီးေဒါက္တာစိုးသန္းနဲ႔ တာဝန္ရွိသူေတြက ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးခဲ့တာပါ။

ဒီျပပြဲနဲ႔ၿပိဳင္ပြဲကိုေတာ့ ဒီကေန႔ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔နဲ႔ မနက္ျဖန္ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔ ႏွစ္ရက္က်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး မနက္ ျဖန္မွာ ဆုေပးပြဲလည္းတစ္ခါတည္းက်င္းပျပဳလုပ္သြားမွာျဖစ္တယ္လို႔သိရပါတယ္။"လြန္ခဲ့တဲ့ႏွစ္ေပါင္း ၃၀ ေလာက္ကေတာ့ ေဒသအတြင္းမွာ ႏြားနဲ႔ဆိတ္မ်ိဳးေကာင္းမ်ိဳးသန႔္ေတြအမ်ားအျပားရွိခဲ့ၿပီး ထိန္းသိမ္းႏိုင္မႈအားနည္း လာတာနဲ႔အမွ် မ်ိဳးေကာင္း မ်ိဳးသန႔္ေတြေပ်ာက္ကြယ္သြားကုန္လို႔ အခုလိုျပပြဲၿပိဳင္ပြဲေတြကေန ျပန္လည္ေဖာ္ထုတ္ရတာျဖစ္တယ္" လို႔ မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝင္ စိုက္ပ်ိဳးေရး ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနဝန္ႀကီးေဒါက္တာစိုးသန္းကေျပာပါတယ္။

ႏွစ္ရက္တာက်င္းပျပဳလုပ္သြားမယ့္ျပပြဲနဲ႔ၿပိဳင္ပြဲမွာ ေဒသတြင္းၿမိဳ႕နယ္အသီးသီးက ျမန္မာ့ႏြားသိုး ၅၁ ေကာင္၊ ႏို႔စားႏြား ၃၇ ေကာင္နဲ႔ ဆိတ္ထီးဆိတ္မ ၆၃ ေကာင္ ပါဝင္ယွဥ္ၿပိဳင္ၾကမွာျဖစ္တယ္လို႔သိရပါတယ္။

KT                                                               
မႏၲေလး ၊ ေဖေဖာ္ဝါရီ ၁၁